အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါ်အောင်ဆန်းစုကြည် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၏ အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်နေစဉ် (ဓာတ်ပုံ − MSCO)
အာရှနှင့် ပစိဖိတ်ဒေသ သည် အကြမ်းဖက်မှုအပါအဝင် သမားရိုးကျမဟုတ်သည့် စိန်ခေါ် မှုများကို ရင်ဆိုင်နေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာ ဆီယံနှင့် အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံ့ခေါင်းဆောင်များကို ပြော ကြားသည်။
နိုဝင်ဘာ ၁၀ ရက်က ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သော အာ ဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲတွင် ဒေါ်အောင် ဆန်းစုကြည်က ယခုကဲ့သို့ ပြော ကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
အာရှနှင့် ပစိဖိတ်ဒေသ သည် သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှုများဖြစ်သည့် အစွန်း ရောက်မှု၊ နယ်စပ်ဖြတ်ကျော်မှု ခင်းများ၊ လူကုန်ကူးမှု၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ် အစရှိသည်တို့ ရင်ဆိုင်လာနေရကြောင်း ဒေါ် အောင်ဆန်းစုကြည်ကဆိုသည်။
အဆိုပါ စိန်ခေါ်မှုများကို အတူလက်တွဲအဖြေရှာဆောင် ရွက်နိုင်ရန် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တီထွင်ကြံဆ မှု အားပေးရေး၊ စီးပွားရေးအခြေ ခံကောင်းများ ဖန်တီးပေးရေးတို့ လိုအပ်ကြောင်း ၎င်းက ပြော သည်။
ထို့အပြင် အမျိုးသမီးစွမ်း ဆောင်ရှင်များကို အားပေးရေး၊ သဘာဝသယံဇာတများ ထိန်း သိမ်းရေး၊ တရားမဝင်သယံဇာတ များ ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနှင့် သဘာဝဘေး အန္တရာယ် ကြံ့ကြံ့ခံတုံ့ပြန်နိုင်ရေး တို့ကို အလေးထားဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းသည်။
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (APEC) ကို ၁၉၈၉ က စတင်ဖွဲ့ စည်းခဲ့ပြီး ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား စသည်တို့အပါ အဝင် လက်ရှိတွင် အဖွဲ့ဝင် ၂၁ နိုင်ငံရှိသည်။
========================
251 / End
အာရှ၊ ပစိဖိတ်ဒေသသည် သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
၁၂ နိုဝင်ဘာ ၂၀၁၇ - ၂၀:၂၆
News ID: 866474
ဒေါ်အောင်ဆန်းစုကြည် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၏ အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်နေစဉ် (ဓာတ်ပုံ − MSCO)