အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များတွင် ပါဝင်သော ဘင်္ဂါလီများ အနက် လူဦးရေနှစ်ထောင်ကျော် ကို ဖော်ထုတ်နိုင်ခြင်းအပါအ ဝင် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ရှင်း လင်းပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ထိုင်းနိုင်ငံတွင် ကျင်းပ နေသည့် ကာကွယ်ရေးနှင့် လုံခြုံ ရေးဆိုင်ရာ ပြပွဲ (Defence & Security 2017) သို့တက်ရောက် နေစဉ် အင်ဒိုနီးရှားနိုင်ငံ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံ၍ ယင်းသို့ ရှင်းလင်းပြော ကြားခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၆ ရက်၌ သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါ လီများက လုံခြုံရေးစခန်းများကို အင်အားသုံး အကြမ်းဖက်တိုက် ခိုက်မှုနှင့် ဒေသခံတိုင်းရင်းသား များကို ရက်စက်စွာ သတ်ဖြတ်ခဲ့ မှုအခြေအနေများ၊ အဆိုပါအ ကြမ်းဖက်မှုများကို တပ်မတော် က အတတ်နိုင်ဆုံးထိခိုက်မှုနည်းစ စွာဖြင့် ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ အကြမ်းဖက် ဘင်္ဂါလီများအနက် လူ ၂,၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး အ ဆိုပါဖော်ထုတ်ရရှိသူများသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်း ရှောင်ထွက်ပြေးသွားမှုအခြေအ နေများ၊ မီဒီယာများက မိမိ(မြန်မာ့ တပ်မတော်)တို့ကို စွပ်စွဲပြော ကြား၍ သတင်းမှားများထုတ်လွှင့် နေမှုနှင့် မိမိတို့အနေဖြင့် အ ကောင်းဆုံးဖြစ်အောင် ဖြေရှင်း ဆောင်ရွက်နေမှုအခြေအနေများ အား ဓာတ်ပုံများပြသကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၆ ရက်မှ ၉ ရက် အထိ ပြုလုပ်မည့် Defence & Security 2017 ပြပွဲသို့ တက် ရောက်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တပ်မတော်အရာရှိကြီးများလည်း အဖွဲ့ဝင်အဖြစ် လိုက်ပါသွား ကြောင်း နိုဝင်ဘာ ၅ ရက်က သတင်းထုတ်ပြန်သည်။
========================
251 / End
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အင်ဒိုနီးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံစဉ် ရခိုင်အရေးဆွေးနွေး
၇ နိုဝင်ဘာ ၂၀၁၇ - ၁၅:၄၅
News ID: 865284