၄ နိုဝင်ဘာ ၂၀၁၇ - ၁၄:၃၃
လူသားချင်းစာနာမှု အကူအညီများ လာရောက်နိုင်ရေး လက်ထောက်ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက မြန်မာအစိုးရထံ တောင်းဆို

လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အတားအဆီးမဲ့ လာရောက်နိုင် ရေးနှင့် ဒုက္ခသည်များ မိမိဆန္ဒ အလျောက် ဂုဏ်သိက္ခာရှိစွာနေ ရပ်ပြန်ရေး လက်ထောက် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီး Mr. Volker Turk က ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အ တွင်း အစိုးရတာဝန်ရှိသူများထံ တောင်းဆိုခဲ့ကြောင်း UNHCR က နိုဝင်ဘာ ၂ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အတားအဆီးမဲ့ လာရောက်နိုင် ရေးနှင့် ဒုက္ခသည်များ မိမိဆန္ဒ အလျောက် ဂုဏ်သိက္ခာရှိစွာနေ ရပ်ပြန်ရေး  လက်ထောက် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီး Mr. Volker Turk က ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အ တွင်း အစိုးရတာဝန်ရှိသူများထံ တောင်းဆိုခဲ့ကြောင်း UNHCR က နိုဝင်ဘာ ၂ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

Mr. Volker Turk သည် နိုဝင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံ သို့ လာရောက်ပြီး ၎င်း၏နှစ်ရက် တာခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော် တင့်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသားလုံခြုံ ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦး သောင်းထွန်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေတို့ နှင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးကြောင်း ဖော်ပြထား သည်။

တွေ့ဆုံဆွေးနွေးမှုများတွင် Mr.Volker Turk က ရခိုင်ပြည် နယ်ရှိ အသိုင်းအဝိုင်းအားလုံးအ တွက် ကာကွယ်စောင့်ရှောက်ရေး နှင့် လုံခြုံသည့် ပတ်ဝန်းကျင်တစ်ခု ရရှိစေရန် တိုက်တွန်းကာ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် ဒုက္ခသည် ရာပေါင်းများစွာ ၎င်းတို့ဆန္ဒအလျောက် နေရပ်ပြန်နိုင် ရေးနှင့် ၎င်းတို့၏ မူရင်းနေထိုင်ရာ ဒေသများတွင် လုံခြုံစွာနှင့် တည် တံ့စွာ နေထိုင်နိုင်ရေး မေတ္တာရပ်ခံ ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အတူ အသိုင်းအဝိုင်းများ အကြား လိုအပ်သည့် ယုံကြည်မှု တည်ဆောက်ခြင်းနှင့် လူမှုဖူလုံ ရေး အကူအညီများ ဖြည့်ဆည်း ပေးနိုင်မည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ အတားအဆီးမဲ့ ဝင်ရောက် နိုင်ရေး တောင်းဆိုခဲ့ကြောင်း လည်း ဖော်ပြထားသည်။

Mr. Volker Turk က ဒေသ တွင်း ဒုက္ခသည်များ ရေရှည်တည် တံ့စွာ ပြန်လည်ပေါင်းစည်းနေ ထိုင်နိုင်ရေးအတွက် ရခိုင်ပြည် နယ်အတွင်း ရပ်ရွာဖွံ့ဖြိုးရေးလုပ် ငန်းများကို သက်ဆိုင်သည့်အဖွဲ့ အစည်းအသီးသီး ထိတွေ့ဆက် ဆံလုပ်ဆောင်ရန် အရေးပါ ကြောင်း အလေးထားပြောကြားခဲ့ သည်ဟု ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ထောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးသည် ထိုင်းနိုင်ငံသို့ဆက်လက် သွားရောက်မည်ဖြစ်ကာ ၎င်း၏ ဒေသဆိုင်ရာ ခရီးစဉ်ကို လာမည့် တစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အဆုံးသတ်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

========================
251 / End