၇ ဇန်နဝါရီ ၂၀၁၈ - ၁၅:၄၁
လိမ်လည်ထွက်ပြေးသော ဆန်ကုန်သည်ကို အမှုဖွင့်၊ ပိုင်ဆိုင်မှုများကို ထိန်းသိမ်း ဇန်န၀ါရီ ၆ ရက်နေ့လယ်အထိ စာရင်းအရတရားဝင်တိုင်ကြားသူ ၆၄

ပြည်ပသို့ ဆန်များတင်ပို့ရောင်းချနေသည့် ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦး၏ ငွေကြေးလိမ်လည်ခံရသူများသည် ယမန်နေ့အထိ တရားဝင်တိုင်ကြားမှုအရ ဆန်ကုန်သည် ၆၄ ဦးရှိပြီး ၎င်းတို့ထံမှ ကျပ်သိန်းငါး သောင်းသုံးထောင့်ခုနစ်ရာကျော် လိမ်လည်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်ပသို့ ဆန်များတင်ပို့ရောင်းချနေသည့် ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦး၏ ငွေကြေးလိမ်လည်ခံရသူများသည် ယမန်နေ့အထိ တရားဝင်တိုင်ကြားမှုအရ ဆန်ကုန်သည် ၆၄ ဦးရှိပြီး ၎င်းတို့ထံမှ ကျပ်သိန်းငါး သောင်းသုံးထောင့်ခုနစ်ရာကျော် လိမ်လည်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောသည်။

‘‘လိမ်လည်ခံရသူတွေထဲက အမှုဖွင့်ဖို့ အချက်အလက်စုံတဲ့သုံး လေးယောက်ကို လိမ်လည်မှုပုဒ်မ ၄၂၀ နဲ့ အမှုအရင်ဖွင့်ခိုင်းထား တယ်။ ASO ကုမ္ပဏီပိုင်ပစ္စည်း တွေကို လွှဲပြောင်းမှုမလုပ်နိုင် အောင်၊ တရားလမ်းကြောင်းအရ ထိန်းသိမ်းထားနိုင်အောင်လို့ပါ။ ငွေရဖို့ရှိတဲ့သူတွေရဲ့ စာရင်းကို တွက်ချက်နေပါတယ်’’ ဟု ဦး အောင်သန်းဦးက ပြောသည်။

ဇန်န၀ါရီ ၆ ရက်နေ့လယ်အ ထိ အသင်းသို့လိမ်လည်ခံရသူ ဆန်ကုန်သည် ၆၄ ဦးက တိုင် တန်းခဲ့ပြီး လိမ်လည်ခံရသူဦးရေ နှင့် ငွေပမာဏထပ်မံတိုးလာနိုင် ကြောင်း၊ လိမ်လည်ခံရသူများထဲ တွင် နိုင်ငံခြားအခြေစိုက်ကုမ္ပဏီ များလည်း ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် တရားဝင်တိုင် ကြားမှုမရှိသေးဘဲ ဖုန်းဖြင့်ဆက် သွယ်အကြောင်းကြားထားသည့် လိမ်လည်ခံရသူကုန်သည်များရှိ နေသေးသည်။ သို့သော် လက်ရှိ တွင် တရားဝင်တိုင်ကြားထား သည့် ဦးရေစာရင်းနှင့် ငွေပမာဏ ကိုသာထုတ်ပြန်ခြင်းဖြစ်သည်။

ထို့အပြင် ASO ကုမ္ပဏီမှ လစာမရရှိသည့် ၀န်ထမ်းများက ဆန်စပါးကုန်သည်များအသင်း သို့ လာရောက်တိုင်တန်းထားပြီး အသင်းအနေဖြင့် ယင်းကုမ္ပဏီ ၀န်ထမ်းများကို လစာ ၅၀ ရာခိုင် နှုန်းစိုက်ထုတ်ပေးထားကာ ကုမ္ပ ဏီပိုင်ပစ္စည်းများကို စိစစ်ထိန်း သိမ်းနေကြောင်း ၎င်းကဆိုသည်။

ကုမ္ပဏီပိုင် ဆန်ကွဲအိတ်နှစ် ထောင့်လေးရာ၊ ဆန်အိတ် နှစ် သောင်းသုံးထောင့်ခြောက်ရာ၊ ပီနန်အိတ်ခွံ တစ်သိန်းကျော်၊ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများ ကို ထိန်းသိမ်းထားပြီး မန္တလေးမြို့ ရှိ ဦးအောင်ဆွေဦး ပိုင်ဆိုင်သည့် မြေကွက်ကို လွှဲပြောင်းရောင်းချ ခြင်း မပြုနိုင်ရန် မန္တလေးဆန် စပါးကုန်စည်ဒိုင်အကူအညီဖြင့် ဆောင်ရွက်နေကြောင်း ဦးအောင် သန်းဦးက ဆိုသည်။

 ငွေကြေးလိမ်လည်သူသည် ဘုရင့်နောင်ကုန်စည်ဒိုင်အသင်း ၀င်မဟုတ်သဖြင့် တိမ်းရှောင်မှု မဖြစ်ပေါ်မီကပင် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တာဝန်ရှိသူများက အကြိမ်ကြိမ်ခေါ်ယူတွေ့ဆုံဆွေး နွေး၍ သတိပေးခဲ့ကြောင်း၊ ယင်း ကုမ္ပဏီအခြေအနေနှင့် ပတ် သက်၍ ဆန်ရောင်းချနေသည့် ကုန်သည်များနှင့် အကျိုးဆောင် ကုန်သည်များကို အသိပေးထား ကြောင်း ၎င်းက ဆိုသည်။

‘‘၂၀၁၇ နှစ်လပိုင်းကတည်း က ရရမယ့်ငွေတွေ တောင်းလို့မရ တာ။ ပေးမလား၊ ပေးမလားနဲ့ စောင့်နေတာ။ အခုတစ်လပိုင်းငါး ရက်က အဆက်အသွယ်မရတော့ ဘူး။ တိမ်းရှောင်သွားပြီဆိုတာ သိလို့ အသင်းကို လာရောက်တိုင် တာပါ’’ ဟု လိမ်လည်ခံရသော ဆန်ကုန်သည် ဒေါ်ဝင်းက ပြော သည်။

ASO ကုမ္ပဏီသည် ကုမ္ပဏီ မှတ်ပုံတင်ကို ၂၀၁၄ အောက်တို ဘာ ၉ ရက်ကရရှိခဲ့ပြီး သွင်းကုန် ထုတ်ကုန်လုပ်ငန်း ဆောင်ရွက် နေသည်မှာ မကြာသေးကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန် ကုန်သည်တစ်ဦးက ပြောသည်။

တရားဥပဒေနှင့်အညီ တိုင် တန်းမှုများကို မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်းက ဆောင်ရွက်ပေးရန်၊ ASO ကုမ္ပဏီပိုင်ဆိုင်သည့်ပစ္စည်းများ ကို အချိန်မီသိမ်းဆည်းရယူရန်၊ ASO ကုမ္ပဏီသို့ဆန်တင်သွင်း သည့်ကုန်သည်များနှင့် ၎င်းတို့ အောက်ရှိ ဆန်စက်ပိုင်ရှင်များ၊ နယ်ကုန်သည်များကြား ဖြေရှင်းရ မည့်ကိစ္စရပ်များကို ညှိနှိုင်းဆောင် ရွက်ရန်ဟူ၍ ကော်မတီသုံးရပ်ဖွဲ့ စည်းဆောင်ရွက်နေကြောင်း အ သင်းတာဝန်ရှိသူတစ်ဦးက ပြော သည်။

နစ်နာသူများအတွက် ဥပ ဒေအကြံပေးခြင်း၊ ထွက်ပြေးတိမ်း ရှောင်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အစိုးရဌာနများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြန် မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း ဘုရင့်နောင်ဆန်စပါးကုန် စည်ဒိုင်က ဇန်နဝါရီ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ထွက်ပြေး တိမ်းရှောင်သူ များအား တိုင်ကြားမှုတွင် ဆန်စ ပါးလုပ်ငန်းနှင့် ဆက်စပ်သောရ ရန်ရှိငွေများကို တိုင်ကြားခြင်းဖြစ် သော်လည်း ASO ကုမ္ပဏီသည် ဆန်စပါးတင်ပို့မှု လုပ်ငန်းသို့ မကြာမီသေးမီက ရောက်ရှိလုပ် ကိုင်ခြင်းဖြစ်ကြောင်း၊ ယင်း၏ ပဲလုပ်ငန်း၊ သကြားလုပ်ငန်းအ ပြင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ နှင့်ဆက်စပ်ပြီး ယခုကဲ့သို့အခြေ အနေဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု သတင်းရထားကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။

၂၀၁၇ စက်တင်ဘာလက တည်းက ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရောင်းအ၀ယ်မှန်၊ အရည်အ သွေးမှန်စွာဖြင့် စနစ်တကျရောင်း ၀ယ်ရန် အကြိမ်ကြိမ်သတိပေး ထားသော်လည်း ရောင်းသူ၊ ၀ယ် သူများသည် ပုံမှန်မဟုတ်သော အရောင်းအ၀ယ်ကို လုပ်ကိုင်၍ ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပေါ်ရ ကြောင်း ဖော်ပြထားသည်။

‘‘ရောင်းတဲ့ဆန်အပေါ်မှာ လက်ငင်းငွေချေပေးတဲ့စနစ်ကို လိုချင်တယ်။ အရောင်းအ၀ယ် မဖြစ်ရင် ကြမ်းခင်းဈေးချပြီး ၀ယ် ပေးစေချင်တယ်။ မဟုတ်လို့ နယ် ပြန်ပို့ရရင် ကားခနှစ်ဆင့်ကုန် တယ်။ ကျွန်တော်က နှစ်သောင်း နဲ့ရောင်းတယ်။ သူတို့က မ၀ယ် နိုင်ဘူး။ အဲဒါဆို တစ်သောင်းရှစ် ထောင်ပေး။ အဲဒီဈေးဆိုရောင်း နိုင်တယ်။ အဲဒါလည်း မ၀ယ်ဘူး။ မ၀ယ်တော့ ၀ယ်တဲ့သူဆီသွား ရောင်းရတယ်။ အဲဒီမှာ အလိမ်ခံ လိုက်ရတယ်’’ ဟု ကျပ်သိန်း ခြောက်ရာကျော် လိမ်လည်ခံ ရသည့် ဓနုဖြူမြို့ခံဆန်ကုန်သည် ဦးတင်စိန်က ဆိုသည်။

မြန်မာနိုင်ငံဆန်စပါးကုန် သည်များအသင်းအနေဖြင့် ယင်း ကဲ့သို့ လိမ်လည်မှုများထပ်မံမဖြစ် ပေါ်စေရန်  အသင်းဝင်များကို မတ်လကုန်အပြီး စိစစ်မည်ဖြစ် ကြောင်းနှင့် အသင်းဝင်မဟုတ် သူများအရောင်းအ၀ယ်ပြုလုပ် ခြင်းကို သေချာစွာစိစစ်မည်ဖြစ် ကြောင်း  ဦးအောင်သန်းဦးက ဆို သည်။

ယင်းကဲ့သို့ လိမ်လည်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆန်အရောင်းအ ၀ယ်ပြုလုပ်ရာတွင် အချင်းချင်းယုံ ကြည်မှုများလျော့ပါးနိုင်ခြင်း၊ ငွေ ကြေးလိမ်လည်မှုခံခဲ့ရသည့် ကုန် သည်များအတွက် နောက်ပိုင်း တွင် ဆန်အရောင်းအ၀ယ်မှ ရရှိ လာသည့်အမြတ်ငွေများနှင့် နစ် နာဆုံးရှုံးမှုများကို ဖြည့်ဆည်းရ သဖြင့် အကျိုးမရှိခြင်းများဖြစ်ပေါ် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုလိမ်လည်မှုဖြစ်ရပ်တွင် အနည်းဆုံးကျပ်သိန်းတစ်ရာ ကျော်မှ အများဆုံးကျပ်သိန်းရှစ် ထောင်ကျော်အထိ လိမ်လည်ခံရ ကြောင်း မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း စာရင်းများ ၌ ဖော်ပြထားသည်။

၂၀၁၇ စက်တင်ဘာကုန် ပိုင်းကလည်း ပြည်ပဆန်တင်ပို့သူ တစ်ဦးက ကျပ်သိန်းနှစ်သောင်း ကျော် လိမ်လည်တိမ်းရှောင်ခဲ့ဖူး သည်။ ယင်းအမှုသည် လက်ရှိ အချိန်ထိတရားရုံးတွင် ဖြေရှင်းမှု မပြီးသေးကြောင်း ဆန်ကုန်သည် တစ်ဦးက ဆိုသည်။

========================
251 / End