အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် တွင် တာဝန်ရှိသည်ဟု စုံစမ်းစစ် ဆေးရေးအဖွဲ့က မှတ်ချက်ပြု လျှင် ၀န်ကြီးချုပ်ကို လွှတ်တော် က စွပ်စွဲပြစ်တင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဒုတိ ယဥက္ကဋ္ဌဦးမြသန်းက ပြောသည်။
မြောက်ဦး၌ ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် ရဲတပ်ဖွဲ့အကြား အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့၏ပစ် ခတ်မှုကြောင့် အရပ်သား ခုနစ်ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ လူစုလူဝေး၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ဒဏ်ရာရရှိ ကြောင်း အစိုးရကသတင်းထုတ် ပြန်ထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက် ၍ စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ကိုးဦးပါဝင်သည့် စုံစမ်းစစ်ဆေး ရေးအဖွဲ့တစ်ဖွဲ့ကို ဇန်န၀ါရီ ၂၉ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြု သည်။
လွှတ်တော်က ဖွဲ့စည်းထား သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ရခိုင်အမျိုးသားပါတီမှ လွှတ် တော်ကိုယ်စားလှယ် ငါးဦး၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဦးနှင့် လွှတ်တော်ဥပဒေရးရာနှင့် အခြား ကိစ္စရပ်များဆိုင်ရာ အကြံပေးအ ဖွဲ့ဝင် နှစ်ဦးပါဝင်သည်။
ယင်းစုံစမ်းစစ်ဆေးရေးအ ဖွဲ့က ဖြစ်စဉ်တွင်ပါဝင်ခဲ့သူများအ ပါအ၀င် အစိုးရအဖွဲ့ဝင်များကို စစ်ဆေးမေးမြန်းမည်ဖြစ်ကာ ဖွဲ့စည်းပြီး ရက် ၃၀ အတွင်း လွှတ်တော်သို့အစီရင်ခံစာတင်သွင်းရ မည်ဖြစ်ကြောင်း ဦးမြသန်းက ဆိုသည်။
‘‘စုံစမ်းစစ်ဆေးရေးအဖွဲ့ အ စီရင်ခံစာက ၀န်ကြီးချုပ်မှာ တာ ၀န်ပျက်ကွက်မှုရှိတယ်လို့ဆိုရင် ၀န်ကြီးချုပ်က သူပြောခဲ့တဲ့အ တိုင်း ရာထူးက နုတ်ထွက်ရမယ်။ မဟုတ်ရင်တော့ လွှတ်တော်က စွပ်စွဲပြစ်တင်သွားမယ်’’ ဟု ၎င်း ကပြောသည်။
မြောက်ဦးအဓိကရုဏ်းတွင် တာဝန်ပျက်ကွက်မှုများ၊ မှားယွင်း မှုများရှိပါက အရေးယူခံရန် အ သင့်ရှိကြောင်း ရခိုင်ပြည်နယ် ၀န် ကြီးချုပ်ဦးညီပုက ဇန်န၀ါရီ ၂၂ ရက်တွင် စစ်တွေမြို့၌ ပြုလုပ် သည့် ပြည်နယ်အစိုးရနှင့် စစ်တွေ မြို့မိ မြို့ဖများ၊ လူမှုအဖွဲ့အစည်း များ တွေ့ဆုံပွဲတွင် ပြောကြား သည်။
မြောက်ဦးတွင် ဖြစ်ပွားသည့် အဓိကရုဏ်းနှင့်ပတ်သက်၍ ဦးမြသန်းက ‘‘အစိုးရအဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်း တစ်ဆင့်ချင်းလုပ်သွားတယ်လို့ ပြောထားတယ်။ ဒါပေမဲ့ မြောက်ဦးဒေသက လူတွေက သေနတ်နဲ့ မပစ်သင့်ဘူး၊ အကြမ်းဖက်တယ် လို့ ပြောထားတယ်။ ဒါကို စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ် အခြေခံပြီး သုံးသပ်သွားရ မယ်’’ဟုဆိုသည်။
‘‘အဓိကရုဏ်းနဲ့ ဆက်စပ် နေတဲ့ အဖွဲ့အစည်းတွေ၊ ကြား လိုက်၊ မြင်လိုက်တဲ့ လူပုဂ္ဂိုလ်တွေ ကို မေးမြန်းသွားပါမယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားပါမယ်’’ဟု စုံစမ်း စစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇန်န၀ါရီ ၂၅ ရက်တွင် ဖွဲ့စည်းခဲ့ ပြီး ယင်းအဖွဲ့အား အတည်ပြုရန် ဇန်န၀ါရီ ၂၉ ရက်တွင် လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ ခဲ့သည်။ အစည်းအဝေး၌ မဲခွဲရာ ထောက်ခံမဲ ၂၀၊ ကန့်ကွက်မဲ ၁၆မဲ၊ ကြားနေမဲ ၄ မဲဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အတည်ပြုခဲ့ကြောင်း လွှတ်တော်ကိုယ်စား လှယ်ဦးသန်းနိုင်က ပြောသည်။
========================
251 / End
၃၀ ဇန်နဝါရီ ၂၀၁၈ - ၁၈:၃၀
News ID: 880038
မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် တွင် တာဝန်ရှိသည်ဟု စုံစမ်းစစ် ဆေးရေးအဖွဲ့က မှတ်ချက်ပြု လျှင် ၀န်ကြီးချုပ်ကို လွှတ်တော် က စွပ်စွဲပြစ်တင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဒုတိ ယဥက္ကဋ္ဌဦးမြသန်းက ပြောသည်။