အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီဂျစ် နိုင်ငံ သတင်းဌာနများ၏ သတင်းအထောက်အထားများ အရ အမည်မသိ လက်နက်ကိုင် အကြမ်းဖက် သမားများ မှ အီဂျစ်နိုင်ငံမြောက်ပိုင်း ဆီနာအ် ဒေသရှိ မစ္စ်ဂျစ်ဒ် ဒိုရ်ရောင်ဇာ တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၁၈၄ ဦးသေဆုံးသွားကြောင်း သိရှိရပါတယ်။
အီဂျစ် အာဏာပိုင်များ၏ ကြေညာချက်အရ သေဆုံးသွားသူအများစု မှာ စစ်သားများ မဟုတ်ဘဲ သောကြာနမာဇ် ဝတ်ပြုရန် သွားရောက်ခဲ့သူများ အရပ်သားများ ဖြစ်ကြောင်း အီဂျစ် တပ်မတော်သားများလည်း ပါဝင်ကြောင်း သိရှိ ရပါတယ်။
အီဂျစ်နိုင်ငံမြောက်ပိုင်း ဆီနာအ် ဒေသရှိ မစ္စ်ဂျစ်ဒ် ဒိုရ်ရောင်ဇာ အားအကြမ်းဖက်တိုက်ခိုက်သူများ သည် အကြမ်းဖက် အစွန်းရောက်အဖွဲ့ ဒါအေရှ် (ခ) IS အဖွဲ့ နှင့်ပတ်သက်နေမည်ဟု ယူဆ ရပါတယ်။
အီဂျစ်လုံခြုံရေး တာဝန်ခံအရာရှိများ၏ ကြေညာ ချက်အရ သေဆုံးသွားသူများ အတွင် အီဂျစ် စစ်သားများလည်း ပါဝင်နေကြောင်း သိရှိရပါတယ်။
တိုက်ခိုက်သူ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ကားတစ်ချို့ပေါ် စီးနင်းလာပြီး ဤမစ္စ်ဂျစ်ဒ် (ဗလီ)အားတိုက်ခိုက်ခဲ့ကြပါတယ်။ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိ ရပါတယ်။
အကြမ်းဖက်အစွန်းရောက်များ အနေဖြင့် ကား ၄စီးဖြင့် ဝန်းရံပြီး နမာဇ် ဝတ်ပြုသူများကို သေနတ် နှင့် ပစ်ခတ်ခဲ့ကြပါတယ်။ အကြမ်းဖက်သမားများမှာ ဗလီအနီးအနားရှိ ကားများကို မီး ရှို့ဖျက် စီးခဲ့ကြပြီး အလ်ရောင်ဇာရွာဘက်သွားလမ်းများကိုပိတ်ထားခဲ့ကြောင်းလည်း သိရှိရပါတယ်။
အီဂျစ်သမ္မတ မှလည်း ၃ရက်တိုင်တိုင်ဝမ်းနည်း ရက်အဖြစ်ကြေညာခဲ့ပါတယ်။







========
251 / End