၃ နိုဝင်ဘာ ၂၀၁၇ - ၁၆:၀၇
အရပ်သားပိုမိုပါဝင်ရေး JMC အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေး

ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC) စိစစ်အ တည်ပြုရေးဆိုင်ရာ စွမ်းရည်မြှင့် တင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် အပစ်ရပ် လုပ်ငန်းစဉ်အတွင်း ဘက်လိုက်မှုကင်းသည့် စိစစ်မှု များ ပြုလုပ်နိုင်ရေးနှင့် အရပ်သား များ၏အခန်းကဏ္ဍ ပိုမိုပါဝင်လာ စေရေး ဆွေးနွေးမှုရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (တနင်္သာရီ) အဖွဲ့ဝင် များက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC) စိစစ်အ တည်ပြုရေးဆိုင်ရာ စွမ်းရည်မြှင့် တင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် အပစ်ရပ် လုပ်ငန်းစဉ်အတွင်း ဘက်လိုက်မှုကင်းသည့် စိစစ်မှု များ ပြုလုပ်နိုင်ရေးနှင့် အရပ်သား များ၏အခန်းကဏ္ဍ ပိုမိုပါဝင်လာ စေရေး ဆွေးနွေးမှုရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (တနင်္သာရီ) အဖွဲ့ဝင် များက ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုဝင်ဘာ ၁ ရက်က စတင်ပြုလုပ်ပြီး သုံးရက်ကြာ မည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲ ပထမ နေ့တွင် JMC-S (တနင်္သာရီ) ဥက္ကဋ္ဌ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် JMC-U ဒုတိယ ဥက္ကဋ္ဌ(၂)သိက္ခာတော်ရ ဆရာ တော်စောမက်သယူးအေးတို့က နှုတ်ခွန်းဆက်စကား ပြောကြား ကြောင်းနှင့် ပဋိပက္ခစောင့်ကြည့် ရေးနှင့် စိစစ်အတည်ပြုရေး၊ ပဋိ ပက္ခဖြေရှင်းရေးဆိုင်ရာ သဘော တရားများ၊ လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များကို JMC အဆင့်ဆင့်မှ အရပ်သားကိုယ်စား လှယ်များက ဆွေးနွေးမည်ဖြစ် ကြောင်း JMC ကသတင်းထုတ် ပြန်သည်။

‘‘ဒီဘက် (တနင်္သာရီတိုင်း) မှာတော့ ဒီဘက်သုံးဘက်က ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး တော့ ဘက်လိုက်မှုကင်းပြီးတော့ တကယ်ဖြစ်ပေါ်လာတဲ့မြေပြင်အ အနေအထားတိုင်ကြားမှုတွေ အ ပေါ်ကို အချက်တွေခွဲခြားပြီးတော့ စေ့စပ်သုံးသပ်ကြည့်တဲ့ သာမန် ဖြစ်စဉ်ရှိတယ်။ ဒီစိစစ်အတည်ပြု ရေးအဖွဲ့တွေလုပ်ရတာမျိုးတော့ လုံးဝမရှိပါဘူး။ ကျွန်တော်တို့ဆီ မှာ စောင့်ကြည့်စစ်ဆေးရေးအရာ ရှိဆိုတာလည်း ကျွန်တော်တို့ဆီ မှာ ခန့်ထားတယ်’’ ဟု JMC-S (တနင်္သာရီ)အဖွဲ့ဝင်စရာဇာဝင်း ကပြောသည်။

တနင်္သာရီတိုင်း JMC-S ကို NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းကိုယ်စားလှယ်များမှ ငါးဦး၊ တပ်မတော်မှ ကိုယ်စား လှယ်ငါးဦးနှင့် နှစ်ဖက်အဆိုပြု သည့်အရပ်သားကိုယ်စားလှယ် လေးဦး စုစုပေါင်း ၁၄ ဦးဖြင့်ဖွဲ့ စည်းထားသည်။ အရေးကြီးဖြစ် စဉ်များကြောင့် စိစစ်အတည်ပြု ရေးအဖွဲ့ ဖွဲ့စည်းစေလွှတ်ခဲ့ရမှု သည် JMC သက်တမ်းအတွင်း နှစ်ကြိမ်ရှိကာ ရှမ်းပြည်နယ်သို့ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။

========================
251 / End