အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံသစ်လုပ်ငန်း ရှင်များအသင်း အလုပ်အမှု ဆောင်သစ် ရွေးချယ်ပွဲ ပြုလုပ်သည့်နေ့ တွင် အသင်းဝင်ဟောင်းများ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို ဇန်န၀ါရီ ၂၇ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်းသစ် အခြေခံစက်မှုလက်မှု ဖွံ့ဖြိုးရေး ရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းနှင့် အသင်းသား ဟောင်းများအကြား အငြင်းပွား နေချိန်၌ ဖျန်ဖြေညှိနှိုင်းရေးကော် မတီဖွဲ့ကာ စုံစမ်းစစ်ဆေးရန် ဆောင်ရွက်နေချိန်တွင် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲပြုလုပ် သဖြင့် ကန့်ကွက်ခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင် များအသင်း အလုပ်အမှုဆောင်ဟောင်း ဦးကျော်သူက ပြောသည်။
အထက်ပါ ဆန္ဒပြမှုနှင့်ပတ် သက်၍ မြန်မာနိုင်ငံသစ်လုပ်ငန်း ရှင်များအသင်း ဗဟိုအလုပ်အမှု ဆောင်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း က ပြောသည်မှာ ဆန္ဒပြရာတွင် အသင်းသား လေးဦးခန့်သာ ပါဝင်ပြီး ကျန်သူများသည် အသင်းသားများမဟုတ်ကြောင်း၊ ၎င်းတို့ကို အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲ မဲပေးခွင့်မပြုခြင်းနှင့် ၀င်ရောက်ရွေးချယ်ခွင့်မပြုခြင်းသည် သတ် မှတ် အသင်းဝင်ကြေးများ၊ နှစ် စဉ်ကြေးများ ပေးသွင်းရန် ပျက် ကွက်ခြင်း၊ အသင်းနှင့်ပတ်သက် သော ငွေစာရင်းများ မရှင်းနိုင် ခြင်းတို့ကြောင့်ဖြစ်ပြီး မဲပေးခြင်း နှင့် ၀င်ရောက်အရွေးချယ်ခံခြင်းကို အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်ကသာ ဆုံး ဖြတ်ကြောင်း ၎င်းက ဆိုသည်။
‘‘ဆန္ဒပြတဲ့သူတွေ အားလုံး က အသင်းလူတွေပါပဲ။ တချို့က စက်ရုံမန်နေဂျာတွေပါတယ်။ အ လုပ်သမားတွေပါတယ်။ အားလုံး မှာ ကိုယ်စားလှယ်လွှဲစာ အား လုံးပါတယ်။ ငွေကြေးကိစ္စဆိုတာ အရင်နှစ်က ကိစ္စတွေပါ။ ဒါတွေ နဲ့မဆိုင်ပါဘူး။ ရှုပ်ထွေးအောင် လုပ်နေတာပါ’’ဟု ဆန္ဒထုတ်ဖော် သူ ဦးကျော်သူက ပြောသည်။
မြန်မာနိုင်ငံသစ်လုပ်ငန်းရှင် များအသင်း အလုပ်အမှုဆောင် သစ်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ကိစ္စများကို ပြေ လည်အောင် ဖြေရှင်းပြီးမှသာ ရွေးချယ်ပွဲပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်က ဇန်န၀ါရီ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်သည်။
‘‘အန်ကယ်တို့ အသင်းက လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကုမ္ပဏီများ မှတ်ပုံတင်ဌာနမှာလည်း မှတ်ပုံ တင်ရှိပါတယ်။ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ်ဆိုတာလည်း အသင်း တစ်သင်းပါပဲ။ အန်ကယ်တို့အ သင်းနဲ့က ညီနောင်အဖြစ် ပေါင်း စပ်ခြင်းသာ ဖြစ်တယ်’’ဟု ဗဟို အလုပ်အမှုဆောင် ဥက္ကဋ္ဌဒေါက် တာစိန်ဝင်းက ပြောသည်။
ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် ညွှန်ကြားချက်ကို မြန်မာ နိုင်ငံသစ်လုပ်ငန်းရှင်များအသင်းလက်ခံခြင်း၊ လက်မခံခြင်းသည်မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်းနှင့်သာ သက်ဆိုင်ကြောင်း၊ ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ မေးမြန်းရန်ရှိကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံသစ်လုပ်ငန်းရှင် များအသင်းသည် အလုပ်အမှု ဆောင်ဥက္ကဋ္ဌကို ၂ နှစ်တစ်ကြိမ် ရွေးချယ်ပြီး ဥက္ကဋ္ဌသက်တမ်း ၂ နှစ်ရှိကာ လေးကြိမ်ထိ ရွေးချယ်ခံ နိုင်သည်။
လက်ရှိ မြန်မာနိုင်ငံ သစ် လုပ်ငန်းရှင်များအသင်း အလုပ် အမှုဆောင်သစ် ရွေးချယ်ခြင်း တွင် အသင်းသား ၂၄ ဦး ၀င် ရောက်ရွေးချယ်ခံကြောင်း သိရ သည်။
========================
251 / End
၂၈ ဇန်နဝါရီ ၂၀၁၈ - ၁၉:၄၅
News ID: 879653
မြန်မာနိုင်ငံသစ်လုပ်ငန်း ရှင်များအသင်း အလုပ်အမှု ဆောင်သစ် ရွေးချယ်ပွဲ ပြုလုပ်သည့်နေ့ တွင် အသင်းဝင်ဟောင်းများ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို ဇန်န၀ါရီ ၂၇ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်းသစ် အခြေခံစက်မှုလက်မှု ဖွံ့ဖြိုးရေး ရုံးရှေ့၌ ပြုလုပ်ခဲ့သည်။