အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် ၊ ဇန်န၀ါရီ ၅ ။ ။ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည် စခန်းအား အစိုးရမှ ပိတ်သိမ်းပြီး ယင်းသက္ကေပြင်ရွာ အနီးတစ်ဝိုက်တွင် ပြန်လည် နေရာချ ထားမည်ကို ဒုက္ခသည်များမှ လိုလားခြင်းမရှိဘဲ ယခင်နေထိုင်ခဲ့သည့် မူလရပ်ရွာတွင်သာ ပြန်လည်နေထိုင်လိုသည်ဟု ယင်းဒုက္ခသည်စခန်း ကော်မတီဝင် ဦးရွှေမောင်က မဇ္ဈိမသို့ ပြောသည်။
"လူကြီးတွေလာတော့ အစည်းအဝေးခေါ်တယ်။ ဘယ်နေ့ပိတ်မယ်ဆိုတာတော့ မပြောသေးဘူး။ ကျွန်တော်တို့နဲ့ ဆွေးနွေးတုန်းပဲ ရှိတယ်လေ။ လူကြီးတွေက ဒီနေရာမှာပဲ နေရာချထားပေးမယ်ပြောတယ်။ ကျွန်တော်တို့ကတော့ လက်မခံဘူး။ မူလနေရာ မီးရှို့ခံခဲ့ရတဲ့ မူလနေရာပဲ ပြန်လိုချင်တယ်" ဟု ၎င်းက ဆိုသည်။
ဇန်န၀ါရီ ၂ ရက်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် သက္ကေပြင်စခန်းတာဝန်ရှိသူများ တွေ့ဆုံပြီး စခန်းပိတ်သိမ်းမည့် ကိစ္စကိုပြောဆိုခဲ့ခြင်းဖြစ်သည်ဟု စခန်း ကော်မတီဝင် ဦးရွှေမောင်က ဆိုသည်။
ယင်း သက္ကေပြင်ဒုက္ခသည် စခန်းတွင် အိမ်ထောင်စုပေါင်း တစ်ထောင်ကျော် ရှိနေပြီး လူဦးရေအားဖြင့် ၆၀၀၀ ကျော်ခန့် ရှိနေသည်။ ယင်းဒုက္ခသည် စခန်းသည် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်များကြောင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်ကာ ယခုနှစ် ဇွန်လတွင် ၆ နှစ်ပြည့်မည် ဖြစ်သည်။
သက္ကေပြင်စခန်းတွင် နေထိုင်သူ တစ်ဦးဖြစ်သည့် ဦးလှမြင့်က စခန်းပိတ်သိမ်းသွားမည့် သတင်းနှင့် ပတ်သက်ပြီး WFP မှ ထောက်ပံ့နေသည့် အကူအညီများ ဆက်လက်ရရှိတော့ခြင်းမရှိမည်ကို စိုးရိမ်နေသည်။
"ထောက်ပံ့ရေးအတွက် စိုးရိမ်တယ်။ အစိုးရက အဲ့လိုအခိုင်အမာဆောက်ပေးလိုက်ရင် ထောက်ပံ့ပေးတဲ့သူတွေက ရပ်သွားမယ်လေ။ အခုက အလုပ်မှမရှိတာကိုး။ ပြန်ပြီး နေရာချထားပေးမယ်ဆိုရင်လဲ အလုပ်အကိုင်ဖန်တီးပေးရင် ကောင်းမယ်။ ဒါတွေကို လူကြီးတွေနဲ့ တွေ့တုန်း တင်ပြလိုက်ပါတယ်" ဟု ၎င်းက ဆိုသည်။
မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့၏ အကြံပြုချက်များတွင် ပါရှိသော IDPs စခန်းများကို ပိတ်သိမ်းပြီးနောက် နိုင်ငံသားဖြစ်ခွင့်ရှိသူများကို လွတ်လပ်စွာ သွားလာခွင့်ပေးရန် ဆိုသည့်အချက်ကို အစိုးရမှအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
========================
251 / End
၅ ဇန်နဝါရီ ၂၀၁၈ - ၁၅:၁၇
News ID: 875866
ရန်ကုန် ၊ ဇန်န၀ါရီ ၅ ။ ။ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည် စခန်းအား အစိုးရမှ ပိတ်သိမ်းပြီး ယင်းသက္ကေပြင်ရွာ အနီးတစ်ဝိုက်တွင် ပြန်လည် နေရာချ ထားမည်ကို ဒုက္ခသည်များမှ လိုလားခြင်းမရှိဘဲ ယခင်နေထိုင်ခဲ့သည့် မူလရပ်ရွာတွင်သာ ပြန်လည်နေထိုင်လိုသည်ဟု ယင်းဒုက္ခသည်စခန်း ကော်မတီဝင် ဦးရွှေမောင်က မဇ္ဈိမသို့ ပြောသည်။