အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နယ်မြေတည်ငြိမ်အေး ချမ်းလာသဖြင့် ဘူးသီးတောင်- မောင်တောဒေသမှ လုံခြုံရေးတပ် ဖွဲ့ဝင်အချို့ စတင်ထုတ်နုတ်ကာ စစ်တွေမြို့၌ အရန်အဖြစ် အသင့် စုဖွဲ့ထားကြောင်း တပ်မတော်က ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။
ARSA အစွန်းရောက်အ ကြမ်းဖက်အဖွဲ့က ဘူးသီးတောင် -မောင်တောဒေသရှိ ရဲကင်းစခန်း၃၀ ကို တိုက်ခိုက်ခဲ့သည့် သြဂုတ် ၂၅ ရက်က စတင်၍ ဒေသတွင်းလုံခြုံရေးကို တပ်မတော်နှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့က တာဝန်ယူကာ နယ်မြေရှင်းလင်းရေးလုပ်ငန်း များလုပ်ဆောင်ခဲ့သည်။
ယခုအခါ တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေတည်ငြိမ်အေး ချမ်းရေး အထိုက်အလျောက်ရရှိ လာပြီဖြစ်၍ ဒေသအတွင်း နယ် မြေရှင်းလင်းရေးဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့များအနက် တပ်မတော်စစ်ကြောင်းအချို့ကို ဘူးသီးတောင် - မောင်တောဒေ သ စစ်ဆင်ရေးနယ်မြေမှ စတင် ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိမည်ဖြစ် ကြောင်း အောက်တိုဘာ ၂၅ ရက်တွင် တပ်မတော်က သတင်းထုတ် ပြန်သည်။
========================
251 / End
၂၆ အောက်တိုဘာ ၂၀၁၇ - ၁၈:၅၆
News ID: 862771
နယ်မြေတည်ငြိမ်အေး ချမ်းလာသဖြင့် ဘူးသီးတောင်- မောင်တောဒေသမှ လုံခြုံရေးတပ် ဖွဲ့ဝင်အချို့ စတင်ထုတ်နုတ်ကာ စစ်တွေမြို့၌ အရန်အဖြစ် အသင့် စုဖွဲ့ထားကြောင်း တပ်မတော်က ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။