အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော် နှင့် တပ်စခန်းတစ်ခုအကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွား သည့် ဘင်္ဂါလီများကို ပြန်လည် နေရာချထားရာတွင် ၎င်းတို့ မူလ နေထိုင်ခဲ့သည့် နေရာများနှင့် အနီးစပ်ဆုံးတွင် နေရာချပေးရန် စီစဉ် နေကြောင်း ရခိုင်ပြည်နယ်လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ်ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် နိုဝင်ဘာ ၁၅ ရက်က ပြု လုပ်သည့် ရခိုင်ပြည်နယ် လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံချက် ရှင်းလင်းပွဲတွင် ပါမောက္ခ ဒေါက် တာ အောင်ထွန်းသက်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
‘‘အတတ်နိုင်ဆုံး နဂိုမူလ နေရာနဲ့ အနီးစပ်ဆုံးမှာထားဖို့ ကြိုးစားမယ်။ ဒါကို ကျွန်တော်တို့ စဉ်း စားပါမယ်။ ဖွံ့ဖြိုးမှုနဲ့ တည်တံ့ခိုင် မြဲတဲ့ ငြိမ်းချမ်းရေးလိုပါတယ်’’ ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
ရခိုင်ပြည်နယ်မောင်တော ဒေသပြန်လည်နေရာချထားရေး နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်သည့် ဆောင်ရွက် ချက်များကို အပြောနှင့် မဟုတ် ဘဲ အလုပ်နှင့် သက်သေပြနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အကြမ်းဖက်ဖြစ်စဉ်နောက် ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်း ရှောင်သွားသည့် ဘင်္ဂါလီများပြန် လည်လက်ခံရေး နှစ်ဖက်အစိုးရအချင်းချင်းညှိနှိုင်းနေပြီး နေရာချထားရေးအစီအစဉ်များကို ဆောင်ရွက်နေသည်။
မောင်တောဒေသမှ နယ်စပ် ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ တိမ်းရှောင်သူဦးရေ ခြောက် သိန်းကျော်ရှိကြောင်း နိုင်ငံတကာ မီဒီယာများက ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်ခဲ့သူ များကို ပြန်လက်ခံရာတွင် ၁၉၉၃ သဘောတူညီချက်အရသာ ဆောင်ရွက်မည်ဟု မြန်မာအစိုးရ က ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်း ရှောင်သွားသည့် ဘင်္ဂါလီများပြန် လည် လက်မခံသေးမီ ပျက်စီးဆုံး ရှုံးခဲ့သည့် တိုင်းရင်းသားကျေးရွာ များကို ပြန်လည်တည်ဆောက် ပေးရန် မောင်တော မြို့နယ်ရှိ တိုင်းရင်းသား ဒေသခံများက တောင်းဆိုထားသည်။
========================
251 / End
ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဘင်္ဂါလီများကို မူလနေရာနှင့် အနီးစပ်ဆုံးတွင် နေရာချပေးမည်ဟု ဒေါက်တာအောင်ထွန်းသက်ပြော
၁၇ နိုဝင်ဘာ ၂၀၁၇ - ၁၄:၅၃
News ID: 867398