အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်နဲ့ တိုင်း ၆ ခုက ၀န်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ မောင်တောမြို့ကို ဒီနေ့ မနက်ပိုင်းက စစ်တွေမြို့မှတဆင့် ထွက်ခွာသွားပါတယ်။
ပြည်နယ်နဲ့တိုင်း ၆ ခုတို့မှ အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ တာဝန်ရှိသူတွေဟာ မောင်တောဒေသသို့ သွားရောက်ပြီး အိမ်ရာနဲ့ စာသင်ကျောင်းတွေ တည်ဆောက်ပေးနိုင်ဖို့ စစ်တွေမြို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ရောက်ရှိခဲ့ကြတာပါ။
မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိလာတဲ့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ စစ်ကိုင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေဟာ ဒီနေ့ မနက်ပိုင်းက မောင်တောဒေသသို့ ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
========================
251 / End
၁၇ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၂၇
News ID: 872948
ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်နဲ့ တိုင်း ၆ ခုက ၀န်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ မောင်တောမြို့ကို ဒီနေ့ မနက်ပိုင်းက စစ်တွေမြို့မှတဆင့် ထွက်ခွာသွားပါတယ်။