အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၁၇ ခုနှစ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် အာ ရှနှင့် ဥရောပ ချစ်ကြည်ရေး ခရီး စဉ်များကို ခြေလှမ်းသွက်သွက် သွားရောက်ခဲ့ပြီး တပ်မတော်၏ သံခင်း တမန်ခင်းကို ထိထိ ရောက်ရောက် ဖြန့်ကြက်ချဲ့ထွင် နိုင်ရန် ဖော်ဆောင်ခဲ့ သည်ကို တွေ့ ရှိရသည်။ တစ်နှစ်အတွင်း နိုင်ငံ ၁၁ နိုင်ငံကို အလုပ်သဘော အ လည်အပတ် သွားရောက်ခဲ့ပြီး အာ ရှနိုင်ငံများတွင် အစိုးရ အကြီးအ ကဲများနှင့်ပါ တွေ့ဆုံဆွေးနွေးအ မြင်ဖလှယ်ခဲ့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ချစ် ကြည်ရေး ခရီးစဉ်များသည် စစ် ရေးသက်သက်သာမက၊ နိုင်ငံ့ရေးရာများနှင့် ဆက်စပ်နေသည်ဟု သုံးသပ်နိုင်သည်။
တပ်မတော် ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ဦးဆောင်သော မြန်မာ့တပ်မ တော် ကိုယ်စားလှယ်အဖွဲ့သည် နီပေါ တပ်မတော် ကြည်းတပ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး Ranjendra Chhetri ၏ ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တွင် နီပေါဖက်ဒရယ် ဒီမိုကရက် တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါဖက် ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ H.E.Mrs. Bidhya Devi Bhandari နှင့် ခတ္တမန္ဒူမြို့ သမ္မတ ရုံး ဧည့်ခန်းမတွင် တွေ့ဆုံဆွေး နွေးခဲ့ပြီး နီပေါဝန်ကြီးချုပ် Sher Bahadur Deuba၊ ကာကွယ်ရေး ၀န်ကြီး Bhimsen Das Pradhan တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ သည်။
မြန်မာ့တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်သည် နှစ် ပေါင်း ၅၀ အတွင်း နီပေါနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေး အလည်အပတ် ခရီးသွားရောက်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်အ လွန် နှစ်နိုင်ငံတပ်မတော် နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာနိုင်သည့် အပြင် နီ ပေါနိုင်ငံ၏ ငြိမ်းချမ်းရေးအတွေ့ အကြုံများသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အ တွက် အထောက်အကူ ပြုနိုင်လိမ့် မည်ဟု သုံးသပ်ကြသည်။ နီပေါ နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက် နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ် တည်ခဲ့သည့်အတွက် ကျေးဇူးတင် ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က တရားဝင်ပြော ကြားခဲ့သည်။ နီပေါဖက်ဒရယ်ဒီ မိုကရက်တစ် သမ္မတနိုင်ငံသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော် မရှင် အဖွဲ့ဝင်အဖြစ် ၂ နှစ်သက် တမ်း စတင်တာဝန်ယူမည်ဖြစ် သည်။ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ခရီးစဉ်သည် ၂၀၁၇ ခုနှစ်တွင် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ (၁၁) ကြိမ်မြောက် နိုင်ငံရပ်ခြားခရီးစဉ်ဖြစ် သည်။
၂၀၁၇ ခုနှစ် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်၏ နိုင်ငံရပ်ခြားခရီးစဉ်များအနက် သုံးကြိမ်သည် အစည်းအဝေး တက်ရောက်ရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ် သည် ၂၀၁၇ ခုနှစ်တွင် ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် အာဆီယံ ဒေသတွင်း နိုင်ငံများသို့ သွား ရောက်ခဲ့သည်။ မတ်လဆန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင် ငံသို့ ချစ်ကြည်ရေး အလည်အ ပတ် ခရီးသွားရောက်ခဲ့သည်။ ဗီ ယက်နမ်အမျိုးသား ကာကွယ်ရေး ဝန်ကြီး H.E.Mr. Ngo Xuan Lich နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး PoL Saroeun တို့ကဖိတ် ကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် ဟနွိုင်း နှင့်ဖနွမ်းပင် ခရီးစဉ်အတောအ တွင်း ဗီယက်နမ်သမ္မတ H.E. Mr. Tran Dai Quang၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် H.E. Samdach Maha Sera Pedey Techo HUN SEN၊ ဗီယက်နမ် အမျိုးသားလွှတ် တော် ဥက္ကဋ္ဌ H.E. Ms. Nguyen Thi Kim Ngan၊ ကမ္ဘောဒီးယား နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် အမျိုး သား ကာကွယ်ရေးဝန်ကြီး ဗိုလ် ချုပ်ကြီး Tea Banh တို့နှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။
မြန်မာ့တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်၏ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံဖြစ် သော ဂျာမနီနိုင်ငံနှင့် သြစတြီး ယားနိုင်ငံ အလည်အပတ် ခရီးစဉ် များလည်း ၂၀၁၇ ခုနှစ်တွင် စိတ် ဝင်စားဖွယ်ရာ ဖြစ်ခဲ့သည်။ ဧပြီ လကုန်တွင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံနှင့် သြစတြီး ယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီးသွားရောက်ခဲ့ သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျာမနီနိုင်ငံ တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Volker Weiker ၊ သြစတြီးယား တပ်မ တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Othmar Commenda ၊ ဂျာမနီ နိုင်ငံ ဖက်ဒရယ်နိုင်ငံခြားရေး ဌာန အတွင်းဝန် Dr. Markus EDERER တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျာမနီတပ်မတော်၊ သြစတြီးယား တပ်မတော်နှင့် မြန်မာ့တပ်မတော် အကြား ပူးပေါင်းဆောင်ရွက်နိုင် မည့် အလားအလာများကို ဆွေး နွေးအမြင်ဖလှယ်ခဲ့သည်ဟု သုံး သပ်နိုင်သည်။ ဂျာမနီနှင့် သြစ တြီးယားတို့သည် မြန်မာ့တပ်မ တော်အရာရှိများကို လေ့ကျင့် သင်ကြားပေးရန် အဆိုပြုခဲ့သည်။ ဒီမိုကရေစီအသွင် ကူးပြောင်း ရေး၊ ငြိမ်းချမ်းရေးနှင့် နယ်စပ်ရေး ရာတို့နှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို ဘာလင် တွင် ဆွေးနွေးခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင် လှိုင်သည် ၂၀၁၇ ခုနှစ်မေလတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်း ပသည့် (၁၄) ကြိမ်မြောက်အာဆီ ယံ တပ်မတော်ကာကွယ်ရေး ဦး စီးချုပ်များ အလွတ်သဘောအ စည်းအဝေးကို တက်ရောက်ခဲ့ သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် လာအိုပြည်သူ့တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် Souvone LEUANGBOUNMY ၊ ထိုင်းဘုရင့်တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Surapong Suwana-adth ၊ ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီး Eduardo M.Ano ၊ စင်ကာပူ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး Perry Lim ၊ အင်ဒိုနီးရှားတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Gatot Nurmantyo တို့နှင့်သီးခြားစီတွေ့ဆုံ၍ ချစ်ကြည်ရေး၊ကာကွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လုံခြုံရေးပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စ ရပ်များအား ဆွေးနွေးခဲ့ကြသည်။
မြန်မာ့တပ်မတော်နှင့် နီး ကပ်သော ဆက်ဆံရေးကို ကာလ ရှည်ကြာ ထူထောင်ထားသည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ သွား ရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီး စဉ်သည်လည်း ၂၀၁၇ ခုနှစ် အ တောအတွင်း ဗျူဟာမြောက်အ ရေးပါသော ခရီးစဉ်တစ်ခုပင် ဖြစ် သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဗိုလ်ချုပ်ကြီး Sergey K. Shoigu ၏ ဖိတ်ကြား ချက်အရ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၇ မှ ၂၄ ရက်အထိ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသို့ ချစ်ကြည်ရေးအ လည်အပတ် ခရီးသွားရောက်ခဲ့ သည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် ရုရှားဖက်ဒရေးရှင်းနှင့် ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံအ ကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဇွန်လ ၁၉ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံလုံခြုံရေး ကောင်စီအတွင်းရေးမှူး Mr. Nikolai Patrushev နှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာများ၊ လုံခြုံရေးကဏ္ဍပူး ပေါင်းဆောင်ရွက်ရေး၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးနှင့် သက် ဆိုင်သည့် သတင်းများ အပြန်အ လှန်လဲလှယ်ရေးဆိုင်ရာ ကိစ္စများ အား ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ Mr. Nikolai Patrushev သည် ရုရှားထောက်လှမ်းရေး အကြီးအ ကဲဟောင်းဖြစ်ပြီး သမ္မတပူတင် နောက်ပိုင်း ထောက်လှမ်းရေးအ ကြီးအကဲနေရာကို ဆက်ခံခဲ့သူ ဖြစ်သည်။ မော်စကိုနှင့်နေပြည် တော် အကြား စစ်ဘက်ဆက်ဆံ ရေးသည် အားကောင်းမြဲ အား ကောင်းဆဲဟု သုံးသပ်နိုင်သည်။
အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊လေ) ဦးစီးချုပ်များ ကော်မ တီဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး Sunil Lanba ၏ ဖိတ်ကြားချက် အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ဇူလိုင် ၇ ရက်မှ ၁၅ ရက်အထိ အိန္ဒိယသမ္မတနိုင်ငံ သို့ ချစ်ကြည်ရေးခရီး သွားရောက် ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် အိန္ဒိယဝန်ကြီး ချုပ် Narendra Modi ၊ ကာကွယ် ရေးဝန်ကြီး Arun Jaitley အပါအ ဝင် အစိုးရထိပ်ပိုင်း ပုဂ္ဂိုလ်များနှင့် ကျယ်ကျယ်ပြန့်ပြန့် အမြင်ဖ လှယ် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ကာလရှည်ကြာ ဘေဂျင်းနှင့် စစ်ဘက်ဆက်ဆံရေး အား ကောင်းခဲ့သော မြန်မာ့တပ်မတော် နှင့် ဆက်ဆံရေးကို နယူးဒေလီက အလေးထားမည်ဖြစ်သည်။ အိန္ဒိ ယ၏ အရှေ့ဖော်မူဝါဒအရ အာဆီ ယံနိုင်ငံများနှင့် ချိတ်ဆက်နိုင်ရေး တွင် မြန်မာနိုင်ငံသည် သော့ချက် မဏ္ဍိုင်ဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ နေပြည်တော် နှင့် ဘေဂျင်းစစ်ဘက်ဆက်ဆံရေး သည် နေပြည်တော်နှင့် နယူးဒေ လီ စစ်ဘက်ဆက်ဆံရေးထက် ပို မိုအားကောင်း ခိုင်မာနေသည်မှာ ငြင်းဆန်မရသောအချက်ပင် ဖြစ် သည်။ နယူးဒေလီသည်လည်း ဘေဂျင်း၏ သြဇာလျှော့ချနိုင်ရေး နှင့် ဆက်စပ်လျှင် နေပြည်တော် နှင့် ပိုမိုအားကောင်းသော ဆက်ဆံ ရေးကို တည်ဆောက်လာနိုင်ဖွယ် ရှိနေသည်။
နေပြည်တော်အပေါ် ဘေ ဂျင်း၏သြဇာလွှမ်းမိုးမှုကို နယူး ဒေလီနည်းတူ တိုကျိုသည်လည်း ပြောင်းပြန်လှန်ပစ်နိုင်မည့် ခြေ လှမ်းများကို လှမ်းနေဆဲဟု ဆိုနိုင် သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံ သို့ သြဂုတ်လ ၂ ရက်မှ ၇ ရက်အထိ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပထမအကြိမ် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Shinzo ABE နှင့် တွေ့ဆုံခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E.Mr. Taro ASO က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ နိပွန်ဖောင်ဒေးရှင်း၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်ဆွေးနွေးမှုများ တွင် တိုကျိုနှင့် နေပြည်တော်အကြား စစ်ဘက်ပူးပေါင်းဆောင် ရွက်ရေး၊ အကူအညီ အထောက်အပံ့ပေးရေးတို့သည် သော့ချက်အရေးကိစ္စများ ဖြစ်လိမ့်မည်ဟု ကောက်ချက်စွဲကြသည်။
ဘန်ကောက်- နေပြည် တော် စစ်ဘက်ဆက်ဆံရေးသည် လည်း အချက်အချာကျသော အ ခင်းအကျင်းတစ်ခုပင် ဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးသည် ကဏ္ဍ ပေါင်းစုံတွင် အားကောင်းမောင်း သန်ဆဲဖြစ်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် သြ ဂုတ် ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့သည်။ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီး Surapong Suwana-adth က ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံများ၏ ကာကွယ် ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲကို တက်ရောက်ခဲ့သည်။ ဘန် ကောက်- နေပြည်တော် စစ်ဘက်ဆက်ဆံရေးသည် သာလွန် ကောင်းမွန်သော အနေအထား တွင် ရှိနေသည်ဟု သုံးသပ်နိုင် သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူး တွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး Li Zuocheng ၏ ဖိတ် ကြားချက်အရ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် နိုဝင် ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် တရုတ် နိုင်ငံ သမ္မတစီကျင်းပင်၊ တရုတ် နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Xu Qiliang ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးချုပ် ဗိုလ် ချုပ်ကြီး Li Zuocheng တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်သည် မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာဖိအား များ မြင့်တက်လာနေသည့်အချိန် နှင့် တိုက်ဆိုင်ခဲ့သည်။ နေပြည် တော်အနေဖြင့် နိုင်ငံတကာ ဖိ အားကို အကြောင်းပြုလျက် ဘေဂျင်းဘက် ယိမ်းသည်ထက် ယိမ်းလာနေသည့် ကာလတွင် သွားရောက်ခဲ့သည်ဟု သုံးသပ်နိုင် သည်။
၂၀၁၇ ခုနှစ်တွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်၏ နိုင်ငံတကာဆက် ဆံရေးကွန်ရက်ကို သိသိသာသာ ဖြန့်ကြက်နေသည်ဟု ကောက် ချက်ပြုနိုင်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံ နိုင်ငံများအနက် ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို အလုပ် သဘော အလည်အပတ်သွား ရောက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ သို့ အလည်အပတ်သွားရောက် ခဲ့ခြင်း မရှိသော်လည်း အင်ဒိုနီး ရှား တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်ကြီး Gatot Nur-mantyo နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသာမက ဘေဂျင်း၏ ပြိုင်ဘက်များဖြစ် သော အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံ သို့လည်း အလည်အပတ် သွား ရောက်ခဲ့သည်။ နေပြည်တော် သည် ဘေဂျင်း၊ နယူးဒေလီနှင့် တိုကျိုအကြား စစ်ဘက်ဆက်ဆံ ရေးကို သိသိသာသာ ထိန်းညှိဖော် ဆောင်ခဲ့ပြီး သြစတြီးယားနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ရုရှားနိုင်ငံခရီးစဉ် များသည်လည်း စောင့်ကြည့်လေ့ လာသူများကို စိတ်လှုပ်ရှားစေခဲ့ သည်။
အချုပ်အားဖြင့်ဆိုသော် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ ၂၀၁၇ ခုနှစ် နိုင်ငံရပ်ခြား ချစ်ကြည်ရေး ခရီးစဉ်များကို ကြည့်လျှင် မြန်မာ့တပ်မတော် သည် နိုင်ငံတကာဆက်ဆံရေး ယန္တရားကို ဗျူဟာမြောက် ဖော် ဆောင်နေပြီး စစ်ဘက်ဆက်ဆံ ရေးသာမက နိုင်ငံ့ရေးရာကိစ္စများတွင် သော့ချက်ကျ အရေးပါသည့်နိုင်ငံများနှင့် မဟာဗျူဟာ မဟာမိတ်ဆက်ဆံရေးကို စနစ်တကျ ချဲ့ထွင်လာနေသည်ဟု ကောက် ချက်ပြုနိုင်သည်။ လာမည့် ၂၀၁၈ ခုနှစ်တွင် မြန်မာ့တပ်မတော်အ နေဖြင့် နိုင်ငံတကာဆက်ဆံရေး ယန္တရားကို အရှေ့တောင်အာရှ နှင့် အာရှနိုင်ငံများအကြား ပိုမိုချဲ့ထွင်လာနိုင်သည့်အပြင် ဥရောပနိုင်ငံများ၏ တပ်မတော်များနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် နည်းလမ်းရှာဖွေ ကုစားလာနိုင်ပါကြောင်း သုံးသပ်တင် ပြလိုက်ရပါသည်။
========================
251 / End
၁၈ ဒီဇင်ဘာ ၂၀၁၇ - ၁၈:၃၆
News ID: 873105
၂၀၁၇ ခုနှစ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် အာ ရှနှင့် ဥရောပ ချစ်ကြည်ရေး ခရီး စဉ်များကို ခြေလှမ်းသွက်သွက် သွားရောက်ခဲ့ပြီး တပ်မတော်၏ သံခင်း တမန်ခင်းကို ထိထိ ရောက်ရောက် ဖြန့်ကြက်ချဲ့ထွင် နိုင်ရန် ဖော်ဆောင်ခဲ့ သည်ကို တွေ့ ရှိရသည်။ တစ်နှစ်အတွင်း နိုင်ငံ ၁၁ နိုင်ငံကို အလုပ်သဘော အ လည်အပတ် သွားရောက်ခဲ့ပြီး အာ ရှနိုင်ငံများတွင် အစိုးရ အကြီးအ ကဲများနှင့်ပါ တွေ့ဆုံဆွေးနွေးအ မြင်ဖလှယ်ခဲ့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ချစ် ကြည်ရေး ခရီးစဉ်များသည် စစ် ရေးသက်သက်သာမက၊ နိုင်ငံ့ရေးရာများနှင့် ဆက်စပ်နေသည်ဟု သုံးသပ်နိုင်သည်။