၂၀ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၀၆
ဝေဖန်မှုများပေါ်ထွက်နေသည့် ပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်အရ ပြန်လည်ရေးဆွဲမည်

လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများရှိနေသည့် ၁၂ လ ရာသီ လိုက်ကာပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည်၏ ပြော ကြားချက်အရ ပြန်လည်ပြင်ဆင် ရေးဆွဲမည်ဟု ပန်းချီဆရာ ဇော် ဇော်အောင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများရှိနေသည့် ၁၂ လ ရာသီ လိုက်ကာပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည်၏ ပြော ကြားချက်အရ ပြန်လည်ပြင်ဆင် ရေးဆွဲမည်ဟု ပန်းချီဆရာ ဇော် ဇော်အောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် စိတ်ကူးအတိုင်း ရေးဆွဲခဲ့သည့် အဆိုပါ ပန်းချီကားကို မြန်မာ့ရိုး ရာ ဆယ့်နှစ်လရာသီ ကိုယ်စားပြု သည့် ပန်းများ၊ ပွဲတော်များ၊ ဂြိုဟ် ခွင်များနှင့် နက္ခတ်များဖြင့် ရေးဆွဲ ထားခြင်းဖြစ်သည်။ ပန်းချီကား အောက်တွင် ဘုရားပုံများပါနေပြီး ပန်းချီကားကို ချထားပါက ပန်းချီ ကားထဲမှ ဘုရားပုံများသည် လူ၏ခြေထောက်နှင့် တစ်တန်းတည်း ဖြစ်နေသည်ဟုဆိုကာ ဝေဖန်ကြ ခြင်းဖြစ်သည်။

အဆိုပါ ပန်းချီကားကို ဒီဇင် ဘာ ၁၂ ရက်က ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုရာ ယင်းဓာတ်ပုံများ ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့လာပြီးနောက် ဝေဖန်ခဲ့ကြ သည်။ထို့ကြောင့် ပန်းချီကားကို ပြန်လည်ရေးဆွဲရန် ဒေါ်အောင် ဆန်းစုကြည်က ပြောကြား၍ ပန်းချီဆရာ ဇော်ဇော်အောင်က ပြန်လည်ရေးဆွဲမည်ဖြစ်သည်။

‘‘အားလုံးအတွက် အဆင် ပြေအောင် လုပ်ပေးမယ်။ ပန်းချီ ကားကို ပြန်ရေးပါမယ်။ ကိုယ့် စိတ်တစ်ခုတည်းနဲ့ဆိုရင် ပြင်စရာ မလိုဘူး။ ကျွန်တော် ဘာသာ တရားစော်ကားတာ လုံးဝမရှိဘူး။ အမှန်က အဲဒီပန်းချီကားကို တစ် တောင်လောက်မြင့်တဲ့ခုံပေါ်မှာ ထားမှာပါ။ ဒေါ်အောင်ဆန်းစု ကြည်လာကြည့်တုန်း ပြရတာမို့ ဒီအတိုင်းပြလိုက်တာ’’ဟု ပန်းချီ ဆရာ ဇော်ဇော်အောင်က ပြော သည်။

ယင်းပန်းချီကားကို ရေးဆွဲ ရန် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ ကိုသက်စိုးမှတစ်ဆင့် ပန်းချီဆရာ ဇော်ဇော်အောင်ထံ အကြောင်း ကြားခြင်းဖြစ်သည်။

ယင်းပန်းချီကားရေးဆွဲရန် ၂၀၁၆ ဩဂုတ်က ဒေါ်အောင် ဆန်းစုကြည်က အကြောင်းကြား ခဲ့ပြီး တစ်နှစ်ကျော်ကြာ ယခုနှစ် နိုဝင်ဘာလကုန်တွင် ရေးဆွဲပြီးစီး ခဲ့ကာ ဒီဇင်ဘာလကုန်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ ပန်းချီကားပေးအပ်ရန် စီစဉ်ခြင်းဖြစ်သည်။

ပန်းချီကားတွင် ဘုရားပုံကို အောက်တွင်ထား၍ ရေးဆွဲရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန် ကြားခဲ့ခြင်းမဟုတ်ကြောင်း ပန်းချီ ဆရာ ဇော်ဇော်အောင်က ဆို သည်။

‘‘ဘုရားပုံကြီး အောက်ထားပြီးရေးပေးပါလို့ သူပြောတာ မဟုတ်ဘူး။ ဒေါ်စုက အဲဒီနေ့ ချက်ချင်းမှာပဲ အဲဒီစကားတွေ ကြား ရတယ်။ ဒေါ်စုပြောတဲ့စကားက ရှင်းရှင်းလေး။ အများရဲ့ ဆန္ဒကို နားထောင်ပေးပါ။ လက်ခံပေးပါ။ နောက် ရဟန်း၊ သံဃာတော်တွေ ရဲ့ ဆုံးမပဲ့ပြင်မှုကို နားထောင်ပေး ပါ။ ဒါကြောင့် ပြန်ရေးပေးဖို့ ဆုံး ဖြတ်လိုက်တာပါ။ ကိုယ့်အတွက် ကြောင့် ဒေါ်စု ထိခိုက်နစ်နာမှာ စိုးလို့ပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါ ပန်းချီကားကို အ သစ်ပြန်လည်ရေးဆွဲမည်မဟုတ် ဘဲ ဘုရားပုံပါသည့်အကွက်များ ကိုသာ ပြန်လည်ရေးဆွဲမည်ဖြစ် ကာ နဂိုဘုရားပုံနေရာတွင် ဘုရားပုံကို ထည့်သွင်းရေးဆွဲတော့မည် မဟုတ်ဘဲ ရာသီနှင့် လိုက်ဖက် သည့် အခြားအရာများကို အစား ထိုးမည်ဟု ဆိုသည်။ ပန်းချီကားကို ပြန်လည်ရေးဆွဲရန် နောက်ထပ်သုံးလခန့် အချိန်ယူရဦးမည် ဟု ပန်းချီဆရာက ပြောသည်။

 အဆိုပါ လိုက်ကာပန်းချီ ကားသည် အမြင့် ၆ ပေခွဲ၊ အ လျား ၂၃ ပေရှိပြီး ကင်းဗတ်ပေါ် တွင် ဆီဆေးဖြင့် ရေးဆွဲထား သည်။ ပန်းချီကားနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် လိုချင် သည့် အချက်အလက်များကို ပန်းချီဆရာက အကြမ်းသာ သိရပြီး ယင်းအချက်အလက်များ အပေါ် အခြေခံရေးဆွဲခြင်းဖြစ် သည်။

========================
251 / End