၂၄ နိုဝင်ဘာ ၂၀၁၇ - ၁၅:၃၂
JICM အစည်းအဝေး နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပရန် နှစ်ဖက်သဘောတူ

အစိုးရနှင့် NCA လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ် သီးခေါင်းဆောင်များ တက် ရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နိုဝင်ဘာ ၂၇ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း ပအိုဝ်းအဖွဲ့ (PNLO)ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရနှင့် NCA လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ် သီးခေါင်းဆောင်များ တက် ရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နိုဝင်ဘာ ၂၇ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း ပအိုဝ်းအဖွဲ့ (PNLO)ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောသည်။

JICM အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံ တွေ့ရသည့် အခက်အခဲများကို နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရန်နှင့် ငြိမ်းချမ်း ရေးအတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် ခေါ်ယူ ခြင်းဖြစ်ပြီး NCA အရ သုံးလတစ် ကြိမ် ကျင်းပရန် သတ်မှတ်ထား သည်။ သို့ရာတွင် ၂၀၁၇ ဧပြီ ၂၄ရက်တွင် JICM အစည်းအဝေး ကျင်းပပြီးနောက် ထပ်မံမပြုလုပ် နိုင်ဘဲ ယခုနိုဝင်ဘာမှ ကျင်းပရန် သဘောတူညီခြင်းဖြစ်သည်။

လာမည့် JICM အစည်းအ ဝေးသည် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် ခြောက်ကြိမ်မြောက် ပြုလုပ်မည့် အစည်းအဝေးဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် သုံးကြိမ်မြောက် ပြုလုပ်မည့် အစည်းအဝေးဖြစ် သည်။

လက်ရှိ အစိုးရလက်ထက် ၂၀၁၆ ဩဂုတ်တွင် တစ်ကြိမ်၊ ၂၀၁၇ ဧပြီတွင် တစ်ကြိမ် JICM အစည်းအဝေးပြုလုပ်ထားပြီး ဧပြီ JICM အစည်းအဝေးတွင် အစိုးရ ဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့သည်။

NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စော မူတူးစေးဖိုး ဦးဆောင်သည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့ (PPST) အဖွဲ့ဝင်များ တက် ရောက်ခဲ့သည်။ PPST သည် NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ထိပ် သီးခေါင်းဆောင်တစ်ဦးစီဖြင့် စုဖွဲ့ထားသည့်အဖွဲ့ဖြစ်သည်။

လာမည့် JICM အစည်းအ ဝေးမတိုင်မီ နိုဝင်ဘာ ၂၄ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် တိုင်းရင်း သားလက်နက်ကိုင် အစုအဖွဲ့မှ ကိုယ်စားလှယ် ၄၈ ဦးပါသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ကျင်းပမည်ဟု UPDJC ကိုယ်စားလှယ် ခွန်မြင့် ထွန်းက ပြောသည်။

UPDJC နှင့် JICM အစည်း အဝေးများတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကျင်းပမည့် ရက်သတ်မှတ်ရန်ကိစ္စ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ ပြည့်စုံစွာ ကျင်းပနိုင်ရေးကိစ္စ တို့အပါအဝင် ရှေ့ဆက်ဆောင် ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး အရေးကြီး သည့် ဆုံးဖြတ်မှုများ ချမှတ်မည် ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် ဖက်ဒရယ်ဆိုင်ရာအခြေ ခံမူဝါဒများ ချမှတ်နိုင်ရေး ကြိုးစား ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားရာ ၂၁ ရာစုပင်လုံတတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍကို အဓိကဦးစားပေး ဆွေးနွေးရန် အောက်တိုဘာက ကျင်းပခဲ့သည့် UPDJC အစည်း အဝေး၌ သတ်မှတ်ထားသည်။

========================
251 / End