၁၉ နိုဝင်ဘာ ၂၀၁၇ - ၂၀:၂၉
(၁၃)ကြိမ်မြောက် အေဆမ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ ၁၃ ကြိမ်မြောက် အေဆမ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်ရှိ MICC-1 မှာ စတင် ကျင်းပခဲ့ပြီး အေဆမ် မိတ်ဖက်နိုင်ငံများမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ ၁၃ ကြိမ်မြောက် အေဆမ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်ရှိ MICC-1 မှာ စတင် ကျင်းပခဲ့ပြီး အေဆမ် မိတ်ဖက်နိုင်ငံများမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

အေဆမ်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်တဲ့ သံအမတ်ကြီး ဦးကျော်ဇေယျက အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။

အေဆမ်မိတ်ဖက်နိုင်ငံများရဲ့ ဒေသအလိုက် အစည်းအဝေးများဖြစ်တဲ့ ASEAN, NESA, European Sub-group အစည်းအဝေးများကို နံနက်ပိုင်း ၊ အေဆမ်အဖွဲ့ဝင်နိုင်ငံများဖြင့် ASEM Pathfinder Group on Connectivity အစည်းအဝေးကို နေ့ လည်ပိုင်းမှာ အသီးသီး ကျင်းပခဲ့ကြောင်း သိရပါတယ်။

========================
251 / End