၂၄ အောက်တိုဘာ ၂၀၁၇ - ၂၀:၂၇
ဒီချုပ်ကို အထင်အမြင်လွဲစေရန် သတင်းတုများ ဖန်တီးဖြန့်ဝေမှုအပေါ် တုံ့ပြန်နေမည်မဟုတ်ဟု ဦးဝင်းထိန်ပြော

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီကို အထင်အမြင်လွဲ မှားစေသော သတင်းတုများဖြန့် ဝေမှုများ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် ဆက်တိုက်ပျံ့နှံ့နေသည့်အပေါ် တုံ့ပြန်မည်မဟုတ်ကြောင်း ဒီချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီကို အထင်အမြင်လွဲ မှားစေသော သတင်းတုများဖြန့် ဝေမှုများ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် ဆက်တိုက်ပျံ့နှံ့နေသည့်အပေါ် တုံ့ပြန်မည်မဟုတ်ကြောင်း ဒီချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

‘‘ဒီလိုရေးသားတဲ့သူတွေကို ဘာမှမလုပ်ဘူး။ အဲဒီကောင်တွေ မောသွားရင် ရပ်သွားလိမ့်မယ်’’ ဟု ဒီချုပ်ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ ၀င် ဦးဝင်းထိန်က ပြောသည်။

ဒီချုပ်ပါတီကို အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ ရေးတင်နေသည့်သူများကို တိတိကျကျသိပါက တရားဥပဒေကြောင်းအရ စီစဉ်ဆောင်ရွက်သင့်၊ မသင့် စဉ်းစားမည်ဖြစ်ကြောင်း ဒီချုပ်ပါတီဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။

လတ်တလောတွင် ကော့မှူး ၌ ဒီချုပ်ပါတီဝင် ၂၀ ဦးခန့်က ပါတီ၏ လမ်းစဉ်များကို မကြိုက်နှစ်သက်၍ ထွက်ခွာသည်ဆိုခြင်း၊ ဒီချုပ်ပါတီ၏ ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးဖြစ်သည့် ဦးဝင်း ထိန်ပုံကို အသုံးပြု၍ မဟုတ်မမှန် ရေးသားထားသည့် ကောလာဟ လများ ပျံ့နှံ့နေခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်းဝန် ကြီးချုပ် နုတ်ထွက်ပေးရန် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်နှင့် လသာမြို့နယ်ရှိ ဒီချုပ်ပါတီဝင်များ ပူးပေါင်း ဆန္ဒဖော်ထုတ်မည်ဆိုသည့် ကောလာဟလများကို စမ်းချောင်းမြို့နယ်ဒီချုပ်ပါတီက မဟုတ်မှန်ကြောင်းပြန်လည်ရှင်းလင်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၎င်းတို့ကို ထောက်ခံသူများပူးပေါင်း၍ တစ်နိုင်ငံလုံး အနေအထားဖြင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ပြုလုပ်ခြင်း၊ ဒေါ် အောင်ဆန်းစုကြည် ထောက်ခံပွဲ များ ပြုလုပ်နေစဉ်ပါတီကို တိုက်ခိုက်သည့် မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေမှုများ ထွက်ပေါ်ခဲ့သည်။

‘‘ကျွန်တော်တို့ကို မကြိုက် ဘူး။ ပါတီကို မကြိုက်ဘူးဆိုရင် ကျွန်တော်လက်ခံတယ်။ ဒါကြောင့်မို့ ပါတီကို မကြိုက်တာနဲ့ပဲ မမှန်သတင်းတွေ ထုတ်တာတော့ လုံးဝမကောင်းဘူး’’ဟု ဦးဉာဏ် ၀င်းက ပြောသည်။

ဘာသာပေါင်းစုံဆုတောင်း ပွဲသည် ကမ္ဘာနှင့်ချီ စဉ်းစားလုပ် ဆောင်ခြင်းဖြစ်သောကြောင့် ဝေဖန်သည့်သူများက ထိုကဲ့သို့ စဉ်းစားလုပ်ဆောင်စေချင်ကြောင်း ဒီချုပ်ပါတီဗဟိုကော်မတီအတွင်း ရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပသည့် ပါတီသက်ကြီးပူဇော်ပွဲ၌ ပြောသည်။

‘‘မြန်မာပြည်ရဲ့ အနေအ ထားက ကမ္ဘာမှာ ဘယ်လိုဖြစ်နေ သလဲဆိုတာကို အားလုံးအသိပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ဆီ လာတဲ့ဟာကို လက်နက်နဲ့ ပြန်ပြီး တော့ အင်နဲ့အားနဲ့လုပ်နိုင်တဲ့အား မရှိဘူး။ ဒါရိုးရိုးသားသားပြော တာ။ မရှိရင် ညီညွတ်ရေးနဲ့တိုက် မယ်၊ ဒါအတွက်လုပ်နေကြတာ’’ဟု ၎င်းက ပြောသည်။

========================
251 / End