၂၇ ဇန်နဝါရီ ၂၀၁၈ - ၂၀:၂၀
အိန္ဒိယအစိုးရ၏ အမြင့်ဆုံးသော အရပ်သားဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ဒေါက်တာသန့်မြင့်ဦး ရရှိ

အိန္ဒိယအစိုးရက ပေး အပ်သည့် ၂၀၁၈ အတွက် Padma Shri (ပဒုမ္မာသီရိ) ဆုကို ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust) ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦး ရရှိ ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် အိန္ဒိယအစိုးရက ကြေညာသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အိန္ဒိယအစိုးရက ပေး အပ်သည့် ၂၀၁၈ အတွက် Padma Shri (ပဒုမ္မာသီရိ) ဆုကို ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust) ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦး ရရှိ ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် အိန္ဒိယအစိုးရက ကြေညာသည်။

Padma Shri (ပဒုမ္မာသီရိ)  ဆုသည် အိန္ဒိယအစိုးရက ပေး အပ်သည့် အမြင့်ဆုံးသော အရပ် သားဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များအနက် တစ်ခုဖြစ်ပြီး ထိုဆုကို အိန္ဒိယသမ္မတနိုင်ငံနေ့တွင် နှစ်စဉ် ကြေညာပြီး အိန္ဒိယနိုင်ငံ သမ္မတကိုယ်တိုင် ဆုပေးအပ်ချီးမြှင့်လေ့ရှိသည်။

ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းကြောင့် ၎င်းကို လူထုရေးရာဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်မှု နယ်ပယ်တွင် ထူးချွန်သူအဖြစ် ဆုပေးအပ်ခြင်းဖြစ်ကြောင်း အိန္ဒိယ အစိုးရက ကြေညာသည်။

‘‘အိန္ဒိယနိုင်ငံ၏ ၂၀၁၈  အတွက် Padma Shri (ပဒုမ္မာသီ ရိ)  ဆုများထဲက တစ်ဆုကို လက် ခံရရှိတဲ့အတွက် တကယ်ပဲ ဂုဏ် ယူ ဝမ်းမြောက်မိပါတယ်’’ ဟု ဒေါက်တာ သန့်မြင့်ဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယမန်နေ့က ရေးသားထားသည်။

Padma (ပဒုမ္မာ) ဆုအမျိုးအ စား သုံးမျိုးဖြစ်သည့် Padma Vibhushan, Padma Bhushan and Padma Shri (ပဒုမ္မာသီရိ) ဆုများအတွက် ယခုနှစ်တွင် တစ် ကမ္ဘာလုံးမှ လျှောက်ထားသူ ၁၅,၇၀၀ ဦးရှိသည့်အနက် ၈၅ ဦးအား ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။ ယခုနှစ်တွင် ထူးခြားမှုအနေဖြင့် အိန္ဒိယ- အာဆီယံဆက် ဆံရေး ငွေရတု အထိမ်းအမှတ်အဖြစ် အာဆီယံ ၁၀ နိုင်ငံမှ တစ်နိုင်ငံလျှင် တစ်ဦးနှုန်းဖြင့် Padma Shri (ပဒုမ္မာသီရိ) ဆု ရွေးချယ်ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဒေါက်တာသန့်မြင့်ဦး ရရှိခဲ့သည်။

ပဒုမ္မာသီရိဆုသည် အနုပ ညာ၊ ပညာရေး၊ ဆေးပညာ၊ လူထု ရေးရာဆိုင်ရာ ကိစ္စရပ်များ ဆောင် ရွက်မှု၊ စာပေ၊ သိပ္ပံ၊ အားကစား၊ လူမှုရေးဝန်ဆောင်မှုနှင့် စက်မှု နည်းပညာနယ်ပယ်များတွင် စွမ်း ဆောင်မှုပြောင်မြောက်သည့် အ ရပ်သားထူးချွန်သူများအား ၁၉၅၄ က စတင်ကာ အိန္ဒိယအစိုးရက နှစ်စဉ်ပေးအပ်သည့်ဆုဖြစ်သည်။

ဒေါက်တာသန့်မြင့်ဦးသည် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးဟောင်း ဦးသန့်၏မြေးဖြစ် ပြီး သမိုင်းပညာရှင်တစ်ဦးဖြစ်ကာ Where China Meets India: Burma and the New Crossroads of Asia စာအုပ်အပါအဝင် စာအုပ်လေးအုပ် ရေးသားထုတ်ဝေထားသည်။

ဒေါက်တာသန့်မြင့်ဦးသည် ဟားဗတ်၊ ကန်းဘရစ်ခ်ျ၊ ဂျွန်ဟော့ ကင်း တက္ကသိုလ်တို့တွင် တက် ရောက်ခဲ့ပြီး ကန်းဘရစ်ခ်ျတက္က သိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ၁၉၉၆ ၌ ရရှိခဲ့သည်။ ၂၀၁၃ တွင် Foreign Policy မဂ္ဂဇင်း၌ ကမ္ဘာ့တွေးခေါ်ရှင် ၁၀၀ စာရင်းတွင် ဒေါက်တာသန့်မြင့်ဦး အမည် ဖော်ပြခြင်းခံရပြီး Propect မဂ္ဂဇင်း၌ ၂၀၁၄  ကမ္ဘာ့ တွေးခေါ်ရှင် ၅၀ တွင် ပါဝင်ခဲ့သည်။ ကန်းဘရစ်ခ်ျတက္ကသိုလ်၏ ထရီနီတီကောလိပ်တွင် သမိုင်း ဘာသာရပ်သင် ဆရာတစ်ဦးအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ငြိမ်း ချမ်းရေးထိန်းသိမ်းမှုလုပ်ငန်း နှစ် ခုနှင့် ကုလသမဂ္ဂ အဖွဲ့၏ အထွေ ထွေအုပ်ချုပ်ရေး မှူးရုံးအဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာ သန့်မြင့်ဦးသည် အာရှရှိ ပညာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့သူများ အား ဂျပန်နိုင်ငံက ပေးအပ်သည့် ဖူကူ ဖိုကာ Grand Prize ဆုကို ၂၀၁၅ က ရရှိထားသည်။

========================
251 / End