၂၄ အောက်တိုဘာ ၂၀၁၇ - ၁၉:၂၄
ဘဏ္ဍာရေးနှစ်ပြောင်းလဲမှုကို အဆောတလျင်မလုပ်သင့်ကြောင်း တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ANP လွှတ်တော်အမတ်လေးဦးကန့်ကွက်ဆွေးနွေး လွှတ်တော်

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့တင်ပြမှုကို အဆောတလျင်မပြု လုပ်သင့်ဘဲ ပြန်လည်သုံးသပ်သင့် ကြောင်း တပ်မတော်၊ ပြည်ခိုင်ဖြိုး နှင့် ရခိုင်အမျိုးသားပါတီတို့မှ ကိုယ်စားလှယ်များက ပြည် ထောင်စုလွှတ်တော်တွင် ဆွေး နွေးသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့တင်ပြမှုကို အဆောတလျင်မပြု လုပ်သင့်ဘဲ ပြန်လည်သုံးသပ်သင့် ကြောင်း တပ်မတော်၊ ပြည်ခိုင်ဖြိုး နှင့် ရခိုင်အမျိုးသားပါတီတို့မှ ကိုယ်စားလှယ်များက ပြည် ထောင်စုလွှတ်တော်တွင် ဆွေး နွေးသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို လက်ရှိ သတ်မှတ်ထား သည့် ဧပြီ ၁ ရက်မှ နောက်တစ်နှစ် မတ်လ ၃၀ ရက် သတ်မှတ်မှုအ စား အောက်တိုဘာ ၁ ရက်မှ နောက်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ပြင်ဆင်သတ်မှတ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ တင်ပြခဲ့သည်။ အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် အဆိုပါသဝဏ် လွှာကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ပါဝင်ဆွေးနွေးခဲ့သည်။

ကိုယ်စားလှယ် ၁၃ ဦးတွင်ဘဏ္ဍာရေးနှစ် ပြောင်းလဲရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်ရှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်သားကိုယ် စားလှယ်နှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှတစ်ဦးက ကန့်ကွက်ပြီး ရခိုင်အမျိုးသားပါတီမှ နှစ်ဦးတွင် တစ်ဦးက ကန့်ကွက်ပြီး တစ်ဦးက အကြံပြုဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး နှစ် ပြောင်းလဲမှုကို ခြုံငုံကြည်ပါက အားသာချက်အနေဖြင့် ပုဂ္ဂလိက၊ ကန်ထရိုက်ဝယ်ယူရေးအဖွဲ့၊ တင်ဒါအဖွဲ့ စသည့်လုပ်ငန်းရှင်များအ တွက် ဆောက်လုပ်ရေးလုပ်ငန်း များ အဆင်ပြေရန်သာ ဦးစားပေး ထားမှုကို တွေ့ရှိရကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပျော်ဘွယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသောင်းအေးက ပြောသည်။

‘‘နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေခွဲ ဝေသုံးစွဲမှုဟာ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတည်းအတွက် မဟုတ်ဘူးဆိုတာ အားလုံးသိပါ တယ်။ ဒါကြောင့် ဒီအားသာချက် လောက်နဲ့ ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲဖို့မသင့်ဘူးလို့ တင်ပြလိုပါတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ယခုကဲ့သို့ ဘဏ္ဍာ နှစ်ပြောင်းလဲမည့်ကိစ္စသည် နိုင်ငံ တော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူ မှုရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေပြီး အဆောတလျင် အတည်မပြုသင့်ဘဲ ဘက်ပေါင်းစုံမှ ပြန် လည်စဉ်းစားသုံးသပ်ရန် အကြံပြုလိုကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သောင်းထိုက်စိုးက ပြောသည်။

ဧပြီ ၁ ရက်မှ စတင်သည့် ဘဏ္ဍာရေးနှစ်သည် မြန်မာနိုင်ငံ တွင် လက်ရှိအချိန်ထိ ၄၃ နှစ်ကြာ ကျင့်သုံးလာပြီး ဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်း၊ စီမံ ကိန်းရည်မှန်းချက်များနှင့် အခြား သော နယ်ပယ်အသီးသီးတွင် လည်း အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်သည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက် လက်ပြောသည်။

ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲ သတ်မှတ်ပါက ၂၀၁၅ က ရေးဆွဲ ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပါ ဘတ်ဂျက်ရေးဆွဲတင်ပြရသည့် ဇယားများနှင့် ကိုက်ညီမှုမရှိတော့ ခြင်း၊ ချေးငွေယူထားသည့် နိုင်ငံ များနှင့်လည်း ပြန်လည်ညှိနှိုင်းရ ခြင်း၊ ဗဟိုအဖွဲ့အစည်းများ၊ ဝန် ကြီးဌာနများ၊ ရုံးဌာနပေါင်းစုံတို့၏ များပြားလှသည့် လုပ်ငန်းစဉ်များ ကို ပြင်ဆင်ရေးဆွဲရမည်ဖြစ် ကြောင်း ကန့်ကွက်သူ ရခိုင်အမျိုး သားပါတီ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဦးထွန်းမောင် က ထောက်ပြဆွေးနွေးသည်။

‘‘ပြောင်းလဲပြင်ဆင်သတ် မှတ်လိုက်ပါက အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှား၍ အောင် မြင်စွာ ဆောင်ရွက်နိုင်မှာမဟုတ် ဟု ယူဆမိပါ၍ ဘဏ္ဍာရေးနှစ် ပြောင်းလဲမည့်ကိစ္စကို ပြန်လည် စဉ်းစားသင့်ပါကြောင်း ဆွေးနွေးလိုပါတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိ ကျင့်သုံးနေသည့် ဘဏ္ဍာနှစ်သည် ဧပြီမှစတင်ပြီး နောက် ရုံးပိတ်ရက်များရှိပြီး မိုးရာ သီကာလ ပြီးဆုံးချိန်နောက်ပိုင်း အောက်တိုဘာမှ မတ်လထိတွင် တည်ဆောက်ရေးကာလသည် အချိန် ခြောက်လသာရှိခြင်းကြောင့် ဖြည့်စွက်ရန်ပုံငွေ တွက်ချက်ရန် အခက်အခဲရှိခြင်း စသည့်အား နည်းချက်များရှိကာ ပြောင်းလဲမည့် ဘဏ္ဍာနှစ်တွင် ယင်းအချက် များ ပြေလည်နိုင်မည်ဖြစ်ကြောင်း ထောက်ခံဆွေးနွေးသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှိုင်းဘွဲမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးခင် ချိုက ပြောသည်။

‘‘နိုင်ငံတော်က တောင်သူ တွေကို ထုတ်ချေးတဲ့ မိုးရာသီနဲ့ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေး ငွေကာလ ပြန်လည်တောင်းခံရ မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဘဏ္ဍာ နှစ်တစ်နှစ်တွင်း ဆောင်ရွက်လို့ မရနိုင်တဲ့အတွက် ဒါတွေကိုလည်း ကြိုတင်ဆောင်ရွက်သင့်ပါတယ်’’ ဟု ၎င်းက အကြံပြုသည်။

ဘတ်ဂျက်နှစ်ကို ပြောင်းလဲ သတ်မှတ်ပါက အစိုးရအနေဖြင့် ဒုတိယသက်တမ်း ဆက်လက်တာဝန်ယူရပါက အခက်အခဲမရှိနိုင်သော်လည်း အစိုးရသစ်တစ်ခု တက်လာပါက ယခင်အစိုးရရေး ဆွဲအတည်ပြုခဲ့သည့် ဘတ်ဂျက် ကို ပြင်ဆင်ခြင်း၊ ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း ပြုလုပ်လာပါ က လက်ရှိအစိုးရလွှဲပြောင်းစဉ်က ပင် လုပ်ငန်းအကောင်အထည် ဖော်မှု နှောင့်နှေးလာနိုင်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သောင်းစိန်က ထောက်ပြပြောဆိုသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံ ၂၂၇ နိုင်ငံအနက် ယခုပြင်ဆင်သတ်မှတ်လို သည့် ဘဏ္ဍာရေးနှစ် အပိုင်းအခြားကို ကျင့်သုံးသည့် နိုင်ငံ ၁၂ နိုင်ငံသာရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၅ ဒသမ ၂၈ ရာခိုင်နှုန်းသာရှိ၍ ကျင့်သုံးသည့်နိုင်ငံ နည်းပါးကြောင်းလည်း ၎င်းက ဆက်လက်ပြော ကြားသည်။

ထို့ကြောင့် အရေးကြီးသည့် ဘတ်ဂျက်ပြောင်းလဲမှုစနစ်တစ်ခု ကို ပြောင်းလဲမည်ဆိုပါက ပြင်ပမှ ကျွမ်းကျင်စီးပွားရေးပညာရှင် များ၊ ဘတ်ဂျက်ရေးဆွဲသည့် ဝန် ကြီးဌာနမှ တာဝန်ရှိသူများ၊ အ ငြိမ်းစားယူသွားသည့် ဝန်ထမ်း ဟောင်းများ၊ အခြားပညာရှင်များ နှင့် အပြန်အလှန်စဉ်းစားသုံးသပ် ပြီးမှ ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။

ဘဏ္ဍာရေးနှစ်သည် ကာလ သတ်မှတ်ချက်တစ်ခုဖြစ်ပြီး မိမိတို့ နိုင်ငံအတွက် လိုက်လျောညီထွေ ပကတိအခြေအနေမှန်ဖြင့် ကာလ များကို သတ်မှတ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ထောက်ခံသူ ဇလွန်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။

‘‘အဓိကကတော့ အကောင် အထည်ဖော်မယ့် အဖွဲ့အစည်း တွေ၊ ဌာနတွေ၊ လူတွေရဲ့ ခိုင်မာ အားကောင်းဖို့၊ စွမ်းဆောင်ရည် မြင့်မားဖို့နဲ့ တာဝန်ယူမှု၊ တာဝန်ခံ မှုစနစ်ဖြင့် ပြည့်ပြည့်ဝဝ ဆောင် ရွက်ကြမယ်ဆိုရင် ရည်မှန်းချက် တွေ အောင်မြင်အောင် ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲ ပြင်ဆင်ပါက နိုင်ငံတကာအလေ့ အကျင့်များနှင့် တစ်သားတည်း ဖြစ်ခြင်း၊ မိုးရာသီအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများကို ရှောင်နိုင်ခြင်း၊ လပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှုများ ပိုမိုညီညွတ် လာမှုရှိခြင်း စသည့်အားသာချက် များကြောင့် ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲပြင်ဆင်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ အုတ်တွင်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောသည်။

‘‘အခြားနိုင်ငံတွေမှာလည်း ဘဏ္ဍာရေးနှစ်ကို အမြဲတမ်း ပြောင်းလဲမှုရှိနေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ရာသီဥတု၊ လုပ်ငန်းလုပ်ဆောင်မှုအခြေအနေ၊ အားလပ်ရက်နဲ့ နီးမှု၊ မနီးမှု စသည့်အချက်များအပေါ် မူတည်ပြီး ပြောင်းလဲသင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

၁၉၇၄ က စတင်ပြောင်းလဲ ခဲ့သော ဧပြီ ၁ ရက်မှ  မတ်လ ၃၁ ရက်ကို ပြင်ဆင်ခြင်းသည် တောင်သူလယ်သမားများ လယ် ယာစိုက်ပျိုးရေးလုပ်ငန်း မစတင်မီစိုက်ပျိုးစရိတ်ထုတ်ချေးပေးနိုင် ရေးအတွက်ဟုဆိုသော်လည်း တောင်သူများလက်ထဲ စိုက်ပျိုးစရိတ်ချေးငွေမှာ ဩဂုတ်နှင့် စက်တင်ဘာလခန့်တွင်မှ ရရှိနေ ကြောင်း ဒေါ်ချိုချိုက ထောက်ပြ ပြောဆိုသည်။

‘‘လက်ရှိ ဘဏ္ဍာရေးနှစ်က မိုးတွင်းခံတယ်။ မိုးတွင်းခံတဲ့အခါ ကျတော့ တင်ဒါလုပ်ငန်းတွေမစ နိုင်ဘူး။ ဝန်ကြီးဌာနက အကြောင်းပြချက်ပေးတာက ဘာလဲဆိုရင် ဒီမိုးတွင်းကာလ ဖြစ်နေလို့၊ နောက် ကျွန်တော်တို့ ချပေးထား တဲ့ ဘတ်ဂျက်တွေက ရှင်းရှင်း ပြောရင် ခုနစ်လလုံးလုံး ဘဏ်ထဲ မှာ အိပ်နေတာ၊ အပြင်မှာ အိပ် နေတာ ကျွန်တော်တို့ မသိနိုင်ဘူး။ ဘဏ္ဍာနှစ်ပြောင်းလို့ အောက်တိုဘာရောက်ရင် ဝန်ကြီးဌာနတွေ အကြောင်းပြစရာ အချက်မရှိတော့ဘူး။ ပွင့်လင်းရာသီ ရောက်နေပြီ၊ အလုပ်လုပ်ပါ၊ ဌာနဆိုင်ရာက အလုပ်လုပ်တာနှေးရင် ချက်ချင်းပေါ်မှာပဲ’’ဟု ပြည်ထောင်စုလွှတ်တော် ဘဏ္ဍာရေးနှစ်ပြောင်းရန်ဆွေးနွေးဖူးသူ မွန် ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြော သည်။

မိုးတွင်းကာလပြီးဆုံးချိန်မှ လုပ်ငန်းများ စတင်ရာတွင် လုပ်ငန်းများသည် နောင်လာမည့် ဘဏ္ဍာနှစ်ထိ ပြီးပြတ်မှုမရှိသောကြောင့် စာရင်းများ မစစ်ဆေးနိုင်သည့် အခက်အခဲများရှိကြောင်း ၎င်းက ပြောသည်။

‘‘၂၀၁၆-၁၇ ဘတ်ဂျက်က လုပ်ငန်းတွေက မပြတ်သေးဘူး။ ၁၇-၁၈ ဘတ်ဂျက်ကို လွှတ် တော်က အတည်ပြုနေရပြီ။ အ ကုန်လုံးရောထွေးနေတယ်’’ဟု ဦးမျိုးဝင်းက ပြောသည်။

ထိုသို့ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာသို့ ပြင်ဆင်သတ် မှတ်ပါက ဝန်ကြီးဌာနများသည် ပွင့်လင်းရာသီတွင် လုပ်ငန်းများ ပြီးမြောက်အောင်လုပ်နိုင်မည်ဖြစ် ပြီး မိုးရာသီသို့ ရောက်ရှိပါက လုပ်ငန်းများပြီးစီး၍ ဘဏ္ဍာတစ် နှစ်ချင်းစီကို မိုးရာသီတွင် စစ်ဆေးနိုင်မည့် အားသာချက်များရှိ ကြောင်း ၎င်းက ပြောသည်။

ထိုသို့ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနက လွှတ် တော်တွင် ပြန်လည်ရှင်းပြရမည် ဖြစ်ကာ သဘောထားကွဲလွဲမှုရှိပါ က မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာန က ရှင်းလင်းမည့်ရက်ကို မသိရှိရ သေးပေ။

လက်ရှိ ကျင့်သုံးနေသော ဘဏ္ဍာရေးနှစ်သည် ဧပြီ ၁ ရက် တွင် စတင်သဖြင့် တည်ဆောက် ရေးလုပ်ငန်းများအတွက် မိုးရာသီ ကျော်လွန်မှသာ လုပ်ငန်းစတင် နိုင်သောကြောင့် လုပ်ငန်းဆောင် ရွက်ချိန် နည်းပါးခြင်း၊ ပြည်ပချေးငွေများ ရယူရာတွင် နိုင်ငံအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ်နှင့် မကိုက်ညီပါက အချိန်များညှိနှိုင်း ရခြင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နှစ်တွင် နောင်အစိုးရအတွက် ဘတ်ဂျက်ကို လက်ရှိအစိုးရက ရေးဆွဲပေးရခြင်း စသည့် အားနည်းချက်များကြောင့် ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲသင့်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်ပြစဉ်က ပြောဆိုခဲ့သည်။

ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲသတ်မှတ်ပါက တည်ဆောက် ရေး၊ ဝယ်ယူရေးလုပ်ငန်းများအ တွက် တစ်ဆက်တည်း ရှစ်လခန့် ပွင့်လင်းရာသီရရှိနိုင်ခြင်း၊ ဘဏ္ဍာရေးနှစ် စတင်ချိန်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များ တိုက်ဆိုင်မှုမရှိ ခြင်း၊ ပွင့်လင်းရာသီအစတွင် လုပ် ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ပြီး ဘတ်ဂျက်ကုန်ဆုံးခါနီး မိုးရာသီတွင် လုပ်ငန်းများ အပြီး သတ်ဆောင်ရွက်နိုင်ခြင်း၊ သုံးလပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှု ပိုမိုညီညွတ်မျှတလာနိုင်ခြင်း စသည့်အားသာချက်များရှိကြောင်း ၎င်း က လွှတ်တော်တွင် ရှင်းပြသည်။

 အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် ဘဏ္ဍာနှစ် ကို အမေရိကန်၊ ထိုင်း၊ လာအို တို့တွင် ကျင့်သုံးနေသည်။

========================
251 / End