အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍပြု ပြင်ပြောင်းလဲရေးအတွက် ယူရို သန်း ၂၄၀ ကျော် ပံ့ပိုးမည်ဟု ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidt က ပြောသည်။နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့တွင် ဥရောပသမဂ္ဂနှင့် ပညာ ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်း ပသော အဆင့်မြင့်ပညာကဏ္ဍ ဆိုင်ရာဆွေးနွေးပွဲတွင် ၎င်းကအ ထက်ပါအတိုင်း ပြောကြားသည်။
‘‘မြန်မာနိုင်ငံအနေနဲ့ ဒီမိုက ရေစီအသွင်ကူးပြောင်းမှု အောင် မြင်ဖို့ဆိုရင် အားလုံးအတွက် ပညာရေးဟာ မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက်တစ်ခုပဲဆိုတာ ဥရောပသမဂ္ဂအနေနဲ့ အသိအမှတ်ပြုပါ တယ်။ ဒါကြောင့် ဥရောပသမဂ္ဂ အနေနဲ့ ပညာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲရာမှာ အစိုးရကို ပံ့ပိုးဖို့ အတွက် ယူရိုသန်း ၂၄၀ ကျော် လျာထားပါတယ်’’ဟု Mr. Kristian Schmidt က ပြောသည်။ဥရောပ သမဂ္ဂအနေဖြင့် ပညာရေးကဏ္ဍ ပြုပြင်ရေးအ တွက် ဝေးလံခေါင်ပါးသည့် နေရာဒေသများရှိ ကလေးများကို ကောင်းမွန်ပြည့်စုံသော ကျောင်း များတွင် တက်ရောက်နိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာ များသင်ယူနိုင်စေရေးပညာရေးဝန်ကြီးဌာနနှင့်အတူ စီမံချက်များချမှတ်ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် အဆင့်မြင့်ပညာ ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကျင်းပကာ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ဥရောပတက္ကသိုလ်များအကြား ပေါင်းစည်းမှု အားကောင်းခိုင်မာလာစေရန် မည်သို့ဆောင်ရွက်မည်ဟူသည့် လက်တွေ့ဆန်သော ဦးတည်ချက်ကို အဖြေရှာမည်ဟု ဥရောပသမဂ္ဂသံအမတ်ကြီးက ပြောသည်။
နိုဝင်ဘာ ၃၀ ရက်ဆွေးနွေးပွဲ ၌ ဥရောပသမဂ္ဂ၏ အီရားမတ်စ် ပညာသင်ဆုအစီအစဉ်တွင် မြန် မာနိုင်ငံမှ ကျောင်းသား၊ ကျောင်း သူများပါဝင်ခွင့်ရရန် မြန်မာနိုင်ငံ မှ တက္ကသိုလ်များကို ကမ်းလှမ်း ခဲ့ပြီး အီရားမတ်အစီအစဉ်ဖြင့် တက္ကသိုလ်များကို နိုင်ငံတကာအ ဆင့်မီလာစေရန် ပံ့ပိုးပေးရန် လည်း လျာထားသည်ဟု ကြေ ညာထားသည်။
========================
251 / End
၁ ဒီဇင်ဘာ ၂၀၁၇ - ၁၅:၄၂
News ID: 870336