၂၇ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၃၇
ဒေသတည်ငြိမ်ရေး အစိုးရနှင့်ဆွေးနွေးရန် နာဂလက်နက်ကိုင်အဖွဲ့ ရန်ကုန်မြို့သို့လာရောက်

နာဂဒေသတည်ငြိမ်ရေး အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင် နှင့် တွေ့ဆုံဆွေးနွေးရန် ရန်ကုန်သို့ ထွက်ခွာလာပြီဖြစ်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ(NSCN-K ) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နာဂဒေသတည်ငြိမ်ရေး အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင် နှင့် တွေ့ဆုံဆွေးနွေးရန် ရန်ကုန်သို့  ထွက်ခွာလာပြီဖြစ်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ(NSCN-K ) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) အစိုးရလက်ထက် တွင် အစိုးရနှင့် NSCN-K  တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး နိုင်ရန် နာဂဘက်က အဆိုပြုခဲ့၍  အစိုးရက ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ဆုံရန်   စီစဉ်ပေးခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

ယခုခရီးစဉ်တွင် နာဂအဖွဲ့ ၏ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ ခေါင်းဆောင်   ဦးအန်ကန့်ဦး ဆောင်သည့် ကိုယ်စားလှယ်ငါး ဦးပါဝင်ကြောင်း ဦးကျော်ဝမ်းစိန် ကပြောသည်။

ဦးအန်ကန့်က ‘‘အဓိကက တော့ ဒေသငြိမ်းချမ်းဖို့၊ တည်ငြိမ် ဖို့ကို ဆက်လက်ထိန်းသိမ်းဖို့ပါ ပဲ’’ဟု ပြောသည်။

လက်ရှိ အစိုးရသည် နာဂ အဖွဲ့ကို တစ်နိုင်ငံလုံးအပစ်အ ခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်ရန်ပြောဆိုခဲ့သော်လည်း ယခုတွေ့ဆုံ မှုတွင် NCA ကိစ္စထည့်သွင်းဆွေးနွေးရန် မရှိဟုနာဂအဖွဲ့ကိုယ်စားလှယ် များက ဆိုသည်။

နာဂလက်နက်ကိုင်အဖွဲ့ NSCN-K  ၏ နိုင်ငံရေးသည် မြန်မာနိုင်ငံသာမက အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့်လည်း ဆက်စပ် နေသည်။ မြန်မာအစိုးရနှင့် တိုက် ပွဲဖြစ်ပွားခြင်းမရှိသော်လည်း NSCN-K  နှင့် အိန္ဒိယတပ်များအ ကြား မကြာခဏ ထိတွေ့မှုများ ရှိခဲ့ကြောင်း နာဂအဖွဲ့ကဆိုသည်။

‘‘အိန္ဒိယအစိုးရနဲ့တော့ တစ် ခါတလေကျတော့ သူကလာလာ ပစ်တာပေါ့။ အဲဒီအခါကျတော့ တစ်ခါတလေထိတွေ့မှုလေး တွေ ရှိပါတယ်။ ဒီကိစ္စတွေ အဆို ပြုဖို့တော့ ဘာမှမရှိပါဘူး’’ ဟု ဦးကျော်ဝမ်းစိန်က လက်ရှိနာဂ ဒေသအခြေအနေနှင့် ပတ်သက် ပြီး ပြောသည်။

လက်ရှိအစိုးရလက်ထက် တွင် အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် NSCN-K ကိုယ်စားလှယ်အ ဖွဲ့တို့သည် ၂၀၁၆ ဇူလိုင် ၂ ရက်ကရန်ကုန်မြို့၌ ပထမဆုံးတွေ့ဆုံ ခဲ့သည်။

NSCN-K အနေဖြင့် ယခင် အစိုးရလက်ထက်က ပြုလုပ်ခဲ့ သော ပထမအကြိမ်ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံသို့ လေ့ လာသူအဖြစ် တက်ရောက်ခဲ့ သော်လည်း လက်ရှိအစိုးရလက် ထက်တွင် ကျင်းပသည့်ငြိမ်းချမ်း ရေးညီလာခံ    နှစ်ကြိမ်စလုံးသို့ မတက်ရောက်ခဲ့ပေ။

NSCN-K သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ကို ၂၀၁၂ ဧပြီက လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ သို့ သော် NCA တွင်မူ လက်မှတ်ရေး ထိုးခြင်း မရှိပေ။ အိန္ဒိယနိုင်ငံရှိ နာဂလူမျိုးများအရေးကို  ထည့် သွင်းစဉ်းစားနေရ၍ NCA ကို လက်မှတ်မရေးထိုးနိုင်ခဲ့ကြောင်း NSCN-K ခေါင်းဆောင်များက ပြောကြားသည်။

========================
251 / End