၂ နိုဝင်ဘာ ၂၀၁၇ - ၁၅:၁၂
သမ္မတရုံးညွှန်ကြားချက်ဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို လေးလအတွင်း တစ်နိုင်ငံလုံးကျင်းပမည်

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ တစ်နိုင်ငံလုံး တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ ပြန်လည်ကျင်းပ ရန်စီစဉ်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ တစ်နိုင်ငံလုံး တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ ပြန်လည်ကျင်းပ ရန်စီစဉ်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားသည်။

‘‘ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးဥပဒေအရ ပြန်ရွေးဖို့စီစဉ် တာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မ တရုံးက ၀န်ကြီးချုပ်တွေကိုညွှန် ကြားပြီးတော့ ကျွန်တော်တို့ပြည် ထဲရေးကို မိတ္တူပေးပါတယ်’’ ဟု ၎င်းကပြောသည်။ ထို့အပြင် ရပ် ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ များကို လေးလအတွင်းအပြီး ကျင်းပနိုင်ရန် နိုင်ငံတော်သမ္မတ ရုံးက ညွှန်ကြားထားကြောင်း မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြော သည်။

ထို့ကြောင့် မကွေးတိုင်းဒေ သကြီးရှိ မြို့နယ်များတွင် ရပ် ကျေးအုပ်ချုပ်ရေးမှူးအသစ် ရွေး ချယ်ခြင်းလုပ်ငန်းများကို နိုဝင် ဘာ ၄ ရက်တွင်စတင်ဆောင်ရွက် မည်ဖြစ်ကြောင်း ဒေါက်တာ အောင်မိုးညိုကပြောသည်။

ယခင်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော ရပ်ကွက်(သို့မ ဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေသည် ပြည်သူများကိုယ် တိုင်ပါဝင်ရွေးချယ်ခွင့်အားနည်း ခြင်းနှင့် ဒီမိုကရေစီစနစ်နှင့်ကိုက် ညီမှုမရှိသောအချက်များပါဝင် နေကြောင်း ဝေဖန်မှုများရှိခဲ့ သည်။ ထို့ကြောင့် လက်ရှိလွှတ် တော်သက်တမ်းတွင်ပြန်လည် ပြင်ဆင်အတည်ပြုခဲ့သည်။

ယခင်ဥပဒေအရ ရပ်ကျေး အုပ်ချုပ်ရေးမှူးကို ကြီးကြပ်ရွေး ချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ရွေး ချယ်ခန့်ထားသော်လည်း တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ တွင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေး ရွာအတွင်း နေထိုင်သူများက ရွေးချယ်ပေးသော ရပ်မိရပ်ဖငါးဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ် မြို့နယ် အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းတာဝန် ပေးအပ်ရမည်ဟု ပြင်ဆင်ထား သည်။

ယခင်ဥပဒေအရ ပြည်သူ များအနေဖြင့် ရပ်ကျေးအုပ်ချုပ် ရေးမှူးများကို တိုက်ရိုက်ရွေး ချယ်ခွင့်မရှိဘဲ သက်ဆိုင်ရာဆယ် အိမ်စုကိုယ်စားလှယ်များကိုသာ မဲပေးရွေးချယ်ခွင့်ရှိသည်။ လက် ရှိဥပဒေတွင် ဆယ်အိမ်မှူး၊ ရာ အိမ်မှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး စသည့်အဆင့်အလိုက် ရွေးချယ် ပွဲများ၌ အိမ်ထောင်စုတစ်ခု၏ အိမ်ထောင်ဦးစီး (သို့မဟုတ်)(၁၈)နှစ်ပြည့်ပြီးသူ မိသားစုဝင် တစ်ဦးဦးက မဲပေးခွင့်ရှိကြောင်း ပြင်ဆင်ထားသည်။

အဆိုပါဥပဒေကို ပြင်ဆင် ရာတွင် ဧည့်စာရင်းတိုင်ကြားရ မည့်ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ခြင်း အပါအ၀င် ပြင်ဆင်ချက်အချို့ကို သဘောမတူကြောင်း တပ်မတော် သားကိုယ်စားလှယ်များက ကန့် ကွက်မှုရှိသည်။ လက်ရှိပြင်ဆင် ထားသည့်ဥပဒေသည် ယခင် ရပ်ကျေးဥပဒေများထက် ပြည်သူ များပါဝင်ခွင့် ပိုမိုရရှိလာသော် လည်း ကန့်သတ်ချက်အချို့ရှိနေ ဆဲဖြစ်ကြောင်း ထောက်ပြမှုများ ရှိသည်။

‘‘ပြည်သူလူထုက အရင်က ထက်စာရင် ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေကို ရွေးချယ်ရာမှာအခွင့် အရေးပိုမိုရရှိလာတယ်။ ဒါပေမဲ့ အကန့်အသတ်တွေကတော့ ရှိ နေတုန်းပဲ။ အသက်(၁၈)နှစ်ပြည့် သူတိုင်းက မဲပေးရွေးချယ်ခွင့်က ပြင်ဆင်ထားတဲ့ဥပဒေမှာလည်း မရသေးဘူး’’ ဟု ရပ်ကျေးဥပဒေ ပြင်ဆင်ရေးပူးပေါင်းအဖွဲ့ဝင်ကို မြတ်မင်းဦးက ပြောသည်။

ထို့ပြင် ပြင်ဆင်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေနှင့် ပတ်သက်၍ ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည် မှုအားနည်းနေဆဲဖြစ်၍ ရွေးချယ် ပွဲများမကျင်းပမီက အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုကြောင်း ၎င်းကဆိုသည်။

လွှတ်တော်အနေဖြင့် ပွင့် လင်းမြင်သာမှုရှိ၍ မှန်ကန်သည့် အုပ်ချုပ်ရေးစနစ်တစ်ရပ်ဖြစ်စေ ရန် ရည်ရွယ်၍ ရပ်ကျေးအုပ်ချုပ် ရေးဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ပြည်သူများအနေဖြင့် ရပ်ရွာအ ကျိုးအမှန်တကယ် ဆောင်ရွက် မည့်သူများကို မဲပေးရွေးချယ်ရန် လိုကြောင်း အမျိုးသားလွှတ် တော်ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်သိန်းက ပြောကြား သည်။

‘‘အရင်အဟောင်းတွေကိုပဲ ရွေးချယ်မလား၊ အသစ်ကိုပဲရွေး မလားဆိုတာတော့ ရပ်ရွာရဲ့သ ဘောအတိုင်းပဲပေါ့။ ရပ်ကွက်၊ ကျေးရွာကယုံကြည်လေးစားတဲ့ သူကို ပြန်တင်ပေါ့။ မှန်မှန်ကန် ကန်ဆောင်ရွက်မယ့်သူကို ရွေး ချယ်ဖို့လိုတယ်’’ ဟု ၎င်းကဆို သည်။

========================
251 / End