၆ နိုဝင်ဘာ ၂၀၁၇ - ၂၀:၂၅
ကျောက်ဖြူအထူးစီးပွားရေးဇုန် စတင်ရန် တရုတ်နှင့် ရှယ်ယာပိုင်ဆိုင်မှု ညှိနှိုင်းနေ

ကျောက်ဖြူအထူးစီးပွား ရေးဇုန် အကောင်အထည်ဖော်ရန် တရုတ်အစိုးရပိုင်ကုမ္ပဏီနှင့် ရှယ်ယာပိုင်ဆိုင်မှုပမာဏ ညှိနှိုင်းမှု ပြီးစီးတော့မည်ဖြစ်၍ လုပ်ငန်းများ မကြာမီ စတင်နိုင်မည်ဖြစ် ကြောင်း ကျောက်ဖြူအထူးစီးပွားဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်အေးသိန်းကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကျောက်ဖြူအထူးစီးပွား ရေးဇုန် အကောင်အထည်ဖော်ရန် တရုတ်အစိုးရပိုင်ကုမ္ပဏီနှင့် ရှယ်ယာပိုင်ဆိုင်မှုပမာဏ ညှိနှိုင်းမှု ပြီးစီးတော့မည်ဖြစ်၍ လုပ်ငန်းများ မကြာမီ စတင်နိုင်မည်ဖြစ် ကြောင်း ကျောက်ဖြူအထူးစီးပွားဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်အေးသိန်းကပြောသည်။

ယခင်အစိုးရက အဆိုပါစီမံ ကိန်းကို တရုတ်ဘက်က ရှယ်ယာ ပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊ မြန်မာ ဘက်က ၁၅ ရာခိုင်နှုန်းဖြင့် အ ကောင်အထည်ဖော်ရန် သဘော တူထားပြီး လက်ရှိအစိုးရက သဘောမတူ၍ ပြန်လည်ညှိနှိုင်းနေကြောင်း ၎င်းကပြောသည်။

‘‘အောက်ခြေမှာတော့ ပြီး သလောက်ဖြစ်သွားပြီ။ အပေါ်က နေ အတည်ပြုပေးဖို့ပဲ ကျန်တော့ တယ်။ အတည်ဖြစ်ရင် ရှယ်ယာ အချိုးကို ထုတ်ပြန်ပေးသွားမှာ’’ ဟု ၎င်းကပြောသည်။

ရှယ်ယာခွဲဝေမှု ပြီးစီးပါက မြေယာလျော်ကြေးနှင့် လုပ်ငန်း အကောင်အထည်ဖော်မှုများ စ တင်နိုင်တော့မည်ဟု ဦးကျော် အေးသိန်းက ပြောသည်။

 မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည် ကျောက်ဖြူအထူးစီးပွားဇုန် တည်ဆောက်မည့် မြေနေရာကို နိုဝင်ဘာ ၄ ရက်တွင် သွားရောက် ကြည့်ရှုခဲ့သည်။ ထိုသို့ကြည့်ရှုခြင်းသည် ရှယ်ယာပိုင်ဆိုင်မှုများ ဆွေးနွေးစဉ် မြေပြင်အနေအထားကို လာရောက်ကြည့်ရှုခြင်းဖြစ် ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လည်းဖြစ်သည့် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် ရခိုင်ပြည်နယ် ကျောက် ဖြူမြို့တွင် တည်ရှိပြီး တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုက အကောင်အထည်ဖော်ခွင့်ရ ထားသည်။

အဆိုပါစီမံကိန်းကို ယခင် ဦးသိန်းစိန်အစိုးရ သက်တမ်းကုန် ဆုံးခါနီးတွင် အလျင်အမြန် အ ကောင်အထည်ဖော်ရန် ဆောင် ရွက်ခဲ့ပြီး စီမံကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရမည့်ငွေသည် အတိုးနှုန်းများသဖြင့် ဒေသခံများက စိုးရိမ်နေသော စီမံကိန်းဖြစ်သည်။

 တင်ဒါအောင်ထားသည့် CITIC ကုမ္ပဏီအုပ်စုသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှစ်ခုကို ကန်ဒေါ်လာကိုးဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဟုဆိုသည်။ စက်မှုဇုန်အ တွက် တင်ဒါခေါ်ယူစဉ်က ရှယ် ယာပိုင်ဆိုင်မှုကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီ ဘက်က ၄၉ ရာခိုင်နှုန်း သတ်မှတ် ထားသော်လည်း ရေနက်ဆိပ် ကမ်းအတွက် သတ်မှတ်ချက်မရှိ သေးကြောင်း ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးဟောင်း ဦးအောင် ကျော်သန်းက ၂၀၁၆ တွင် ပြော ကြားခဲ့သည်။

========================
251 / End