အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယခင်အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်ထံမှ ပြန်လည်လွှဲပြောင်းရယူ ခဲ့သည့် တိုင်ကြားစာ ၈၀ ကျော်အ နက် ၃၀ ကျော်ကို ကော်မရှင်အ သစ်က ဆက်လက်စစ်ဆေးနေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြန်ကြားရေးလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ပြောသည်။
‘‘အမှုပေါင်း ၃၀ လောက်ကို အရေးယူဆောင်ရွက်လျက်ရှိပါ တယ်။ ထိပ်တန်းလျှို့ဝှက်ချက် သတ်မှတ်ထားတဲ့ ကိစ္စတချို့ကို တော့ ဥပဒေစည်းကမ်းအရ မပြောကြားခြင်း ဖြစ်ပါတယ်’’ဟု ဦးဟန် ညွန့်က ဆိုသည်။
ဒီဇင်ဘာ ၈ ရက်က နေပြည် တော်ရှိ Kampinski Hotel တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အဂတိတိုက်ဖျက်ရေးနေ့အခမ်း အနားတွင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။
‘‘အထူးသဖြင့်တော့ ၀န်ထမ်းပိုင်းနဲ့ပဲ ပတ်သက်တဲ့အမှုများပြား တယ်လို့ပဲ ဖြေကြားလိုပါတယ်။ ၀န်ထမ်းများဟာ မိမိတို့ရဲ့ လုပ်ပိုင် ခွင့်အာဏာကို အစွဲပြုပြီးတော့ ပြည်သူလူထုအပေါ်မှာ လာဘ် ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုပြုခဲ့တယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်’’ဟု ဦးဟန်ညွန့်က တိုင်ကြားစာများနှင့် ပတ်သက်၍ ပြောသည်။
၂၀၁၄ မတ်လ ၁၀ ရက်မှ ၂၀၁၇ အောက်တိုဘာ ၃၁ ရက် အထိ စာရင်းများအရ သက်ဆိုင် ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များထံ တိုင် ကြားစာ ၁,၀၇၇ စောင်ကို လွှဲ ပြောင်းပေးပို့ခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
‘‘လုပ်ငန်းစဉ်အားဖြင့် တစ် ဖက်က စစ်ဆေးမှုတွေလုပ်မယ်။ တစ်ဖက်ကလည်းပဲ ပညာပေးရေးလုပ်ငန်းတွေလုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ လူနေ မှုဘ၀မှာကိုက အဂတိလိုက်စားမှု တွေ ကျယ်ကျယ်ပြန့်ပြန့် ပီပီပြင် ပြင်ရှိနေတော့ ဒါတွေအားလုံးကို လုပ်သွားရမယ်’’ဟု အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အဆိုပါ ပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြောသည်။
ပညာပေးမှုတွင် အသိပေး ခြင်း၊ သတိပေးခြင်းများ ပါဝင်မည်ဖြစ်ပြီး လူ့ပတ်ဝန်းကျင်၌ စာရိတ္တပိုင်းမြှင့်တင်ပေးမှု လုပ်ငန်းများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။
‘‘လူတွေစိတ်နေသဘော ထားတွေပြောင်းလာအောင် အသိပညာပေးမှုတွေ ပြုလုပ်သွားမှာပါ’’ဟု ဦးအောင်ကြည်က ပြောသည်။ အဂတိလိုက်စားမှုဆိုင်ရာ အညွှန်းကိန်း (CPI) ၏ ထုတ်ပြန် ချက်များအရ မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အဂတိလိုက်စားမှုအဆင့်(၁၅၇)တွင်ရှိပြီး ၂၀၁၆ စာရင်းများအရ(၁၃၆)သို့ ကျဆင်းခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ အမည် စာရင်းပေးပို့ချက်ဖြင့် အဖွဲ့ဝင် ၁၂ ဦးပါဝင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ကို နိုဝင်ဘာ ၂၃ ရက်က ပြည်ထောင် စုလွှတ်တော်တွင် အတည်ပြုခန့် အပ်ခဲ့သည်။
========================
251 / End
၉ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၄၅
News ID: 871757
ယခင်အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်ထံမှ ပြန်လည်လွှဲပြောင်းရယူ ခဲ့သည့် တိုင်ကြားစာ ၈၀ ကျော်အ နက် ၃၀ ကျော်ကို ကော်မရှင်အ သစ်က ဆက်လက်စစ်ဆေးနေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြန်ကြားရေးလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ပြောသည်။