၁၅ ဇန်နဝါရီ ၂၀၁၈ - ၁၄:၃၀
‘‘ဘာမွ စိတ္မလႈပ္ရွားဘူးဗ်။ ကျွန်တော်က တာဝန်ပေးလို့လုပ်တာ’’

တာဝန်နှင့် စွမ်းဆောင်ရည်ကိုကြည့်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အပြောင်းအလဲ ဆက်တိုက်ပြုလုပ်နေသည့် ကာလတွင် ဒီချုပ်ပါတီဝင်အချို့အပါအဝင် ပဲခူးမြို့ဒေသခံအချို့က ၎င်းတို့ဝန်ကြီးချုပ်အလုပ်မလုပ်ဟုဆိုကာ ရာထူးကနုတ်ထွက်ပေးရန်ယမန်နေ့က ဆန္ဒပြတောင်းဆိုသည်။ ဒေသတွင်း ဖွံ့ဖြိုးရေးနှင့်အလုပ်အကိုင်ဖန်တီးပေးမှုမရှိသော ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး၊ဒေသတွင်း မြေယာပြဿနာများ ဖြေရှင်းမပေးနိုင်သော ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးအပါအဝင် အချက်လေးချက် ကြွေးကြော်၍ဆန္ဒပြခဲ့သည်။ ထိုကဲ့သို့ ဆန္ဒပြတောင်းဆိုခံရသော ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို 7Day Daily သတင်းစာက သွားရောက်တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တာဝန်နှင့် စွမ်းဆောင်ရည်ကိုကြည့်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အပြောင်းအလဲ ဆက်တိုက်ပြုလုပ်နေသည့် ကာလတွင် ဒီချုပ်ပါတီဝင်အချို့အပါအဝင် ပဲခူးမြို့ဒေသခံအချို့က ၎င်းတို့ဝန်ကြီးချုပ်အလုပ်မလုပ်ဟုဆိုကာ ရာထူးကနုတ်ထွက်ပေးရန်ယမန်နေ့က ဆန္ဒပြတောင်းဆိုသည်။ ဒေသတွင်း  ဖွံ့ဖြိုးရေးနှင့်အလုပ်အကိုင်ဖန်တီးပေးမှုမရှိသော ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး၊ဒေသတွင်း  မြေယာပြဿနာများ ဖြေရှင်းမပေးနိုင်သော ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးအပါအဝင် အချက်လေးချက် ကြွေးကြော်၍ဆန္ဒပြခဲ့သည်။ ထိုကဲ့သို့ ဆန္ဒပြတောင်းဆိုခံရသော ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို 7Day Daily သတင်းစာက သွားရောက်တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးဆို ပြီး ဆန္ဒပြကြတဲ့သူတွေကို ဘာ ပြောချင်တာရှိပါသလဲ။

ကျွန်တော် ဘာမှပြောစရာ မရှိဘူး။

ဒေသအတွင်း တရားဥပဒေစိုးမိုး ရေး မဆောင်ရွက်နိုင်ခြင်း၊ မြေ ယာပြဿနာများ ဖြေရှင်းနိုင်မှုမရှိခြင်း၊ ဒေသအတွင်း ဖွံ့ဖြိုးရေး နှင့် အလုပ်အကိုင် ဖန်တီးနိုင်မှုမရှိ ခြင်းနဲ့ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ကြပ်မတ် ပေးနိုင်ခြင်း မရှိဘူးလို့ဆိုပြီး အချက်လေးချက်နဲ့ ဝန်ကြီးချုပ် ကို တောင်းဆိုဆန္ဒပြတဲ့ အပေါ် မှာကော ဘာများမှတ်ချက်ပြုချင် ပါသလဲ။

တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့က တိုင်းနဲ့ပြည်နယ် တွေမှာ သူတို့ရဲ့ တရားစွဲအဖွဲ့ တွေ၊ ပြည်သူ့ရဲတွေပေါ့။ သူတို့က ဘာကိုပြောချင်တာလဲ၊ တရား ရေးဌာနကို ပြောချင်တာလား။ ပြည်သူ့ရဲတွေက တာဝန်မယူတာ လား တိတိကျကျ ပြောဖို့လိုတယ် လေ။ ဒီအတိုင်းကြီး ထည့်ဟော တယ်ဆိုတာက တအား ယေဘု ယျဆန်လွန်းတယ်။ ဆိုတဲ့ သဘောကဗျာ ကျွန်တော်တို့ကို တရားဥပဒေစိုးမိုးရေး ပြောတယ် ဆိုရင် ဘယ်နေရာမှာ ဓားထိုးမှု ဖြစ်တာလဲ။ ဘယ်နေရာမှာ မှောင်ရိပ်ခိုမှုဖြစ်လို့လဲ စသဖြင့် ဘာဖြစ်လို့ ကျွန်တော့်ကို ပြော တာလဲ၊ ကျွန်တော်တို့ ဘာမှ သဲ သဲကွဲကွဲ မပါဘူးဗျ။ မြေယာမြေ ပြဿနာက ကျွန်တော်တစ် ယောက်တည်း ဖြေရှင်းတာ မဟုတ်ဘူးလေ။ မြေယာက ကော်မတီအဆင့်အလိုက် ဗဟိုနဲ့ ဆင့်ကဲဆင့်ကဲ ချမှတ်ထားတာ တွေ ရှိပါတယ်။ ဒါ လုပ်ဆောင်တဲ့ အဖွဲ့တွေရှိတယ်။ အဲဒါတွေက ရပ်ကျေးအဖွဲ့ကသူတွေ ဆင့်ကဲ ဆင့်ကဲ ဆောင်ရွက်ပြီးတော့ ကျွန် တော်တို့ တိုင်းအဆင့်မှာလည်း ဒါကို ဆွေးနွေးထောက်ခံပြီးတော့ လိုအပ်လို့ရှိရင် ပြည်ထောင်စုကို တင်တာလို့ သွားရတာပေါ့။ ဒီလို ပဲ မျှထမ်းပြီးသွားတဲ့ဟာကို ကျွန် တော်တစ်ယောက်တည်းပဲ ဝန် ကြီးချုပ်က မလုပ်ပါဘူးဆိုတာက ကျွန်တော်က ဘယ်လိုပြောရမှန်း မသိဘူးလေ။ ဒေသအလုပ် အကိုင်ဆိုတာက ရင်းနှီးမြှုပ်နှံမှု တွေနဲ့ ဆိုင်တာပေါ့။ ဒါကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ဒီ ဘက်ကို ဘယ်လောက်ထိဝင် သလဲ။ ခင်ဗျားတို့လည်း သိတဲ့ အတိုင်းပဲလေ။ ရန်ကုန်တို့ ဘာတို့ ဆိုရင် စီးပွားရေးလုပ်ငန်းများ တယ်။ များတဲ့အခါကျတော့ အညာတို့ ဘာတို့ကအစ သွားပြီး လုပ်ကိုင်ကြတယ်။ သူ့ရဲ့ ရင်းနှီး မြှုပ်နှံမှုရှိတဲ့နေရာတွေကို သွား ကြတာလေ။ ကျွန်တော်တို့ ပဲခူး မှာလည်း ကိုယ့်ဒေသအလျောက် စိုက်ပျိုးရေး၊ မွေးမြူရေး စသည် ဖြင့် အခြေခံ စက်မှုလက်မှုလုပ်ငန်း ဒီလိုမျိုးတွေရှိပါတယ်။ ကိုယ်က အလုပ်အကိုင်မရှိဘူးဆိုတာက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဆိုင်ပါတယ်။ ဒါလည်းပဲ SME တွေ နိုင်ငံတော် က လုပ်ပေးနေတာရှိတယ်။ သန်း ၃၀၀ ထိ ချေးပြီးတော့ ပြည် ထောင်စုကနေပြီးတော့မှ နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ ချိတ် ဆက်ပြီးတဲ့အခါကျတော့ လည် ပတ်နေတာရှိပါတယ်။ ယာဉ် အန္တရာယ် ကင်းရှင်းတာ ကြပ် မတ်တာတော့ သိတဲ့အတိုင်းပဲ ဗျာ။ ရန်ကုန်တို့၊ ဧရာဝတီတိုင်းတို့ က ရှိသမျှကားတွေက။ နောက် ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်ဖြင့် ကားတွေအကုန်လုံးက ပဲခူးကို ဖြတ်ရတာလေ။ ဖြတ် တဲ့အခါကျ ပဲခူးက လမ်းဆုံဖြစ်နေ တယ်။ ကုန်ကားကြီးတွေကလည်း မြို့ထဲကဖြတ်ရတဲ့အခါကျတော့ တချို့လည်းပဲ မြို့ရှောင်လမ်းရှိ တယ်ဆိုပေမယ့်လည်း တအား ကြီး မကောင်းသေးဘူး။ သို့သော် လည်းပဲ လက်ရှိမှာ သနပ်ပင် လမ်းတစ်လမ်းကို ကျွန်တော်တို့ က ဗျူဟာမြောက် ပြန်ပြင်ဆင်မှု တွေ လုပ်နေပါတယ်။ ဒီကြားထဲ မှာ သွားရေးလာရေး လမ်းပိတ်ဆို့ မှုတွေ နည်းနည်းပါးပါး ရှိတယ်ဆို တာ ပြောချင်တာနေပါလိမ့်မယ်။ ထပ်ပြီးတော့လည်း ပဲခူးမြို့ကို ရှောင်ပြီးတော့ ပတ်ဖို့အတွက် လည်း ညှိနှိုင်းပြီးတော့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကကော သူတို့ ထောက်ပြတဲ့ အချက်လေးချက်နဲ့ မကိုက်ညီဘူးလို့ ခံစားမိလား။

အဲဒါကတော့ တစ်နိုင်ငံလုံး ဝိုင်းဝန်းကြိုးစားနေတဲ့အချက်ပဲ ဗျ။ ဒီအချက်တွေကိုပဲ အထူးပြုပြီး တော့ ကြိုးစားနေကြတာပဲလေ။ ကျွန်တော်တို့ အောင်မြင်သင့် သလောက်လည်း အောင်မြင်ပြီး သားတွေ ရှိပါတယ်။ လုံးဝပြည့်စုံ တာတော့ အားရတယ်ဆိုတာ တော့ ဘယ်ရှိဦးမလဲဗျာ။ ဒီ လောက်များပြားတဲ့ ပြဿနာတွေ ကို တစ်နှစ်၊ ၂နှစ်အတွင်းမှာ ဖြေ ရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဝန်ကြီးချုပ် ဒီသက်တမ်း ၂ နှစ် အတွင်း ဆောင်ရွက်ခဲ့သမျှတွေ ထဲမှာ အားရဆုံးဆောင်ရွက်မှုက ဘာဖြစ်မလဲ။

အားရတဲ့အပိုင်း စည်ပင်နဲ့ ပတ်သက်ပြီးတော့ စည်ပင်သာ ယာရေးကော်မတီဆိုတာ ဖွဲ့ထား ပါတယ်။ နောက်တစ်ခါ လမ်း၊ တံတားပေါ့နော်။ လျှပ်စစ်မီးတွေ၊ ကျေးရွာတွေကို တော်တော်များ များ မီးလင်းနိုင်အောင် လုပ်ပေး ထားတယ်။ ဆက်ပြီးတော့လည်း လုပ်ပေးနေပါတယ်။ ဒါတွေတော့ အားရမှု တော်တော်လေးရှိပါ တယ်။

အားမရတဲ့အပိုင်းကကော။

အားမရတဲ့အပိုင်းက ပြည် သူတွေနဲ့ ပေါင်းစပ်တဲ့အခါမှာ တချို့ နားမလည်နိုင်တာလေးတွေ ရှိတယ်ပေါ့နော်။ ဒီကနေ့ ဆန္ဒပြ တယ်ဆိုတာလည်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ နားမလည်နိုင်မှုလေးတွေ၊ ထိ တွေ့မှုလေး အားနည်းမှု ရှိကောင်း ရှိမယ်။ ကျွန်တော်တို့ သွားနေတဲ့ အရွှေ့အပြောင်းမှာ ကျွန်တော်တို့ ရဲ့ ရည်မှန်းချက်တွေ ကျွန်တော် တို့ကိုယ်တိုင်  တစ်ဖက်က အကောင်အထည်  ဖော်နေတဲ့ အချိန်မှာ သွားနေတဲ့ ကြိုးပမ်းမှု တွေအပေါ်မှာ အကုန်လုံးတော့ အောင်မြင်နိုင်မှု စွမ်းအားနဲ့ နား လည်မှုစွမ်းအားတော့ ပြည်သူ တွေ အကုန်လုံးက ရှိနိုင်မယ်လို့ ယူဆပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် ပြောတာပဲ။ မြို့နယ် ၂၈ မြို့နယ်လုံး တတ်နိုင် သလောက်ပြောတယ်။ လူဦးရေ ၄ ဒသမ ၈ သန်းလောက်ရှိတဲ့ အတွက် ကျွန်တော်တို့မှာ ဝက်ဘ် ဆိုက်တွေရှိတယ်။ နောက်ပြီး တော့ သတင်းစာတွေက ကျွန် တော်တို့ရဲ့ အာဘော်တွေပေါ့။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွှန်ကြားထားတဲ့အတိုင်း လိုက် နာတယ်။ ကျွန်တော်တို့ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဆိုတာ မူဝါဒချတဲ့အဖွဲ့မဟုတ်ပါဘူး။ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဥပဒေပြုမယ့် ဥပဒေမျိုးလေးတွေ ချနိုင်တာပဲရှိတယ်။ စိစစ်တာတို့၊ လမ်းညွှန်တာတို့၊ ဒီအပိုင်းတွေပဲ လုပ်ဆောင်တာဖြစ်တယ်။ ဒီမို ကရေစီခေတ်မှာ တစ်ဦးတစ် ယောက်တည်း လုပ်နေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က မျှပြီးတော့ ထမ်းနေကြတာပါ။ ပြည်သူတွေကလည်း မျှပြီးတော့ ထမ်းပေးစေချင်ပါတယ်။

ဝန်ကြီးချုပ်ကို နုတ်ထွက်ပေးရေး ဆိုပြီး ဆန္ဒပြတဲ့သူတွေကိုကော ဘာပြောချင်လဲ။

သူတို့လိုချင်တဲ့ဟာကို တိုက်​ရိုက် ဒီမိုကရေစီနည်းကျကျပေါ့။ ဒီလိုအော်နေလို့ မပြီးပါဘူး။ သူတို့ ပြောရမယ်၊ မေးရမယ်။ ကျွန်တော်တို့မှာ ဆင့်ကဲဆင့်ကဲ သော အဖွဲ့တွေရှိပါတယ်။ လယ် ယာကိစ္စဆိုရင် အောက်ခြေကရှင်း ရမှာလေ။ ကိုယ်စားလှယ်တွေရှိ တယ်။ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ရှိတယ်။ အဲဒါတွေကနေတစ်ဆင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်၊ ပြီးတော့ မြို့နယ်၊ ခရိုင်အဆင့်ပြီးမှ ကျွန် တော့်ဆီရောက်မှာ။ ကျွန်တော့်ဆီ မရောက်ဘဲနဲ့ ထိပ်တိုက်တွေ့ပြီး ဖြေရှင်းပေးဆိုတာတော့ ဒါတော့ အဆင့်ကျော်သွားပြီလို့ထင်တယ်။

လက်ရှိအချိန်မှာ ဒီချုပ်အစိုးရက ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ခြောက်ဦးကို အပြောင်းအလဲလုပ် ထားပါတယ်။ အခုလို အပြောင်း အလဲလုပ်နေတဲ့ ကာလမှာ နုတ် ထွက်ပေးရေး ဆန္ဒပြခံရတယ် ဆိုတော့ စိတ်လှုပ်ရှားမိလား။

ဘာမှ စိတ်မလှုပ်ရှားဘူးဗျ။ ကျွန်တော်က တာဝန်ပေးလို့လုပ် တာ။ ဒီနေရာကို ကျွန်တော့် တာဝန်ပေးလို့ တာဝန်ထမ်း ဆောင်နေတယ်လို့ပဲ မြင်ပါတယ်။

အပြောင်းအလဲတွေ ဆက်လုပ် မယ်လို့ကော ဝန်ကြီးချုပ်သိထား လား။

ဒါကတော့ လူကြီးတွေက လုပ်နေတာပေါ့။ အထက်က လုပ်နေတာ။ သူတို့မှာရှိတဲ့အချက် တွေ တိုင်းပြည်မှာ သွားမယ့်လူမှန် နေရာမှန် မဖြစ်တာတွေလည်း ရှိ တာပေါ့နော်။ အားလုံးက တော် ကြ၊ တတ်ကြတာတွေချည်းပဲ။ တချို့ကျတော့ နေရာမမှန်တာ ပေါ့နော်။ ဒီသဘောပါ။ ဒါကို အားလုံးကလည်း နားလည်ပေး စေချင်တယ်။

ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့မှာ လုပ်ဆောင်ချက် အားနည်းနေတဲ့ ဝန်ကြီးတွေကော ရှိနေလား။

လုပ်ဆောင်ချက် အားနည်း တယ်ဆိုတာကတော့ နောက်တစ် ယောက် ထပ်တက်လာရင်ရော အားကောင်းလာမယ်လို့ ကျွန် တော်တို့ ဘယ်လိုသွားပြောမလဲ နော်။ ခုနပြောသလိုပဲ လူတွေက မတော်လို့ မဟုတ်ဘူး။ နေရာ မမှန်တာပေါ့နော်။ ဒီလိုပဲ ကျွန် တော်ပြောလို့ရမယ်။ နောက်လာ မယ့်သူလည်းပဲ သူလည်းကြိုးစား ရမှာပဲ။ အဓိကက နေရာမမှန် သေးရင် မှန်အောင်ကြိုးစားပေါ့ ဗျာ။ အဲဒီတော့ တာဝန်ပေးလိုက် တဲ့အတိုင်း လုပ်ရမှာပေါ့။ လုပ်နေ တာက ရာထူးလုပ်နေတာ မဟုတ် ပါဘူး။ တာဝန်ပေးတဲ့အတိုင်း လုပ်နေတာပါ။

ပဲခူးတိုင်းအစိုးရအဖွဲ့က ဝန်ကြီး နှစ်ဦး နုတ်ထွက်သွားတဲ့အပေါ် မှာကော ဝန်ကြီးချုပ်အနေနဲ့ ဘာပြောစရာရှိလဲ။

ဝန်ကြီးနှစ်ပါး နုတ်ထွက်တာ နိုင်ငံတော်ပိုင်းကနေ စီစဉ်တာဖြစ် ပါတယ်။ ကျွန်တော်တို့ စီစဉ်တာ မဟုတ်ပါဘူး။ ဒါတော့ ကျွန်တော် ပြောလို့မရပါဘူး။ ကျွန်တော်တို့ မှာ ဒီနေရာမှာ လုပ်ပါဆိုရင် လုပ် တယ်။ ပါတီရဲ့ တာဝန်ပေးချက် အရ လုပ်တာပဲ။

ပဲခူးက ပြည်သူတွေကိုကော ဘယ်လို သတင်းစကားပါးချင် ပါသလဲ။

ဒီမိုကရေစီ  နည်းကျတဲ့ နေရာမှာပေါ့။ အရင်တုန်းကဆို တာ မလုပ်ပေးလို့ ဆန္ဒပြကြတာ လေ။ အခု လုပ်နေတဲ့နေရာမှာ ဘာတွေ အားနည်းလဲဆိုပြီး ဝိုင်း ပြီးတော့၊ ဝိုင်းမျှပြီးတော့ တွန်း အားပေးရမယ်။ ကျွန်တော်တို့ ဘက်ကလည်း ပြည်သူတွေထိကို ရာနှုန်းပြည့်ပေါ့နော်။ ရောက် အောင် မပို့ပေးနိုင်သလို ပြည်သူ တွေအကုန်လုံးကလည်း ထိတွေ့ မှုနည်းတယ်ဆိုပြီး ကျွန်တော်တို့ ကလည်း အလုပ်တွေပေါ့နော်၊ လုပ်ဆောင်တဲ့အခါမှာ လူဦးရေ နည်းပါတယ်။ ကျွန်တော်တို့ အစိုးရဝန်ကြီးအဖွဲ့က ခုနစ် ယောက်၊ ရှစ်ယောက်လောက်ပဲ ရှိပါတယ်။ တကယ်တမ်း ကျွန် တော်တို့က အောက်ခြေမှာ လူထု နဲ့ ထိတွေ့မှုများတာက လွှတ် တော်ကိုယ်စားလှယ်တွေက ပို များပါတယ်။

========================
251 / End