၁ နိုဝင်ဘာ ၂၀၁၇ - ၁၈:၀၅
ပြည်ထောင်စုသဘောတူစာချုပ်ကိုလွှတ်တော်သို့ တင်သွင်းအတည်ပြုရန် UPDJC ဆုံးဖြတ်

၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးက အတည် ပြုခဲ့သော ပြည်ထောင်စု သဘော တူစာချုပ် အစိတ်အပိုင်း (၁)ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဆုံးဖြတ်ခဲ့ကြောင်း UPDJC ကိုယ်စားလှယ်များက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးက အတည် ပြုခဲ့သော ပြည်ထောင်စု သဘော တူစာချုပ် အစိတ်အပိုင်း (၁)ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဆုံးဖြတ်ခဲ့ကြောင်း UPDJC ကိုယ်စားလှယ်များက ပြောသည်။

 နေပြည်တော်တွင် ပြီးခဲ့ သည့် မေလက ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီ လာခံ ၂၁ ရာစု ပင်လုံဒုတိယအ စည်းအဝေး၌ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာစသည့်ကဏ္ဍလေးရပ်မှ အချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၁) အဖြစ် အတည်ပြုခဲ့သည်။

အဆိုပါ ပြည်ထောင်စု သ ဘောတူစာချုပ် အစိတ်အပိုင်း (၁) ကို လွှတ်တော်သို့ မတင်သင့်သေးကြောင်း UPDJC ကိုယ်စားလှယ်အချို့က ဆွေးနွေးသော်လည်း အောက်တိုဘာ ၃၁ ရက်က ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် လွှတ်တော်သို့တင်ရန် ဆုံးဖြတ်ခဲ့သည်။

‘‘ပြည်ထောင်စုလွှတ်တော် ကို တင်မယ့်ကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင်က ဆုံးဖြတ်ပေးလိုက်တယ်။ ဒါက ဆွေးနွေး စရာကို မလိုဘူးလေ။ အမှန်က ကျွန်တော်တို့ လုပ်ထုံးလုပ်နည်း အတိုင်း ဒါတွေကို အမျိုးသားအ ဆင့်ကနေပြီးမှ လုပ်ငန်းကော်မတီကို ဖြတ်သန်းတယ်။ လုပ်ငန်း ကော်မတီကနေပြီးမှ အတွင်းရေး မှူးအဖွဲ့ကို အပ်တယ်။ အတွင်း ရေးမှူးအဖွဲ့က ငြိမ်းချမ်းရေး ညီလာခံကို တင်ပြပြီး အတည်ပြုချက်ယူပြီးပြီလေ။ အဲဒီအထဲမှာ အတည်ပြုနိုင်ခဲ့တဲ့ ၃၇ ချက်စလုံး က လွှတ်တော်ကနေ အတည်ပြု ကို အတည်ပြုရမှာ’’ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စား လှယ် တာလှဖေက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းဖြစ်စေ၊ တစ်စောင် လုံးဖြစ်စေ ရရှိပါက လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက် ရယူရမည်ဟု ပါရှိ၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း တိုင်းရင်းသားလက်နက် ကိုင်အစုအဖွဲ့ကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

 NCA လက်မှတ်ထိုးထား သည့် အဖွဲ့အချို့ အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ခဲ့ခြင်းကြောင့် ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးတွင် သဘောထားတင်ပြနိုင်ခြင်းမရှိခဲ့ပေ။

ယင်းအခြေအနေက ပြည် ထောင်စုသဘောတူစာချုပ် အ စိတ်အပိုင်းအဖြစ် သတ်မှတ်မည့် သဘောတူညီချက်များရရှိရေး ခက်ခဲစေခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ကိုယ်စား လှယ် ဒေါက်တာဆလိုင်းလျန်မှုန်း က ပြောသည်။

‘‘အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲမကျင်းပဖြစ်သေး တဲ့ အဖွဲ့အစည်းတွေကို ကျင်းပ ခွင့်ပေးပြီးမှ လွှတ်တော်တင်လိုက် ရင် ကောင်းမယ်။ ခုလောလော ဆယ် ခဏလေးစောင့်ပါဆိုပြီး တော့ ကျွန်တော်တို့ ပြောတာပဲ ဖြစ်ပါတယ်။ မတင်ပါနဲ့လို့ ကျွန် တော်တို့မပြောဘူး။ ဥပဒေကြောင်းအရကလည်း ကျွန်တော်တို့ ပြောဖို့သင့်တော်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီအစိတ်အပိုင်းအဖြစ်နဲ့ တင်သင့်တယ်ဆိုတဲ့ဟာကလည်း ကျွန်တော်တို့ EAO (တိုင်းရင်းသားလက်နက်ကိုင်အစုအ ဖွဲ့)တွေကပဲ တောင်းဆိုခဲ့တာဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

NCA လက်မှတ်ထိုး တိုင်း ရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့အ နက် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)နှင့် ရခိုင် ပြည် လွတ်မြောက်ရေး ပါတီ (ALP)တို့သည် ၎င်းတို့လူမျိုးအ လိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမကျင်းပနိုင်သေးပေ။

========================
251 / End