၂၇ အောက်တိုဘာ ၂၀၁၇ - ၁၈:၂၁
 ဖြိုးကိုကိုတင့်ဆန်းနှင့် ပတ်သက်သော ကွင်းဆက်တရားခံ ၁၅ ဦးကို လက်နက် ၂၄ လက်နှင့်အတူ ဖမ်းဆီးထား အမှုပေါင်း ၁၇ မှု ဖွင့်ထားဟု ပြည်ထဲေ

ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ပတ်သက်သော ကွင်း ဆက်တရားခံ ၁၅ ဦးကို လက်နက် ၂၄ လက်နှင့်အတူ ဖမ်းဆီးရမိထား ပြီး အမှု ၁၇ မှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။ ဖမ်းဆီးရမိသည့် နေရာနှစ်ခုဖြစ်သည့် နေပြည်တော်တွင် အမှု ၁၀ မှု၊ ရန်ကုန်တွင် ခုနစ်မှု ဖွင့်ထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ပတ်သက်သော ကွင်း ဆက်တရားခံ ၁၅ ဦးကို လက်နက် ၂၄ လက်နှင့်အတူ ဖမ်းဆီးရမိထား ပြီး အမှု ၁၇ မှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။ ဖမ်းဆီးရမိသည့် နေရာနှစ်ခုဖြစ်သည့် နေပြည်တော်တွင် အမှု ၁၀ မှု၊ ရန်ကုန်တွင် ခုနစ်မှု ဖွင့်ထားသည်။

သိမ်းဆည်းရမိသည့် လက် နက် ၂၄ လက်အနက် လက် နက်အစစ် ၂၀၊ ဘောစေ့ဖြင့်ပစ်ရသည့် သေနတ်လေးလက်ဖြစ်ကြောင်း ၎င်းကပြောသည်။

 ‘‘ဒါတွေနဲ့ ပတ်သက်ပြီး လည်း ကျွန်တော်တို့ ကွန်ပျူတာ ကမှတ်တမ်းတွေ၊ စာရွက်စာတမ်း တွေကနေတစ်ဆင့် လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ လို အပ်တဲ့စစ် ကြောချက်တွေနဲ့ လက် နက်သယ်ဆောင်ရယူတဲ့ ကွင်း ဆက်တရားခံတွေ၊ ကွင်းဆက် လမ်းကြောင်းတွေ ဖော်ထုတ်နိုင် အောင် ဆောင်ရွက်နေပတယ်’’ ဟု ဗိုလ်ချုပ်အောင်စိုးက ပြော သည်။ဖြိုးကိုကိုတင့်ဆန်းအား ဖွင့် ထားသော အမှုများသည် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၊ လက်နက်ပါ မူးယစ်ပုဒ်မ၊ ပို့ကုန် သွင်း ကုန်ဥပဒေပုဒ်မ၊ ဆက် သွယ်ရေး ဥပဒေပုဒ်မ၊ မူးယစ် ပုဒ်မ၊ လက်နက်များဥပဒေ ပုဒ်မ တို့ဖြစ်သည်။ ဖမ်းဆီးရမိသည့် ကွင်းဆက်တရားခံ ၁၅ ဦးသည် နေပြည်တော်မှ ၁၁ ဦးနှင့် ရန်ကုန် မှ လေးဦးတို့ဖြစ်သည်။

စစ်ဆေး၍ပေါ်ပေါက်လာ သော အမှုကွင်းဆက်သံသယရှိသူ များကို မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့ (CID) သို့ လွှဲပြောင်းဆောင်ရွက် နေကြောင်း ၎င်းကပြောသည်။

‘‘CID ကတော့ ဒီမှုခင်းကိစ္စ ကို စနစ်တကျနဲ့ စတင်ကိုင်တွယ် နေပြီဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ် အောင်စိုးက ပြောသည်။

အောက်တိုဘာ ၂၃ ရက်က ဖြိုးကိုကိုတင့်ဆန်းကို စစ်ဆေး ချက်အရ နေပြည်တော်ဟိုတယ် ACE ရုံးခန်းအတွင်း PHANTION 4 Pro (USA) ကင်မရာတပ်ဆင် ထားပြီး ပစ္စည်းအစုံပါ ဒရုန်း (Drone) တစ်စီး သိမ်းဆည်းရမိခဲ့ ၍ ဒက္ခိဏမြို့မရဲစခန်းတွင် ယခင် ဖွင့်ထားသည့် ပို့ကုန်၊ သွင်းကုန် ပုဒ်မ ၈ ဖြင့် စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်ထားသည်။

ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ပတ်သက်၍ အသိပေးသင့်သည့် အချိန်ရောက်ရှိပါက ပြည်ထောင် စု အစိုးရအဖွဲ့ ခွင့်ပြုချက်ရယူ ကာ အသိပေးမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

အောက်တိုဘာ ၁၅ ရက်ည နေက နေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းကို မူးယစ်ဆေး ဝါး အချို့အပါအဝင် သေနတ် များနှင့်အတူ ဖမ်းမိခဲ့သောကြောင့် မူးယစ်ဆေးဝါးမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် အ မှုဖွင့်အရေးယူခဲ့သည်။

ထို့နောက်၎င်းပိုင်ဆိုင်သည့် အဆောက်အအုံများ၊ ဟိုတယ် များ အတွင်းသို့ ဝင်ရောက်စစ် ဆေးစဉ် လက်နက်များ၊ တရားမ ဝင် ဆက်သွယ်ရေးစက်များ National Security Council စာ တန်းပါကားနှင့် တံဆိပ်များကို ရှာ ဖွေတွေ့ရှိခဲ့ပြီး အထက်ဖော်ပြပါ ဥပဒေပုဒ်မများဖြင့် ထပ်မံအမှုဖွင့် ထားသည်။

========================
251 / End



b