၂၉ အောက်တိုဘာ ၂၀၁၇ - ၁၇:၄၀
ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူများ ပြန်လည်လက်ခံရာတွင် တစ်နေ့လျှင် ၁၅၀ ဦး စိစစ်ရန် လျာထားဟု ဝန်ကြီးပြော

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူများ ပြန်လည် လက်ခံရေး စိစစ်ဆောင်ရွက်ရာ တွင် တစ်နေ့လျှင် ၁၅၀ ဦး စိစစ်ရန် လျာထားပြီး ယခုနှစ်အတွင်း လုပ်ငန်းများစတင်နိုင်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူများ  ပြန်လည် လက်ခံရေး စိစစ်ဆောင်ရွက်ရာ တွင် တစ်နေ့လျှင် ၁၅၀ ဦး စိစစ်ရန် လျာထားပြီး ယခုနှစ်အတွင်း လုပ်ငန်းများစတင်နိုင်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေက ပြောကြားသည်။

အောက်တိုဘာ ၂၇ ရက်က အမျိုးသားလွှတ်တော်အစည်းအ ဝေးသို့ တက်ရောက်သည့် ဝန်ကြီးဦးသိန်းဆွေအား မီဒီယာများက ရခိုင်အရေးဆောင်ရွက်နေမှုများ နှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ သည်။

‘‘၁၅၀ ဆိုတာ အကြမ်းဖျင်း လျာထားတာ။ စိစစ်ရမယ့်သူ ရယ်၊ လက်ခံရမယ့်သူရယ်၊ နောက်ပြီးတော့မှ သက်ဆိုင်ရာနေရာကိုသွားဖို့ ထိန်းသိမ်းရမယ့်ကိစ္စအတွက်ကို သတ်မှတ်ထားတာပါ။ ဒီအပေါ်မှာ ဆောင်ရွက်ရင်းနဲ့ ခက်ခဲတယ်ဆိုရင်လည်း လျှော့ရင် လျှော့မယ်။ လွယ်ကူတယ်၊ လျင်မြန်တယ်၊ ပြေလည်တယ်ဆိုရင်လည်း တိုးရင်တိုးမယ်။ ဒါကတော့နှစ်နိုင်ငံ  အောက်ခြေမှာရှိတဲ့ တကယ်ဆောင်ရွက်တဲ့အဖွဲ့တွေ ညှိနှိုင်းပြီး ဆောင်ရွက်သွားဖို့ရှိတယ်’’ဟု ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် လူဦးရေစာရင်း နှင့်ပတ်သက်၍ အမျိုးမျိုးပြော ကြားနေပြီး အတိအကျပြောဆို ရန် ခက်ခဲကြောင်းနှင့် စာရင်း အမှန်ရရှိရေး စိစစ်နေကြောင်း ၀န်ကြီးဦးသိန်းဆွေက ဆိုသည်။

‘‘ပြန်လည်စိစစ်လက်ခံမယ် ဆိုတာ မြန်မာနိုင်ငံသားအဖြစ် လက်ခံတာ မဟုတ်ဘူး။ မြန်မာ နိုင်ငံမှာနေတဲ့သူတွေဆိုတာကို၊ မြန်မာနိုင်ငံက ထွက်ပြေးသွား တယ်ဆိုတာကို လက်ခံတာဖြစ် တယ်။ ပြီးတော့မှ အဲဒီလူတွေဟာ NVC ခေါ်တဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်မှာ ကတ်ကိုကိုင်ရ မယ်။ အဲဒီကမှ သူဟာ နိုင်ငံသား အခွင့်အရေးရအောင် ပြန်လျှောက်ထားရမယ်။ ဒါကတော့ တိုင်း ဒေသကြီး ပြည်နယ်မှာ နိုင်ငံတော် အစိုးရက ချမှတ်ထားတဲ့ လုပ်ထုံး လုပ်နည်းပါပဲ။ ဒီအတိုင်းပဲ ဆက် လုပ်သွားမယ်လို့ ပြောချင်ပါ တယ်’’ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိသူများ ပြန်လည်နေရာ ချထားရန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား အမြန်ဆုံးညှိနှိုင်းပြီး ပူးတွဲလုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

‘‘အဲဒီလုပ်ငန်းကော်မတီက ညှိနှိုင်းပြီးတော့မှ အဆင့်ဆင့် လက်ခံရမှာ ဖြစ်တယ်။ အဲဒီလို လက်ခံတဲ့အခါမှာ မြန်မာနိုင်ငံ ဘက်ကနေပြီးတော့မှ ဖြည့်သွင်း ရမယ့် ပုံစံတွေကို၊ ဖောင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးပို့မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေမှ ပြန် လာချင်တဲ့လူတွေက အဲဒီဖောင် တွေကို ဖြည့်စွက်ပြီးတော့မှ မြန်မာနိုင်ငံကို ပြန်ပို့မယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ သူတို့တင်ပြတဲ့ အချက် အလက်တွေ၊ အထောက်အထား တွေနဲ့ စိစစ်ပြီးတော့မှ မှန်ကန် တယ်ဆိုရင် ဒီလူတွေတော့ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ လူတွေ ဖြစ်တဲ့အတွက် ပြန်လည်လက်ခံ မယ်ဆိုပြီး ဟိုဘက်ကို စာရင်းပြန် ပို့မယ်။ ပြီးရင် ဘယ်နေ့ကို စုစည်းပြီး ပို့မလဲဆိုတာကို ပြန်ညှိနှိုင်း ပြီးတော့ သတ်မှတ်တဲ့ရက်မှာ သတ်မှတ်တဲ့ လက်ခံရေး စခန်းနေ ရာတွေမှာ အဲဒီလူတွေကို ပြန် လည်လက်ခံမှာ ဖြစ်တယ်’’ဟု ဝန်ကြီးက ပြောသည်။

ပြန်လည်လက်ခံရာတွင် အ ဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင် ဆင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

‘‘အိမ်တွေ၊ ရွာတွေ တည် ဆောက်တာ၊ လမ်းတွေ ပြုပြင် တာ၊ မီးတွေရဖို့ လုပ်ကိုင်တာ။ လောလောဆယ် ရိတ်သိမ်းဖို့လို နေတဲ့ စပါးခင်းတွေ ရိတ်သိမ်း တာ။ ကျွဲတွေ၊ နွားတွေ ထိန်းသိမ်းစောင့်ရှောက်တာ ဒါတွေအားလုံး ကို သက်ဆိုင်ရာ ကော်မတီတွေ အားလုံး ပြည်ထောင်စုအစိုးရအ ဖွဲ့တွေရော၊ လုပ်ငန်းရှင်တွေရော၊ သက်ဆိုင်တဲ့ အစိုးရအဖွဲ့အစည်း NGO အဖွဲ့အစည်းတွေရော၊ ပြည် နယ်အစိုးရမှာရှိတဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေရော ဒါကို ဆောင်ရွက်နေတယ်’’ဟု ဦးသိန်း ဆွေက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက် မပြေးဘဲ ကျန်နေသည့် ဘင်္ဂါလီများကိုလည်း NVC ကတ် (နိုင်ငံသားစိစစ်ခံရမည့် သက်သေခံကတ်) ထုတ်ပေးရေးလုပ်ငန်းကို မောင်တောမြို့နယ်ရှိ ရွှေဇားကျေးရွာအုပ်စုတွင် လုပ်ဆောင်နေ ကြောင်း ဝန်ကြီးက ပြောသည်။

‘‘မြန်မာနိုင်ငံဘက်ကတော့ ၁၉၉၃ မှာ စခဲ့တဲ့၊ လက်ခံခဲ့တဲ့ အစီအစဉ်အတိုင်း လက်ခံမှာဖြစ် တယ်။ မြန်မာနိုင်ငံဘက်က နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ် တိုင် ကမ္ဘာကို ကြေညာထားပြီး ပြီ။ ကိုယ့်နိုင်ငံဘက်က ထွက်ပြေး တာမှန်တယ်ဆိုရင် စနစ်တကျ ပြန်လည်လက်ခံမှာဖြစ်တယ်’’ဟု ဝန်ကြီး ဦးသိန်းဆွေက ပြော သည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ နယ်စပ်ဒေသလုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးများနှင့် ဝန်ကြီးအဆင့် အစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်က နေပြည်တော်၌ပြုလုပ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မြန်မာနိုင်ငံသားများ ဝင်ရောက်မှု ချက်ချင်းရပ်တန့်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်နေရာချထားရေး ၂၀၁၇ နိုဝင်ဘာတွင် သဘောတူညီချက်နှင့်အညီပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် ရခိုင်ဒေသမှ စွန့်ခွာထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံသဘောတူညီချက်ကို အပြီးသတ်ဆောင်ရွက်ရန် စသည့်အချက်များအပါအဝင် အချက်၁၀ ချက် သဘောတူညီခဲ့သည်။

========================
251 / End