၁၄ ဒီဇင်ဘာ ၂၀၁၇ - ၁၅:၂၇
သမ္မတ ဦးထင်ကျော် ကျန်းမာရေးကောင်းမွန်စေရန်နှင့် မြန်မာပြည်သူများသာယာဝပြောစေရန် နီပေါသမ္မတဆုတောင်း

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမာရေးကောင်းမွန်စေရန်နှင့် မြန်မာပြည်သူများသာယာဝပြောစေရန် နီပေါသမ္မတ Mrs. Bindya Devi Bhan-dari က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကတစ်ဆင့် ဆုတောင်းစကားပါးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမာရေးကောင်းမွန်စေရန်နှင့် မြန်မာပြည်သူများသာယာဝပြောစေရန် နီပေါသမ္မတ Mrs. Bindya Devi Bhan-dari က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကတစ်ဆင့် ဆုတောင်းစကားပါးခဲ့သည်။

နီပေါသမ္မတ Mrs. Bindya Devi Bhandari သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အား ဒီဇင် ဘာ ၁၁ ရက်တွင် လက်ခံတွေ့ဆုံ စဉ် ယင်းသို့ ဆုတောင်းစကားပါး ခဲ့သည်။

‘‘မြန်မာနိုင်ငံ သမ္မတကြီး ကျန်းမာချမ်းသာစေကြောင်းနှင့် မြန်မာပြည်သူများ သာယာဝပြော ပါစေရန် ဆုမွန်ကောင်းတောင်းပါ ကြောင်း ပြောကြားခဲ့သည်’’ဟု တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နီပေါနိုင်ငံချစ်ကြည်ရေး ခရီးစဉ်သည် နှစ် (၅၀) အတွင်း မြန် မာ့တပ်မတော်ခေါင်းဆောင်တစ် ဦးအနေဖြင့် ပထမဆုံးလာရောက် သည့်ခရီးစဉ်ဖြစ်၍ နှစ်နိုင်ငံတပ်မ တော်ဆက်ဆံရေးအတွက် အထူး အရေးပါကြောင်း နီပေါသမ္မတက ပြောကြားခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

ယခုခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက် ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်ရန်နှင့်ရှိပြီးသား နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန် လာရောက်ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က နီပေါသမ္မတအားပြော ကြားခဲ့သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နီပေါ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို အတွေ့အကြုံတစ်ရပ်အဖြစ် လေ့လာခွင့်ရရှိသဖြင့် အကျိုးရှိ ကြောင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း နီပေါ သမ္မတအား ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် နီပေါကြည်းတပ် ဦးစီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ တွေ့ဆုံရာတွင် တပ်မတော်နှစ်ရပ်အကြား ပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာသဘောတူညီမှုများရရှိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ သည်။

========================
251 / End