အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဲဗီးဝိတ်မွေထိုင်းချန်ပီ ယံ ကင်မရွန်းနွယ်ဖွား အလိန်းဂါ လာနီကို ပထမအချီအတွင်း အ လဲထိုးဖြင့် အနိုင်ယူခဲ့သည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ထံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ၀မ်းမြောက် ကြောင်း ဂုဏ်ပြုလွှာပေးပို့ခဲ့ သည်။
နိုဝင်ဘာ ၃ ရက် ညက ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသည့် One Championship (MMA) ပြိုင်ပွဲတွင် အောင်လအန်ဆန်က ၎င်း၏နာမည်ကြီးချုပ်ကွက်ဖြင့် ဂါလာနီကို ပထမအချီလေးမိနစ်ကျော်၌ အနိုင်ယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ပေး ပို့သည့် ဂုဏ်ပြုလွှာတွင် ‘ ပြီးပြည့် စုံသည့် နိုင်ပွဲအတွက် ၀မ်းမြောက် ဂုဏ်ယူပါတယ်’ဟု ရေးသားထား သည်။ ‘‘ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အန်တီဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို ၀မ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပေးပို့လို့ အတိုင်းမသိ ၀မ်းသာဂုဏ်ယူရပါတယ်ဗျာ။ ကျွန်တော် အနိုင်ရရှိသွားတာကလည်း ပရိသတ်တွေရဲ့ အားပေးဆုတောင်းမှုတွေကြောင့်ပါပဲ။ ကျွန်တော် ဆက်လက်ပြီးကြိုးစားသွားမယ်ဆိုတာကိုလည်း ပရိသတ်ကြီးအားလုံးကို ကတိပေးပါတယ်ဗျာ’’ ဟု အောင်လအန်ဆန်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
အောင်လအန်ဆန်က ဂါလာနီကို ပထမအချီအတွင်း အနိုင်ယူ ခဲ့သဖြင့် လုပ်ပွဲဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်သော် လည်း လုပ်ပွဲမဟုတ်ကြောင်း ပွဲစီစဉ်သူ ဦးဇေသီဟက ပြောကြားသည်။ အောင်လအန်ဆန်သည် ပြိုင်ပွဲမတိုင်မီ အောက်တိုဘာ ၂၃ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။
မြန်မာ့စပါးအုံးမြွေဟုကျော် ကြားသည့် (၃၂)နှစ်အရွယ် အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဇွန် လက ရန်ကုန်မြို့တွင် ကျင်းပ သည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၌ ရုရှားနိုင်ငံ သား ဘစ်တာလီဘစ်ဒက်ရှ်ကိုအ မှတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန် ပီယံဖြစ်ခဲ့သည်။ အောင်လအန် ဆန်သည် ဂါလာနီနှင့် ယှဉ်ပြိုင် သည့် ပွဲကိုမူ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအ ဖြစ် ယှဉ်ပြိုင်ထိုးသတ်ခြင်းမဟုတ် ဘဲ အထူးစိန်ခေါ်ပွဲအနေဖြင့်သာ ယှဉ်ပြိုင်ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၁ ပွဲယှဉ်ပြိုင်ရာ ၂၁ ပွဲနိုင်၊ ၁၀ ပွဲ ရှုံး နိမ့်ထားသည်။ ၎င်း၏ ချန်ပီယံစိန်ခေါ်ပွဲကို လာမည့် ၂၀၁၈ အတွင်း ထိုးသတ်ရန်စီစဉ်ထားကြောင်း ပြောကြားထားသည်။
========================
251 / End