၁ ဖေဖော်ဝါရီ ၂၀၁၈ - ၁၇:၀၈
ပုဂ္ဂလိကဘဏ်များရှိ အပ်ငွေကျပ်ဘီလီယံ ၂၇,၀၀၀ တွင် ပြည်သူများ၏ စုဆောင်းငွေ ၈၀ ရာခိုင်နှုန်းပါဝင်၍ ဘဏ်တိုးနှုန်းလျှော့ချမည် မဟုတ်ဟု ဗဟ

ပုဂ္ဂလိကဘဏ်များတွင် အပ်နှံငွေစုစု ပေါင်း ကျပ်ဘီလီယံ၂၇,၀၀၀ ရှိပြီး ၈၀ ရာခိုင်နှုန်း သည် အခြေခံနှင့်အလယ်အလတ်လူတန်းစားများ၊ ပင်စင်စားများ၊ စီးပွားရေးလုပ်ငန်းနှင့် များစွာဆက် စပ်မှုမရှိသည့် ပြည်သူများ၏ အပ်နှံငွေများဖြစ်၍ ဘဏ်တိုးနှုန်းလျှော့ချမည်မဟုတ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးစိုးမင်းက ပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပုဂ္ဂလိကဘဏ်များတွင် အပ်နှံငွေစုစု ပေါင်း ကျပ်ဘီလီယံ၂၇,၀၀၀ ရှိပြီး ၈၀ ရာခိုင်နှုန်း သည် အခြေခံနှင့်အလယ်အလတ်လူတန်းစားများ၊ ပင်စင်စားများ၊ စီးပွားရေးလုပ်ငန်းနှင့် များစွာဆက် စပ်မှုမရှိသည့် ပြည်သူများ၏ အပ်နှံငွေများဖြစ်၍ ဘဏ်တိုးနှုန်းလျှော့ချမည်မဟုတ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးစိုးမင်းက ပြောကြား သည်။

ဇန်န၀ါရီ ၃၁ ရက်ကကျင်းပသည့် ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ပြန်လည်ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကသတ်မှတ်ထားသည့်အတိုးနှုန်း ကြောင့် အစိုးရငွေတိုက်စာချုပ်အ တိုးနှုန်းမြင့်မားနေသည်ဆိုသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်သက်သက်ခိုင်၏ ဆွေး နွေးချက်နှင့်ပတ်သက်ပြီး ဗဟို ဘဏ်ဒုဥက္ကဋ္ဌက ရှင်းလင်းပြော ကြားခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ဘဏ်တွင် အပ်နှံသည့်အတိုးနှုန်းကို ၈ ရာခိုင် နှုန်းမှ ၇ ရာခိုင်နှုန်းသို့လည်း ကောင်း၊ ဘဏ်မှချေးယူငွေအ ပေါ်အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းမှ  ၁၁ ရာခိုင်နှုန်းသို့လည်းကောင်း ပြောင်းလဲ သတ်မှတ်ပေးသင့် ကြောင်း ဒေါ်သက်သက်ခိုင်က ဆွေးနွေးသည်။

လက်ရှိ ဘဏ်အတိုးနှုန်း ကြောင့် အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များသည် အ တိုးနှုန်း ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးလာ၍ နိုင်ငံ တော်တွင် အတိုးနှင့်ပိနေသည့် အခြေအနေကြုံနေရသည်ဟု ၎င်း ကဆိုသည်။

ဒေါ်သက်သက်ခိုင်၏ဆွေး နွေးချက်နှင့်ပတ်သက်၍ ဗဟို ဘဏ်ဒုဥက္ကဋ္ဌက အစိုးရငွေတိုက် စာချုပ်နှင့် ငွေတိုက်လက်မှတ်များ အတွက် အစိုးရကပေးရသည့်အ တိုးနှုန်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သည့်အ တိုးနှုန်းနှင့် သီးခြားစီဖြစ်ကြောင်း ရှင်းလင်းသည်။

ဘဏ်တိုးနှုန်းလျှော့ချပါက စီးပွားရေးလုပ်ငန်းများ၏ မတည် ရင်းနှီးမှုအတွက် ကုန်ကျစရိတ် လျော့ကျစေနိုင်သော်လည်း အ ခြေခံပြည်သူများ၏ ခံစားခွင့်နှင့် စုဆောင်းငွေပမာဏကို အဓိက ကြည့်ရန်လိုအပ်ကြောင်း ဗဟို ဘဏ်ဒုဥက္ကဋ္ဌက ဆက်လက်ပြော သည်။

အတိုးနှုန်းလျှော့ချလိုက်၍ အခြေခံပြည်သူများအပေါ် ရိုက် ခတ်ခြင်းသည် နိုင်ငံ၏စီးပွားရေး နယ်ပယ်ကိုသာမက လူမှုရေး၊ နိုင်ငံရေးနယ်ပယ်အထိ ကြီးမား သော သက်ရောက်မှုများဖြစ်ပေါ် စေမည်ဟု ၎င်းကဆိုသည်။

‘‘ဒါကြောင့် စီးပွားရေးစနစ် တစ်ခုလုံးရဲ့ အကျိုးငှာလည်း ကောင်း၊ အခြေခံပြည်သူများရဲ့ အကျိုးစီးပွားအလို့ငှာလည်း ကောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်အနေဖြင့် အတိုးနှုန်းလျှော့ ချမှုပြုလုပ်မည်မဟုတ်ပါကြောင်း နဲ့ စီးပွားရေးလုပ်ငန်းများအနေနဲ့ ချေးငွေအတိုး ၁၃ ရာခိုင်နှုန်း အောက်လျှော့ချရရှိနိုင်ရန်လည်း ဘဏ်များနှင့် ညှိနှိုင်းရန်အခွင့်အ လမ်းများ တည်ရှိနေပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်’’ ဟု ဦးစိုးမင်းက လွှတ်တော်သို့ တင် ပြဆွေးနွေးသည်။

အတိုးနှုန်းလျှော့ချခြင်းမပြု သည့် ဗဟိုဘဏ်၏ဆုံးဖြတ်ချက် မှားယွင်းကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် သက်သက်ခိုင်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအပြီး တွင် မီဒီယာများနှင့်တွေ့ဆုံ၍ တုံ့ ပြန်ပြောကြားသည်။

‘‘ဗဟိုဘဏ်ရဲ့ဆုံးဖြတ်ချက် ကတော့ လူအများစုကို ဘဏ်မှာ ပဲငွေစုပြီး အိမ်မှာဒူးနှန့်ပြီးနေကြ၊ အလုပ်မလုပ်ကြနဲ့ဆိုတဲ့ပုံစံဖြစ် နေတဲ့အတွက် ဒါသည်မှားနေ တယ်လို့ ကျွန်မယူဆတယ်’’ ဟု ၎င်းကပြောသည်။

ဘဏ်တွင် ငွေအပ်နှံပြီး အ တိုးယူသည့် ပြည်သူနှင့် ငွေကို ရင်းနှီးလုပ်ကိုင်စားသောက်သည့် ပြည်သူဦးရေမည်သည့်အချိုးကပို ကောင်းသည်ဆိုခြင်းကို အစိုးရက ဆုံးဖြတ်ရန်လိုသည်ဟု ဒေါ်သက် သက်ခိုင်က ပြောသည်။

‘‘ဘဏ်မှာ ငွေတိုးပေးစားပြီး အိမ်မှာ ခေါင်းပြားအောင်အိပ်နေ တဲ့လူတွေအရေအတွက်များတာ ကို ကြည့်မှာလား။ ဒါမှမဟုတ်လို့ ရှိရင် ကိုယ့်ငွေအရင်းအနှီးကို ဘဏ်မှာ အတိုးမပေးဘဲနဲ့ကိုယ့်ရဲ့ လုပ်အားနဲ့စိုက်မယ်၊ ပျိုးမယ်၊ မွေးမြူမယ်။ ပြီးလို့ရှိရင် ကုန် ထုတ်လုပ်မှုလုပ်မယ်၊ ရောင်း မယ်၊ ၀ယ်မယ်။ ပြီးရင် ၀န်ဆောင် မှုစီးပွားရေးလုပ်ငန်းတွေ လုပ် မယ်။ ဒါမျိုးတွေ လုပ်တာကို လိုချင်လားဆိုတာ ဘယ်အချိုးက ပိုကောင်းတာလဲပေါ့’’ ဟု ဒေါ် သက်သက်ခိုင်က ဆက်လက် ပြောသည်။

အစိုးရငွေတိုက်လက်မှတ် နှင့် ငွေတိုက်စာချုပ်အတိုးနှုန်းများ တက်နေခြင်းသည် ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်း နှင့်မဆိုင်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြောဆိုချက်သည် မမှန်ကန် ကြောင်း ဒေါ်သက်သက်ခိုင်က ဆိုသည်။

‘‘အခုအချိန်မှာ ဘတ်ဂျက် လိုငွေနဲ့ တိုင်းပြည်တည်ဆောက် နေရတဲ့အချိန်မှာ နိုင်ငံတော်က လည်း အကြွေးတွေအများကြီးယူ နေရတယ်။ ယူနေရတဲ့အချိန်မှာ အစိုးရရဲ့ ငွေတိုက်စာချုပ်နဲ့ငွေ တိုက်လက်မှတ်ကို ဘယ်သူက ၀ယ်တာလဲဆိုရင် နိုင်ငံတော် ပိုင်ဘဏ်တွေက ၀ယ်တယ်၊ ပုဂ္ဂ လိကဘဏ်တွေကလည်း ၀ယ် တာဖြစ်တဲ့အတွက်ကြောင့် သူတို့ ရဲ့အတိုးနှုန်းအရင်းပေါ့။ သူတို့ဆီ မှာ ငွေလာစုတဲ့လူတွေက ၈ ရာ ခိုင်နှုန်းပေးပြီးတော့မှ ငွေကိုလက် ခံရတာဖြစ်တဲ့အတွက်ကြောင့် သူ တို့အရင်းထက်ပိုမှပဲ အစိုးရက ငွေပြန်ချေးမှာပေါ့။ အစိုးရရဲ့ ငွေ တိုက်စာချုပ်၊ ငွေတိုက်လက်မှတ် ကို ၀ယ်မှာပေါ့’’ ဟု၎င်းကပြော သည်။

ဗဟိုဘဏ်က သတ်မှတ် ထားသည့် အတိုးနှုန်းကိုလျှော့ ချရန်တောင်းဆိုခြင်းသည် ဘဏ် တွင် ငွေစုသည့် ပြည်သူလူထု၊ ဘဏ်မှငွေချေးနေသည့် နိုင်ငံ တော်နှင့် စီးပွားရေးလုပ်ငန်းရှင် များ၊ ဘဏ်များ၏ အကျိုးစီးပွား စသည်တို့ကို မျှမျှတတကြည့်ပြီး တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေါ် သက်သက်ခိုင်က ပြောသည်။

========================
251 / End