၂ နိုဝင်ဘာ ၂၀၁၇ - ၁၆:၀၈
အလိန်းဂါလာနီကို နှစ်ချီအတွင်း အလဲထိုးမည်ဟု အောင်လအန်ဆန်ကြုံးဝါး

မွေထိုင်း ဟဲဗီးဝိတ်တန်း ချန်ပီယံ လေးကြိမ်ရရှိထားသည့် အလိန်းဂါလာနီကို နှစ်ချီအတွင်း အလဲထိုးဖြင့် အနိုင်ယူမည်ဖြစ် ကြောင်း အောင်လအန်ဆန်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မွေထိုင်း ဟဲဗီးဝိတ်တန်း ချန်ပီယံ လေးကြိမ်ရရှိထားသည့် အလိန်းဂါလာနီကို နှစ်ချီအတွင်း အလဲထိုးဖြင့် အနိုင်ယူမည်ဖြစ် ကြောင်း အောင်လအန်ဆန်က ပြောသည်။

နိုဝင်ဘာ ၃ ရက်တွင် ရန် ကုန်မြို့ အမျိုးသားအားကစားပြိုင် ပွဲရုံ (၁) သုဝဏ္ဏ၌ Hero's Dream ဖြင့် ကျင်းပမည့် One Champion -ship (MMA) ပြိုင်ပွဲတွင် အဓိက တွဲဆိုင်းအဖြစ် ကချင်တိုင်းရင်း သား အောင်လအန်ဆန်နှင့် ကင် မရွန်းနွယ်ဖွား အလိန်းဂါလာနီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင် ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ပြည်တွင်း ကစားသမားချင်း ယှဉ်ပြိုင်မည့်ပွဲ စဉ် နှစ်ပွဲ ပါဝင်မည်ဖြစ်သည်။

အလိန်းဂါလာနီက ပြိုင် ဘက်များကို အနိုင်ယူရာတွင် အတွေ့အကြုံရှိပြီး ကစားသမား ကောင်းတစ်ဦး ဖြစ်သော်လည်း အနိုင်ရရှိရန် ပြင်ဆင်ထား ကြောင်း အောင်လအန်ဆန်က ဆိုသည်။

‘‘ကျွန်တော့်ရဲ့ ပြိုင်ဘက်က ကစားတာမြန်တယ်။ အကောင် ဘယ်လောက်ကြီးကြီး၊ ဝိတ်တန်း ဘယ်လောက်ကြီးကြီး ဂရုမစိုက် ဘူး။ ကမ္ဘာမှာ မြန်မာလို့ အသိ အမှတ်ပြုခံရအောင် မြန်မာနိုင်ငံ သားတစ်ယောက်အနေနဲ့ ကြိုးစား သွားမယ်။ ကျွန်တော် သူ့ကို နှစ် ချီအတွင်း အလဲထိုးနဲ့ အနိုင်ယူ သွားမယ်။ ကျွန်တော့်ရဲ့ ပြိုင် ဘက်လည်း ကံကောင်းပါစေလို့ ဆုတောင်းပေးတယ်’’ဟု အောက် တိုဘာ ၃၁ ရက်က မြန်မာပလာ ဇာတွင် ကျင်းပခဲ့သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ အောင် လအန်ဆန်ကပြောသည်။

အဆိုပါပွဲကြို သတင်းစာ ရှင်းလင်းပွဲသို့ အောင်လအန်ဆန် ၏ပြိုင်ဘက် အလိန်းဂါလာနီ တက်ရောက်ခြင်း မရှိပေ။

အောင်လအန်ဆန်နှင့် ယှဉ် ပြိုင်မည့် (၄၂)နှစ်အရွယ် ဂါလာ နီသည် MMA ပြိုင်ပွဲများတွင် ဟဲ ဗီးဝိတ်တန်း၌ ယှဉ်ပြိုင်ထိုးသတ် နေသည်။ ၎င်းသည် မွေထိုင်း ဟဲ ဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရထားပြီး ကစ် ဘောက်ဆင်၊ ဘရာဇီးရိုးရာဂျူ ဂျစ်ဆု (Brazilian Jiu-Jitsu)၊ ပြင်သစ်ရိုးရာ ကစ်ဘောက်ဆင်၊ ကရာတေးနှင့် ဂျူဒို စသည့် ပညာရပ်များ တတ်မြောက်ထား သည်။

အလိန်းဂါလာနီသည် ကင် မရွန်းနွယ်ဖွားဖြစ်ပြီး လက်ရှိတွင် ဟောင်ကောင်ကိုယ်စားပြု ယှဉ် ပြိုင်နေသည်။ စက်တင်ဘာ ၁၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာမြို့၌ ကျင်းပသည့် One Championship ပွဲတွင် ဂျပန် ကစားသမား ဟိုက်ကီဆီကိုင်းကို ပထမအချီ ၁၁ စက္ကန့်၌ အလဲထိုး ဖြင့် အနိုင်ရထားပြီး ယင်းပွဲစဉ် သည် ဂါလာနီ၏ MMA သက် တမ်းတစ်လျှောက် အမြန်ဆုံးစံချိန် ဖြစ်သည်။

မြန်မာ့စပါးကြီးမြွေဟုကျော် ကြားသည့် (၃၂)နှစ်အရွယ် အောင်လအန်ဆန်သည် ပြီးခဲ့ သော ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၌ ရုရှား နိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ် ကို အမှတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ပွဲ ၃၀ ယှဉ်ပြိုင်ရာ ပွဲ ၂၀ နိုင်၊ ၁၀ ပွဲရှုံး နိမ့်ထားသည်။ ယင်းပြိုင်ပွဲကို ပြည်တွင်းရုပ်သံလိုင်းတစ်ခု ဖြစ် သည့် စကိုင်းနက် အားကစားချန် နယ်မှ တိုက်ရိုက်ပြသမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကို ရိုးရိုး တန်း ကျပ်တစ်သောင်း၊ ကျပ်နှစ် သောင်းခွဲ၊ အထူးတန်း ကျပ်ငါး သောင်း၊ VVIP ကျပ်နှစ်သိန်း သတ်မှတ်ထားသည်။

========================
251 / End