အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရားမဝင် ရွှေ့ပြောင်းခိုးဝင်မှုများနှင့်အတူ အကြမ်းဖက်ဝါဒ ပြန့်နှံ့ခြင်းကြောင့် ကမ္ဘာသည် မတည်ငြိမ်မှုများ၊ ပဋိပက္ခများနှင့် ရင်ဆိုင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၀ ရက် မိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်းပြောဆိုကြောင်း Chinapost သတင်းအရ သိရသည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖပ်မှုများကြောင့် ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ရာပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်လျက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။
နေပြည်တော်သို့ ရောက်ရှိသော ဥရောပနှင့် အာရှ နိုင်ငံခြားရေးဝန်ကြီးများအား ကြိုဆိုစဉ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ မိန့်ခွန်း ပြောကြားခြင်းဖြစ်သော်လည်း ဘင်္ဂါလီဒုက္ခသည်များ အစုအပြုံလိုက် ပြောင်းရွှေ့ခြင်းကို တိုက်ရိုက်ရည်ညွန်းပြောဆိုခြင်းတော့ မဟုတ်ပေ။
နိုဝင်ဘာ ၂၀ မှ ၂၁ ရက်အထိ နှစ်ရက်တာ ကျင်းပမည့် အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ ASEM အစည်းအဝေးတွင် ဘင်္ဂါလီဒုက္ခသည်များ ပြဿနာမှာ အဓိကထား ဆွေးနွေးကြမည့် ကိစ္စရပ် ဖြစ်လာနိုင်သည်။
ကမ္ဘာအနှံ့က ပဋိပက္ခများသည် ခြိမ်းခြောက်မှုသစ်များ၊ အရေးပေါ်ပြဿနာများ ဖြစ်ပွားစေကာ ကမ္ဘာကြီးသည် မတည်ငြိမ်သည့် ကာလပိုင်းတွင်း ရောက်ရှိနေကြောင်း၊ ခိုးဝင်ရွှေ့ပြောင်းသူများနှင့်အတူ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒများ ပြန့်နှံ့ကာ လူမှုအသိုင်းအဝိုင်းကြား သဘောထားရေးရာ ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်စေကြောင်း ၊ နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှုပင် ဖြစ်လာကြောင်း၊ ဝိရောဓိ ပဋိပက္ခများသည် လူ့အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးမှ ဖယ်ခွာပစ်ကြောင်း၊ မဖွံ့ဖြိုးမှု၊ ဆင်းရဲနွမ်းပါးမှုများ ချန်ထားရစ်ကြောင်း၊ ပြည်သူများ၊ နိုင်ငံများကို တစ်သီးတစ်ခြားစီ ခွဲခြားပစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
နေပြည်တော်တွင် နှစ်ရက်တာ ကျင်းပသော ၁၃ ကြိမ်မြောက် ASEM အစည်းအဝေးသို့ အာရှ၊ ဥရောပ ၅၁ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြသည်။
အာရှနှင့် ဥရောပကြား နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးကို ရည်ရွယ်ကျင်းပသော ယင်းအစည်းအဝေး၏ နောက်ဆုံးကြေညာချက်ကို နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ဖြစ်ရန် ရှိသည်။
========================
251 / End
ရွှေ့ပြောင်းခိုးဝင်သူများအရေးဖြင့် ကမ္ဘာသည် မတည်ငြိမ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
၂၀ နိုဝင်ဘာ ၂၀၁၇ - ၁၈:၀၀
News ID: 868063
တရားမဝင် ရွှေ့ပြောင်းခိုးဝင်မှုများနှင့်အတူ အကြမ်းဖက်ဝါဒ ပြန့်နှံ့ခြင်းကြောင့် ကမ္ဘာသည် မတည်ငြိမ်မှုများ၊ ပဋိပက္ခများနှင့် ရင်ဆိုင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၀ ရက် မိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်းပြောဆိုကြောင်း Chinapost သတင်းအရ သိရသည်။