အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြောက်ဦးတွင် ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် ရဲတပ်ဖွဲ့အကြား အဓိကရုဏ်းကို လွတ်လပ်သည့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး နိုင်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြမည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ပြောကြား သည်။
ဇန်နဝါရီ ၁၆ ရက်ညက မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်စဉ်နှင့် အမ်းပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ စာရေး ဆရာ ဝေဟင်အောင်တို့ကို ဖမ်း ဆီးရခြင်း အကြောင်းရင်းများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရ အဖွဲ့နှင့် စစ်တွေမြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများသည် ဇန်န ဝါရီ ၂၂ ရက်တွင် စစ်တွေမြို့၌ တွေ့ ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသူအများစုက မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သီးခြားလွတ်လပ်သည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည့်အပေါ် ၀န် ကြီးချုပ်က ယင်းသို့ပြောကြားခြင်း ဖြစ်သည်။
ထို့အပြင်မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်ဖြစ်ချင်း သက်ဆိုင်ရာစီမံခန့်ခွဲရေး တာဝန်ရှိသူ များအား ဖြစ်စဉ်အပေါ် စိစစ်ပြီး ဖြေရှင်းချက်ပေးရန် ညွှန်ကြား ထားကြောင်းလည်း ၎င်းကပြော သည်။
‘‘လွတ်လပ်တဲ့ စိစစ်ရေးအ ဖွဲ့တစ်ခု ဖွဲ့စည်းဖို့ဆိုတာကတော့ ကျွန်တော်တို့ ပြည်နယ်အဆင့်ရဲ့ လုပ်ပိုင်ခွင့်ထက် ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ကျရောက်နေတဲ့ အတွက် ပြည်ထောင်စုအစိုးရကို ဒီနေ့တင်ပြချက်တွေ အပါအဝင် ပြည်ပြည့်စုံစုံနဲ့ အလေးအနက် ထားပြီးတော့ ဒီကော်မရှင်တစ်ရပ် ဖွဲ့စည်းရေးကို တင်ပြသွားဖို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါ တယ်’’ ဟု ဝန်ကြီးချုပ်က ပြော သည်။
ဝန်ကြီးချုပ်က ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ရသေ့တောင်မြို့နယ်တွင် ဟောပြောခဲ့သည့် ဟောပြောချက်အချို့ကို ဖတ်ပြခဲ့ပြီး ၎င်းတို့နှစ်ဦး၏ဟောပြောချက်သည် ဥပဒေနှင့်မညီညွတ်၍ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။
‘‘ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောတာနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ မညီဘူးဆိုတာကို ကျွန်တော်တို့ သုံးသပ်လို့ရပါ တယ်။ ဒါနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ တာဝန်ရှိသူတွေနဲ့၊ ဒီမှာရှိတဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်တဲ့အခါမှာ ဒါဥပဒေနဲ့ မညီ ညွတ်တဲ့အတွက်ကြောင့် အရေး ယူဆောင်ရွက်မှုတွေ ပြုလုပ်ရတာ ဖြစ်ပါတယ်’’ ဟု ပြည်နယ်ဝန်ကြီး ချုပ်က ဆိုသည်။
ယင်းသို့ အရေးယူဆောင် ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ ကလည်း အစည်းအဝေးခေါ်ယူ ဆွေးနွေးခဲ့ပြီး နိုင်ငံတော် သမ္မတ က ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ၎င်းက ရှင်းပြသည်။
နိုင်ငံရေးတွင်လက်ဝါးဖြန့်၍ မရသောကြောင့် လက်ညှိုးကွေး၍ တောင်းသည့်အကွက် ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်က ဟောပြောခဲ့ပြီး ဒေါက်တာအေးမောင်က ဗမာများ သည် ရခိုင်များကို ဗမာ့ကျွန် အဖြစ်သာထားရှိပြီး တန်းတူအ ခွင့်အရေးမပေးခြင်း၊ ရခိုင့်မြေပုံ ကိုလည်း မြန်မာနိုင်ငံ မြေပုံထဲက မပျက်စေခြင်း၊ ရခိုင်ကိုလည်း ကျွန်လို သဘောထားလျှင်ဖြင့် ရခိုင် များကလည်း ရခိုင်အချုပ်အ ခြာအာဏာကို မရရအောင် ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ပြခဲ့သည်။
ဒေါက်တာအေးမောင်နှင့် စာ ရေးဆရာ ဝေဟင်အောင်တို့ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်မည်ဖြစ်ပြီး တည်ငြိမ်အေး ချမ်းရေး ပူးပေါင်းဆောင်ရွက် ပေးရန် ဝန်ကြီးချုပ်က မေတ္တာရပ် ခံခဲ့သည်။
မြောက်ဦး နန်းတော်ရာကုန်း ဟောပြောပွဲ တားဆီးခြင်းမှ အစပြု သည့် ဆန္ဒပြမှုသည်မကြေညာဘဲ ရုတ်ခြည်း ဆန္ဒပြခြင်းမှတစ်ဆင့် အ ကြမ်းဖက် ဆန္ဒပြခြင်းအဆင့်ကို ကူးပြောင်းသည့် အနေအထား တွေ့ရသည်ဟု ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင် ဆွေက ရှင်းလင်းသည်။
လူစတင်စုဝေးမှု၊ မြောက်ဦး မြို့တွင် လှည့်လည်ဆန္ဒပြမှု၊ အုပ် ချုပ်ရေးရုံးသို့ ရောက်ရှိလာပြီး ရုံးတံခါးကို ဖျက်ဆီးဝင်ရောက် လာမှု၊ ခဲများဖြင့် ပစ်ပေါက်အ ကြမ်းဖက်မှု၊ နိုင်ငံတော်အလံနေ ရာတွင် အသင့်ယူလာသည့် အလံ ကို လွှင့်တင်ခြင်း၊ ရုံးအတွင်းဝင် ရောက်ဖျက်ဆီးခြင်း စသည်တို့ကို လူစုလူဝေးက လုပ်ဆောင်ခဲ့သည် ဟု ဦးတင်မောင်ဆွေက ပြောကြား သည်။ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်း အိမ်သာထဲတွင် ပုန်းအောင်းနေခဲ့ရကြောင်း ၎င်းက ဆိုသည်။အုပ်ချုပ်ရေးရုံးကို ဝင် ရောက်တိုက်ခိုက်ခြင်းသည် သြဂုတ်အတွင်းက ရဲကင်းစခန်းများကို တိုက်ခိုက်ခံရမှုနှင့် သဘောချင်းမတူဟု ၎င်းက ပြောသည်။
‘‘အုပ်ချုပ်ရေးရုံးကို တိုက် ခိုက်ခံရတယ်ဆိုတာ ပြည်ထောင် စုအစိုးရ၊ ကျွန်တော်တို့နိုင်ငံရဲ့ အ ချုပ်အခြာအာဏာရဲ့ အစိတ်အ ပိုင်းတစ်ခုကို တိုက်ခိုက်ခံရတာ အကြမ်းဖက်ခံရတဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချုပ် အခြာအာဏာနဲ့ ပတ်သက်လာလို့ ရှိရင် မလွှဲမရှောင်သာ ကျွန်တော် တို့အနေနဲ့ ဆောင်ရွက်ရမယ့်အ နေအထားတွေ ရှိပါတယ်’’ ဟု ၎င်းကပြောသည်။
အကြမ်းဖက်သူများအနေ ဖြင့် ခရိုင်ထွေအုပ်ရုံးကို အချိန်အ တိုင်းအတာ တစ်ခုအထိ အုပ်စီးမိ ထားသည့် အခြေအနေဖြစ်ပေါ်ခဲ့ ကြောင်း ပြောသည်။
‘‘နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ သင်္ကေတဖြစ်တဲ့ နိုင်ငံ တော်အလံနေရာမှာ သူတို့အသင့် ယူဆောင်လာတဲ့ သူတို့တီထွင်တဲ့ အလံကို တပ်ဆင်ခဲ့တယ်။ ဒီဥစ္စာ သည် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ် ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်’’ ဟု ဦးတင်မောင်ဆွေ ကပြောသည်။
လူစုလူဝေးသည် ခရိုင်ထွေ အုပ်ရုံးအပြင် ခရိုင်ဥပဒေအရာရှိ ရုံး၊ ဌာနဆိုင်ရာအသီးသီးမှ ဝန် ထမ်းများဖြင့် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့်ရုံး၊ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၊ ခရိုင် လဝကရုံး၊ စသည်တို့ကိုလည်း ဖျက်ဆီးခဲ့ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးပိုင်ကား၊ ခရိုင်ဥပဒေ အရာရှိကားနဲ့ ခရိုင်ဝန်ထမ်းများ၏ ဆိုင်ကယ်များကို ဖျက်ဆီးခဲ့ ကြောင်း ဦးတင်မောင်ဆွေက ဓာတ်ပုံများနှင့်တကွ ရှင်းပြသည်။
‘‘ကျွန်တော်တို့ ကျေးဇူးတင် တာက မီးမရှို့သွားတဲ့အတွက် အ ထောက်အထားတွေ၊ အချက်အ လက်တွေ ပျက်မသွားလို့ ကျေးဇူး တင်နေရပါတယ်’’ ဟုလည်း ဦး တင်မောင်ဆွေက ပြောသည်။
ဖြစ်စဉ်တွင် ဦးဆောင်လှုံ့ဆော်သူများနှင့်ပါဝင်ပတ်သက် သူများကိုဆက်လက်စစ်ဆေး ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်မည်ဟုလည်း ၎င်းက ရှင်းလင်းသည်။ မြောက်ဦးဆန္ဒပြပွဲ ဦးဆောင်သူများကို နိုင်ငံတော်ပုန်ကုန်မှုပုဒ်မဖြင့် အရေးယူရန် စီစဉ်နေသည်။
ရဲတပ်ဖွဲ့ဝင်များ၏ ဆောင် ရွက်ချက်များသည် လုပ်ထုံးလုပ် နည်းနှင့်အညီ ညီညွတ်မှုရှိ၊ မရှိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ဇန်နဝါရီ ၂၀ ရက်က ဖွဲ့စည်းစုံစမ်း စစ်ဆေးနေကြောင်း ပြည်နယ် အစိုးရက ရှင်းလင်းသည်။
စစ်တွေမြို့ခံ ဦးသာပွင့်က ‘‘အဲဒီသံသယတွေ ကင်းရှင်းဖို့အ တွက် အစိုးရမဟုတ်တဲ့ ပြင်ပကျွမ်း ကျင်သူတွေနဲ့ လွတ်လပ်တဲ့ကော် မရှင်တစ်ခု ဖွဲ့ပြီးတော့ ဒီကိစ္စကို စုံစမ်းဖို့ဖွဲ့ပေးပါ’’ ဟု တောင်းဆို သည်။
မြောက်ဦးတွင် ရုတ်တရက် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မဖြစ်လာမီ ကတည်းက အဆင့်ဆင့်ဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်များရှိသည်ဟု ပြည် နယ်ဝန်ကြီးချုပ် ဦးညီပုက ဆို သည်။
‘‘ဒါတွေကို ကျွန်တော်တို့ ပြန်လည်ပြီးတော့၊ စုံစမ်းစစ်ဆေး ပြီးတော့ ဖော်ထုတ်မယ်ဆိုရင် လည်း ဘယ်လိုတွေ ဖြစ်ပျက်ခဲ့ တယ်၊ ဘယ်လိုအကြောင်းတရား တွေ ဖန်တီးခဲ့တယ်။ ဘယ်သူက ဖန်တီးတယ်၊ အရင်းအမြစ်က ဘယ်အကြောင်းတရား၊ ဘယ်သူ က ဒီလိုဖြစ်လာအောင် ဖန်တီး တယ်၊ လှုံ့ဆော်တယ်စသည်အား ဖြင့် စည်းရုံးတယ်။ ဒါတွေဟာ တဖြည်းဖြည်း ပေါ်ပေါက်လာဖို့ ပေါ်ပေါက်လာအောင်လည်းပဲ ကျွန်တော်တို့မှာလည်း တာဝန်ရှိ တယ်။ အားလုံးမှာလည်း တာဝန် ရှိတယ်လို့ ခံယူပါတယ်’’ ဟု ၎င်း ကပြောသည်။
ရခိုင်ပြည်နယ်နှင့်ပတ်သက် ပြီး ဖြစ်ပျက်သမျှအားလုံးသည် ပြည်နယ်ဝန်ကြီးချုပ် အပေါ်တွင် တာဝန်ရှိပြီး တာဝန်ယူကြောင်း၊ တာဝန်ခံကြောင်းလည်း ဦးညီပု က ပြောသည်။
‘‘တာဝန်ကျေအောင်လည်း အတတ်နိုင်ဆုံး ကျွန်တော်ကြိုးစား ပြီး လုပ်သွားဖို့ရှိပါတယ်။ အဲဒီအ တွက်လည်း ကျွန်တော်ကတိပြု ပြီးတော့ ဆောင်ရွက်ပါ့မယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ တာဝန် မကျေတာတွေ၊ ပျက်ကွက်မှုတွေ၊ မှားယွင်းမှုတွေ ဒါတွေရှိခဲ့ရင် လည်း ကျွန်တော်အရေးယူခံဖို့ အဆင်သင့်ပါ’’ ဟု ဝန်ကြီးချုပ်က ပြောသည်။
မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့ သော အဓိကရုဏ်းဖြစ်စဉ်ကို ပြည်ထောင်စုအဆင့် စစ်ဆေးရေး အဖွဲ့က ဇန်နဝါရီ ၂၄ ရက်၌ အခင်းဖြစ်ပွားရာ ဒေသသို့ သွား ရောက်စစ်ဆေးမည်ဖြစ်သည်။
========================
251 / End
မြောက်ဦးအဓိကရုဏ်းတွင် တာဝန်ပျက်ကွက်မှုများ၊ မှားယွင်းမှုများရှိပါက အရေးယူခံရန်အဆင့်သင့်ဟု ရခိုင်ဝန်ကြီးချုပ်ပြော
၂၃ ဇန်နဝါရီ ၂၀၁၈ - ၁၉:၀၄
News ID: 878861
မြောက်ဦးတွင် ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် ရဲတပ်ဖွဲ့အကြား အဓိကရုဏ်းကို လွတ်လပ်သည့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး နိုင်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြမည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ပြောကြား သည်။