၁၆ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၃၉
၂၁ ရာစုပင်လုံညီလာခံတွင်တင်ပြမည့် aအချက်များကို PPST အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်မည်

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံတွင် အပစ်ရပ်လက်နက်ကိုင်ရှစ်ဖွဲ့က တင်ပြမည့်ကဏ္ဍအလိုက်အချက် များကို ငါးရက်ကြာပြုလုပ်မည့် ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးတွင် အ တည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင်ဒေါက်တာဆလိုင်း လျန်မှုန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံတွင် အပစ်ရပ်လက်နက်ကိုင်ရှစ်ဖွဲ့က တင်ပြမည့်ကဏ္ဍအလိုက်အချက် များကို ငါးရက်ကြာပြုလုပ်မည့် ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးတွင် အ တည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင်ဒေါက်တာဆလိုင်း လျန်မှုန်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ် ဖွဲ့ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့(PPST)အစည်းအ ဝေးကို ယနေ့ဒီဇင်ဘာ ၁၄ ရက် မှစတင်၍ ထိုင်းနိုင်ငံချင်းမိုင်မြို့ တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

‘‘ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြရမယ့် နိုင်ငံရေးကဏ္ဍ၊ လုံ ခြုံရေးကဏ္ဍအပါအ၀င် ကဏ္ဍငါး ခုမှာ တင်ပြမယ့်အချက်တွေကို အဲဒီမှာ အတည်ပြုသွားမှာဖြစ်ပါ တယ်။ အတည်ပြုပြီးတော့ အမျိုး သားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တွေ၊ လူထုတွေ့ဆုံဆွေးနွေးပွဲ တွေကနေတစ်ဆင့် UPDJC က နေ ညီလာခံကိုတင်ပြသွားမှာ ဖြစ်ပါတယ်’’ ဟု ချင်းအမျိုးသား တပ်ဦး(CNF)ဒုဥက္ကဋ္ဌလည်းဖြစ် သူ ဒေါက်တာဆလိုင်းလျန်မှုန်း က ပြောသည်။

NCA လက်မှတ်ထိုးရှစ်ဖွဲ့ အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံ တွင် ဆွေးနွေးရသည့်ကဏ္ဍငါးရပ် နှင့်ပတ်သက်၍ ကော်မတီအသီး သီးဖွဲ့စည်းကာ ဆွေးနွေးထား ကြောင်း ၎င်းကပြောသည်။

PPST တွင် ကရင်အမျိုး သားအစည်းအရုံး(KNU)ဥက္ကဋ္ဌ က အဖွဲ့ခေါင်းဆောင်အဖြစ်တာ ၀န်ယူပြီး ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုး သားတပ်ဦး (CNF)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင် လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ KNLA-PC ငြိမ်းချမ်းရေးကောင် စီတို့မှ ခေါင်းဆောင်တစ်ဦးစီပါ ၀င်သည်။

အဆိုပါအစည်းအဝေးအပြီး တွင်  NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များဖြင့် ဖွဲ့ စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ(UNFC)နှင့် ဆက် လက်တွေ့ဆုံရန်ရှိကြောင်း ၎င်း က ပြောသည်။ NCA တွင် မပါ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များပါဝင်လာရေး ကြိုးပမ်းမည်ဟု NCA လက် မှတ်ထိုးရှစ်ဖွဲ့က ထုတ်ဖော်ပြော ကြားထားသည်။

========================
251 / End