အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် တွေ့ဆုံ၍ NCA စာချုပ်လက်မှတ်ထိုးရေးကျန်ရှိနေသော အချက်များညှိနှိုင်းအဖြေရှာရန် ကြိုးပမ်းနေကြောင်း ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဒီဇင်ဘာ ၁၁ ရက်တွင် သတင်း ထုတ်ပြန်သည်။
ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ပိုမိုအဆင်ပြေ မည်ဟု ယုံကြည်ထားသည့် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်း ကြောင်းပေါ်တွင် လက်ရှိအစိုးရ နှင့် ဆွေးနွေးလာသည်မှာ ၁၇ လ ကြာမြင့်ပြီး နောက်ဆုံးအဖြေရရှိ ရေး ဆွေးနွေးရန် နိုဝင်ဘာ ၁၆ ရက် တွင် (၉) ကြိမ်မြောက်အစည်းအ ဝေးပြုလုပ်ရန် ပြင်ဆင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးအစား ကြိုတင်ညှိ နှိုင်းမှုသာပြုလုပ်ခဲ့ရကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါအကြိုညှိနှိုင်းအစည်း အဝေးရလဒ်အနေဖြင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် UNFC ထိပ်သီးခေါင်းဆောင် များတွေ့ဆုံ၍ ကျန်ရှိနေသော ဆွေးနွေးရန် အချက်များကို နှစ် ဖက်ညှိနှိုင်းအဖြေရှာရန် DPN(နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်း ရေးကိုယ်စားလှယ်အဖွဲ့)က တစ်ဆင့် ကြိုးပမ်းနေကြောင်း UNFC က ထုတ်ပြန်ခဲ့သည်။
နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံရန် ကြိုးပမ်းနေကြောင်း UNFC ထုတ်ပြန်ချက်နှင့် ပတ် သက်၍ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ‘‘တွေ့ဆုံ မှုကတော့ ကျွန်တော်တို့ ရှင်းရှင်း ပြောရရင် နောက်ဆုံးအဆင့်ပဲ။ တွေ့ဆုံလိုက်ရင်တော့ ဒါပြေ လည်သွားမယ်လို့ ယုံကြည်ပါ တယ်’’ဟု ပြောသည်။
နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရေးမတိုင်မီ ငြိမ်းချမ်းရေး ကော်မရှင်ခေါင်းဆောင်များနှင့် UNFC ကိုယ်စားလှယ်များဦးစွာ ဆက်သွယ်ညှိနှိုင်းဖွယ်ရှိကြောင်း ဦးအောင်စိုးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ၂၀၁၆ ဇူလိုင်က ရန်ကုန်မြို့တွင် တွေ့ ဆုံဆွေးနွေးဖူးသည်။ ယင်းအချိန် က UNFC ဥက္ကဋ္ဌသည် ကေအိုင်အို ဖြစ်သည်။
NCA လက်မှတ်ထိုးနိုင်ရေး UNFC ဘက်က အဆိုပြုထားသည့် အချက်များအနက် ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုနိုင်ငံ တည် ဆောက်ရန်ဟူသည့် စကားရပ်အ ပေါ် နှစ်ဖက်ညှိနှိုင်းမရဖြစ်နေခြင်း ဖြစ်သည်။ အစိုးရဘက်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဟူ သည့် စကားရပ်အပေါ် ရပ်တည်ထားပြီး UNFC ဘက်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟူ သည့် စကားရပ်အပေါ်ရပ်တည် ထားသည်။
UNFC အဖွဲ့ဝင်တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များသည် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) ၊ လားဟူဒီမိုက ရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်သည်။
အခြားတစ်ဖက်တွင် ‘၀’အဖွဲ့ (UWSA) ၊ ကချင်အဖွဲ့ (KIO/KIA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့် အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) စသည့် NCA လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင် ခုနစ်ဖွဲ့သည် မြောက်ပိုင်း ခုနစ်ဖွဲ့ဟူ၍ စုဖွဲ့ကာ NCA မထိုး ဘဲ နိုင်ငံရေးဆွေးနွေးရန် ကြိုးစား နေသည်။ အစိုးရက မြောက်ပိုင်း ခုနစ်ဖွဲ့၏ မူကိုလက်မခံဘဲ ယင်း အဖွဲ့များ NCA တွင် ပါဝင်ရေး တိုက်တွန်းထားသည်။
========================
251 / End
NCA သဘောတူညီချက်ရရှိရေး ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်တို့နှင့် တွေ့ဆုံရန် ကြိုးပမ်းနေဟု UNFC ထုတ်ပြန် တွေ့ဆုံဖြစ်ပါက NCA လက်မှတ်ေ
၁၄ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၀၇
News ID: 872524
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် တွေ့ဆုံ၍ NCA စာချုပ်လက်မှတ်ထိုးရေးကျန်ရှိနေသော အချက်များညှိနှိုင်းအဖြေရှာရန် ကြိုးပမ်းနေကြောင်း ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဒီဇင်ဘာ ၁၁ ရက်တွင် သတင်း ထုတ်ပြန်သည်။