အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သတင်းလွတ်လပ်ခွင့်ရရန် နှင့် မတရားဖမ်းဆီးခံထားရသော သတင်းထောက်များကို ချက်ချင်း လွှတ်ပေးရန် မြေလတ်သတင်း ထောက်များက ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ် အ၀ိုင်းပတ်နေရာ၌ ဒီဇင်ဘာ ၂၇ ရက်တွင် ဆန္ဒပြခဲ့သည်။
ရိုက်တာ သတင်းဌာန သ တင်းထောက်နှစ်ဦး ဖမ်းဆီးခံရ ခြင်းအပါအ၀င် သတင်းထောက် များကို ဥပဒေမဲ့မတရားဖမ်းဆီး ခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သတင်းထောက်များက ပြောကြားသည်။
‘‘သီပေါမြို့မှာလည်း သတင်းထောက်တွေ အဖမ်းခံရတယ်။ အခုရခိုင်အရေးမှာလည်း ရိုက် တာ သတင်းဌာနက သတင်း ထောက်နှစ်ဦးကို ဥပဒေမဲ့ဖမ်းဆီး တဲ့ပုံစံနဲ့ ဖမ်းတယ်။ ကမ္ဘာက သံ သယ၀င်နေချိန်မှာ အခုလိုဥပဒေ မဲ့ ဖမ်းဆီးလိုက်တဲ့အတွက် သံသ ယတွေ ပိုမိုကြီးထွားအောင် တမင်တကာရည်ရွယ်ပြီး ဖမ်းဆီးတာ လားလို့တောင် မေးခွန်းထုတ်စရာ ဖြစ်တယ်။ ဖမ်းဆီးခံရတဲ့ သတင်း ထောက်တွေနဲ့ အတူရပ်တည် ကြောင်းကို ပြသတဲ့အနေနဲ့ ချက် ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုပါ တယ်’’ဟု မြေလတ်ဒေသသတင်း ထောက်များကွန်ရက်အတွင်းရေး မှူး ကိုကောင်းမြတ်မင်းက ပြော သည်။
ဒီမိုကရေစီဖော်ဆောင်နေ သည့် အစိုးရလက်ထက်တွင် ကို လိုနီခေတ်နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေများဖြင့် အရေးယူကာ ဥပဒေမဲ့ဖမ်းဆီးခြင်းသည် သတင်းလွတ်လပ်ခွင့်ဆုံးရှုံးနေပြီး သတင်းထောက်များ၏ သတင်းရယူနိုင်ရေး စိုးရိမ်ဖွယ်ဖြစ်နေကြောင်း ဆန္ဒပြသည့် သတင်းထောက်များက ပြောသည်။
‘‘ပြည်သူလူထုကို သတင်း ထောက်တွေက သတင်းအမှန် တင်ပြပေးရမယ်။ ဒါပေမဲ့ အစိုးရ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့ သတင်းမှန်မပေးတာတွေ၊ မတရားအရေးယူတာတွေ၊ သူတို့ဘာသာ သတင်းထုတ်ပြန်တာတွေကြောင့် လက်ရှိအခြေအနေမှာ သတင်းအမှန်တင်ပြပေးနိုင်ဖို့ နေနေသာသာသတင်းလွတ်လပ်ခွင့်တွေဆုံးရှုံးနေပြီး ရပ်တည်ရ ခက်နေတဲ့အခြေအနေပါ’’ဟု မြန် မာသတင်းထောက်များကာကွယ် ရေး ကော်မတီဝင် ကိုသာလွန်ဇောင်းထက်က ပြောသည်။
အဆိုပါဆန္ဒပြရာတွင် မြေ လတ်ဒေသသတင်းထောက်များ နှင့်အတူ ရန်ကုန်အခြေစိုက်မြန် မာသတင်းသမားများကာကွယ် ရေးကော်မတီ (PCMJ) မှ သတင်းထောက်များနှင့် ဒေသခံအရပ် ဘက်အဖွဲ့အစည်းများက ၀န်းရံခဲ့ သည်။
ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်းမြင်းစီးကျောက်ရုပ်ရှေ့ရှိ ဗိုလ်ရှုခံအဆောက်အအုံ၌ သတင်းထောက်များကို ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်သည့်အနေဖြင့် လူထုလက်မှတ်များကောက်ယူကာ လူထုရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ သည်။
========================
251 / End
၂၈ ဒီဇင်ဘာ ၂၀၁၇ - ၁၅:၂၂
News ID: 874629
သတင်းလွတ်လပ်ခွင့်ရရန် နှင့် မတရားဖမ်းဆီးခံထားရသော သတင်းထောက်များကို ချက်ချင်း လွှတ်ပေးရန် မြေလတ်သတင်း ထောက်များက ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ် အ၀ိုင်းပတ်နေရာ၌ ဒီဇင်ဘာ ၂၇ ရက်တွင် ဆန္ဒပြခဲ့သည်။