၁ နိုဝင်ဘာ ၂၀၁၇ - ၁၉:၀၁
အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရသော နေပြည်တော်စည်ပင်ဌာနမှူးနှစ်ဦးကို မန္တလေး အိုးဘိုထောင်သို့ ပို့ဆောင်

နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဈေးများ ဌာန ဌာနမှူး ဦးမင်းလွင်စိုးနှင့် သားသတ်ရုံဌာနမှူးတို့ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်တွင် အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီခွဲက ပထမ အကြိမ်ရုံးထုတ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဈေးများ ဌာန ဌာနမှူး ဦးမင်းလွင်စိုးနှင့် သားသတ်ရုံဌာနမှူးတို့ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်တွင် အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီခွဲက ပထမ အကြိမ်ရုံးထုတ်ခဲ့သည်။

အဆိုပါရုံးထုတ်တွင် ချုပ် ရက်ရမန်ယူခြင်းသာ   ပြုလုပ်ခဲ့ သည်။

၎င်းတို့နှစ်ဦးကို ဇမ္ဗူသီရိ မြို့နယ်တရားရုံးတွင် ချုပ်ရမန် တောင်းခံကာ မန္တလေးမြို့ ချမ်း အေးသာစံမြို့နယ် အမှတ် (၃) နယ်မြေရဲတပ်ဖွဲ့စခန်းတွင် အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီခန့် က ချုပ်နှောင်ခဲ့ပြီးနောက် တိုင်း တရားလွှတ်တော်တွင် ချုပ်ရက်ရ မန်ယူကာ မန္တလေးအိုဘိုအကျဉ်း ထောင်သို့ ပို့ဆောင်ခဲ့သည်။

နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ ဈေးများဌာန မှူး (ဒုညွန်ချုပ်) ဦးမင်းလွင်စိုး သည် သားသတ်လိုင်စင်ရရှိသူ ဦးဘိုဘိုဟန်ထံမှ ကျပ်သိန်း ၂၀ ကို ယခုနှစ် မတ်လအတွင်း လက် ခံရယူခဲ့ကြောင်းနှင့် သားသတ် ဌာန ဌာနမှူး ဒေါက်တာ ခိုင်စိုးလှ သည်လည်း   ဦးဘိုဘိုဟန်ထံမှ ကျပ်သိန်း ၄၀ ကို ယခုနှစ်မေလ အတွင်း လက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးပေါ်ပေါက် ခဲ့၍ တရားစွဲဆိုခဲ့သည်။

အထက်ပါဖြစ်စဉ်များအရ ဈေးများဌာနမှူး ဦးမင်းလွင်စိုးနှင့် သားသတ်ရုံဌာနမှူး ဒေါက်တာ ခိုင်စိုးလှတို့ နှစ်ဦးသည် သားသတ် လိုင်စင်ရရှိသူထံမှ ငွေကြေးလက် ခံရယူခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ် ဆေးရေးမှူး ဦးအောင်မြင့်ဇော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တရားလိုပြု လုပ်တိုင်တန်းခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

ယခုဘဏ္ဍာနှစ်တွင် နေပြည် တော်စည်ပင်သာယာရေးကော်မ တီက ဈေးခုံစနစ်ဖျက်သိမ်း၍ ပြောင်းလဲလုပ်ကိုင်ရန် ညွှန်ကြားချက်အပေါ် ဈေးခုံရောင်းချသူများက ဈေးခုံလေလံစနစ်ဖြင့်သာ ပြန်လည်လုပ်ကိုင်ရန် ညှိနှိုင်းခဲ့ရာတွင် အမှုဖွင့်ခံရသူနှစ်ဦးကို လာဘ်ငွေပေးခဲ့ရကြောင်း တိုင်ကြားသူများက စွပ်စွဲထားသည်။

အမှုကို နေပြည်တော် ဇမ္ဗူ သီရိမြို့နယ် အမှတ် (၁) မြို့မရဲ စခန်းတွင် အောက်တိုဘာ ၃၀ ရက်နံနက်က ဒေါက်တာ ခိုင်စိုးလှကို အမှုဖွင့်အရေးယူပြီး ဈေးများဌာန ဌာနမှူး ဦးမင်းလွင်စိုးကိုလည်း ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါစခန်းမှ စခန်းမှူး ဒုရဲမှူး တင်ဌေးက ပြော ကြားသည်။

========================
251 / End