၂၂ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၄၀
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို ရှမ်းလူထုတွေ့ဆုံပွဲများ ဟန့်တားခံရ

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲများကို ဒီဇင်ဘာ ၂၁ ရက်က မြို့နယ်သုံးမြို့ နယ်တွင် ပြုလုပ်ရာ တပ်မတော် က လာရောက်တားမြစ်ခဲ့ကြောင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲများကို ဒီဇင်ဘာ ၂၁ ရက်က မြို့နယ်သုံးမြို့ နယ်တွင် ပြုလုပ်ရာ တပ်မတော် က လာရောက်တားမြစ်ခဲ့ကြောင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPD JC) ခွင့်ပြုချက်ဖြင့် လင်းခေးတွင် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အ ကြိုလူထုတွေ့ဆုံပွဲကို ရှမ်းလက် နက်ကိုင်အဖွဲ့များ၊ ရှမ်းနိုင်ငံရေး ပါတီများနှင့် အရပ်ဘက်အဖွဲ့များပါဝင်ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီက ဦးဆောင်ပြုလုပ်နေသည်။ ယင်းတွေ့ဆုံပွဲများမှ ဆွေးနွေးချက်များ ကို အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှတစ်ဆင့် ၂၁ ရာစု ပင်လုံညီလာခံသို့ တင်ပြမည်ဖြစ် သည်။

သို့သော် ဒီဇင်ဘာ ၂၁ ရက် က တာချီလိတ်၊ လားရှိုးနှင့် ပင်လုံ မြို့တို့တွင် ကျင်းပနေသည့်လူထု တွေ့ဆုံပွဲများကို တပ်မတော်က လာရောက်ဟန့်တားခဲ့ကြောင်း ဦးစိုင်းညွန့်လွင်က ပြောသည်။

‘‘တစ်နေ့တည်းမှာ သုံးနေရာ လုပ်တယ်။ အဲဒီသုံးနေရာစလုံးမှာ တားမြစ်ခံရတယ်ပေါ့။ ဒါပေမဲ့ တာချီလိတ်နဲ့ လားရှိုးက ပွဲက တော့ ပြီးအောင် လုပ်လိုက်တယ်။ ပင်လုံကတော့ ဒီကိုယ်စားလှယ် တွေနဲ့ လူထုတွေ့ဆုံပွဲပဲ လုပ် လိုက်ရတယ်။ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက်ဆိုတဲ့ အဲဒီခေါင်းစဉ်နဲ့ မလုပ်လိုက်ရဘူး’’ ဟု ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်အထွေထွေအတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်က ပြော သည်။

ပင်လုံမြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သည့် လူထုတွေ့ ဆုံပွဲကို တပ်မတော်က ဟန့်တားခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၁ ရက်တွင် ပင်လုံအပါအဝင် သုံးမြို့ နယ်၌ ထပ်မံပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း မှူးအမိန့်အရ တပ်မတော်ဘက် က လာရောက်၍ ထပ်မံတားမြစ်ခဲ့ ကြောင်း အဆိုပါလူထုတွေ့ဆုံပွဲ တွင် ပါဝင်သည့် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် နန်းခမ်းအေးကပြောသည်။

အညိုရောင်နယ်မြေဖြစ်၍ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ် ကြောင်း အဆိုပါတပ်မတော်တာ ဝန်ရှိသူက ပြောကြားသည်ဟု နန်း ခမ်းအေးက ဆိုသည်။ လူထုတွေ့ဆုံပွဲတွင် ရှမ်းဘာသာစကားဖြင့် ဟောပြောခြင်းမပြုရန်  တပ်မတော်တာဝန်ရှိသူက  တားမြစ် ကြောင်းလည်း ၎င်းကပြောသည်။

‘‘ကျွန်မက လွှတ်တော်ကိုယ် စားလှယ်တစ်ဦး။ တိုင်းရင်းသားနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော် ဆောင်မှုကော်မတီကပါ။ အဲဒီအတွက် ငြိမ်းချမ်းရေးဖော်ဆောင် မှုကော်မတီမှာ ကျွန်မဝင်ပြီး လုပ်နေရတာတွေကို လူထုကို အသိ ပေးရှင်းပြတာ။ ပြည်သူကို ကျွန်မ သူတို့နားလည်အောင် ရှင်းပြနေ တာ။ ကျွန်မတို့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးကို အဲဒီလို ကန့်သတ်လို့မရဘူး။ ကျွန်မ နှစ်ဘာသာ ပြောပြမယ်။ နားထောင်ရတယ်။ ကျွန်မလည်း ဖြစ်နိုင်ရင် လေ စစ်တပ်တစ်တပ်လုံးကို နား ထောင်စေချင်တယ်။ ဘာဖြစ်လို့ လဲဆိုရင် ကျွန်မတို့က အဓိပ္ပာယ်ကွဲလွဲနေတာလေ။ အဲဒီလိုဖြစ်နေ တာ’’ဟု ဒီဇင်ဘာ ၂၁ ရက် ပင်လုံလူထုတွေ့ဆုံပွဲကို တပ်မတော် ဘက်မှ လာရောက်ဟန့်ထားစဉ် နန်းခမ်းအေးက ပြန်လည်ရှင်း ပြနေသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်တွင် တွေ့ ရသည်။

RCSS က ဦးဆောင်သည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်း ပြည်နယ်လင်းခေးမြို့တွင် ၂၀၁၈ ဇန်နဝါရီအတွင်း ကျင်းပရန် နိုဝင် ဘာ ၂၇ ရက်က နေပြည်တော်၌ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးတွင် သဘောတူခဲ့သည်။ အဆိုပါအစည်းအဝေး၌ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၊ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက် မှတ်ထိုးရှစ်ဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ UPDJC နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း၏ ခွင့်ပြုချက်ဖြင့် လူထုတွေ့ဆုံပွဲ များကို ပြုလုပ်ခြင်းဖြစ်ကြောင်း CSSU က ဆိုသည်။

လူထုအကြိုဆွေးနွေးပွဲများ ကို တည်ငြိမ်ရေးနှင့် လုံခြုံရေး မထိခိုက်စေဘဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်နယ်အစိုးရက ထောက်ပံ့ကူညီရန် ဆောင်ရွက် ထားကြောင်းနှင့် ထိုညွှန်ကြား ချက်ကို  အုပ်ချုပ်ရေးဦးစီးဌာန များထံ ပေးပို့ထားကြောင်း ရှမ်း ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က 7Day Daily အား ပြောသည်။

‘‘ဒီရှမ်းပြည်မှာရှိနေတဲ့ ဒီမြို့ တွေကို အမျိုးသားအဆင့် နိုင်ငံ ရေးအကြိုဆွေးနွေးပွဲ ဆင်းပြီး လူထုနဲ့တွေ့ဆုံမှာ ဒီပင်လုံမြို့ လည်းပါတယ်။ အဲဒါကြောင့်မို့လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးတွေ၊ ဌာနတွေကနေ ကူညီပေးဖို့ ဆိုပြီး တော့မှ အစိုးရက စာထုတ်ထား တာရှိတယ်။ အဲဒီမှာ ကျွန်မတို့က အဲဒီစာကို ပေးလိုက်တယ်။ ဒါပေ မဲ့ ဆက်တားတုန်းပဲ’’ဟု လွှတ် တော်ကိုယ်စားလှယ် နန်းခမ်းအေး က ပြောသည်။

ထိုသို့ ရှမ်းလူထုတွေ့ဆုံပွဲ များကို တပ်မတော်က လိုက်လံ တားဆီးနေခြင်းနှင့်ပတ်သက်၍ လွှတ်တော်အစည်းအဝေးများ ပြန်စပါက တင်ပြမည်ဖြစ်ကြောင်း နန်းခမ်းအေးက ပြောသည်။

‘‘ကျွန်တော်တို့ငြိမ်းချမ်းရေး အတွက် လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတော် အကြီးအကဲတွေနဲ့ သဘောတူညီ ပြီးတော့ လုပ်နေတဲ့အပေါ်မှာ တော့ ကျွန်တော်တို့ အတတ်နိုင် ဆုံးတော့ ဆက်လုပ်သွားမယ်။ ဒါ ပေမဲ့ ပြဿနာဖြစ်မယ့်အရိပ်အ ယောင်ရှိမယ်ဆိုရင်တော့ ကျွန် တော်တို့အကုန်လုံးရပ်ပစ်မှာပါ’’ ဟု UPDJC အတွင်းရေးမှူးအဖွဲ့ ဝင်၊ နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ် စားလှယ် ဦးစိုင်းကျော်ညွန့်က ပြောသည်။

သို့ရာတွင် လာမည့်ရက်များ အတွင်း ရှမ်းပြည်နယ်တွင်း မြို့ နယ်များနှင့် ကချင်၊ ကယားပြည် နယ်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း တို့တွင် လူထုတွေ့ဆုံပွဲများ ဆက် လက် ပြုလုပ်ရန် စီစဉ်ထား ကြောင်း CSSU တာဝန်ရှိသူများ က ပြောသည်။

သို့ရာတွင် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS)အနေဖြင့် ရှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကို သတ်မှတ်နေရာ၌သာ ပြုလုပ် ရန် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် က ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့် စာပို့ခဲ့ ကြောင်း RCSS ဆက်ဆံရေးရုံး များ ညွှန်ကြားရေးမှူး ဒုဗိုလ်မှူး ကြီး စိုင်းဦးက အတည်ပြုပြော ကြားသည်။ ထိုသို့ လူထုတွေ့ဆုံပွဲများ တားမြစ်ခံရမှုနှင့်ပတ် သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ခေါင်းဆောင်များက အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တောင်ကြီးမြို့တွင် တွေ့ဆုံရှင်းပြ ထားကြောင်းလည်း CSSU တာ ဝန်ရှိသူများက ပြောသည်။

ယင်းကိစ္စရပ်များနှင့်ပတ် သက်၍ အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးနှင့် တပ်မတော်ပြော ခွင့်ရပုဂ္ဂိုလ်များထံ ဒီဇင်ဘာ ၂၁ ရက်တွင် 7Day Daily သတင်းစာ က ဆက်သွယ်သော်လည်း အ ဆက်အသွယ်မရခဲ့ပေ။

CSSU အနေဖြင့် အဖွဲ့ဝင် ၁၅ ဦးစီ ပါဝင်သော အဖွဲ့ငါးဖွဲ့ခွဲ၍ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက် ပိုင်း၊ အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ် ပြင်ပရှိ ရှမ်းတိုင်းရင်းသားအများစု နေထိုင်ရာဒေသများတွင် လူထု တွေ့ဆုံပွဲများပြုလုပ်ရန် စီစဉ်ထား ကာ လူထုတွေ့ဆုံပွဲများကို ဒီဇင် ဘာ ၂၄ ရက် နောက်ဆုံးထားပြု လုပ်ရန် သတ်မှတ်ထားသည်။ ဒီဇင်ဘာ ၂၅ ရက်တွင် လူထုတွေ့ ဆုံပွဲများကျင်းပရေးဗဟိုအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များ ပြန် လည်တွေ့ဆုံ၍ လူထုတွေ့ဆုံပွဲမှ ရရှိသည့် သဘောထားအကြံပြု ချက်များကို စုစည်းမည်ဖြစ် ကြောင်း CSSU ပြောရေးဆိုခွင့် ရှိသူများက ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကရင်ပြည်နယ် တွင် ကရင်အမျိုးသားအစည်းအ ရုံး(KNU)နှင့် ပအိုဝ်းဒေသတွင် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းပြည် နယ်တွင် ချင်းအမျိုးသားတပ်ဦး (CNF)တို့က ဦးဆောင်ပြုလုပ်ခဲ့ သည်။ ယင်းဆွေးနွေးပွဲများမတိုင် မီ လူထုတွေ့ဆုံပွဲများကို ဒေသအ သီးသီးတွင် ပြုလုပ်ခဲ့သည်။

========================
251 / End