အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂျပန်နိုင်ငံသား ၃၀၀ ကျော် လိုက်ပါလာသည့် ကမ္ဘာ လှည့်အပျော်စီးသင်္ဘော Pacific Venus Cruies သည် ဖေဖော်ဝါရီ ၃ ရက်ကစတင်ကာ မြန်မာနိုင်ငံ သို့ သုံးရက်ကြာ လာရောက်လည် ပတ်ခဲ့ကြောင်း အဆိုပါ ခရီးစဉ်ကို စီစဉ်ပေးသည့် AKM Tours ခရီး သွားလုပ်ငန်း လက်ထောက်မန် နေဂျာ ဦးဝင်းထွဋ်က ပြောကြား သည်။
Pacific Venus Cruies ကမ္ဘာလှည့်အပျော်စီးသင်္ဘော သည် သီရိလင်္ကာနိုင်ငံ ကိုလံဘို ဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ် ကမ်းသို့ ဆိုက်ရောက်ပြီး ယခု ခရီးစဉ်သည် ၂၀၁၈ အတွင်း ၎င်းတို့၏ ပထမဆုံးခရီးစဉ်ဖြစ် ကြောင်း ဦးဝင်းထွဋ်က ပြော သည်။
‘‘အခုလာတဲ့ Pacific VenusCruies သင်္ဘောလိုင်းက ကျွန် တော်တို့ မြန်မာကိုဝင်တာ ပထမ ဆုံးအကြိမ်ဖြစ်ပါတယ်။ ကျွန် တော်တို့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ကလည်း တိုးတက်လာတယ်။ လည်ပတ်စရာ နေရာတွေက လည်း စိတ်ဝင်စားစရာကောင်း လာတဲ့အတွက် ပထမဆုံးလာ ရောက် လည်ပတ်တာဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။
အဆိုပါ အပျော်စီးသင်္ဘော တွင် ဂျပန်နိုင်ငံသား ၃၂၅ ဦးနှင့် ကိုရီးယား၊ ဗြိတိန်နိုင်ငံသားများအပါအဝင် ကမ္ဘာလှည့်ခရီးသည် ၃၂၉ ဦး လိုက်ပါလာပြီး ရန်ကုန်နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေများသို့ လေ့လာလည်ပတ်မည်ဖြစ်ကြောင်း ဦးဝင်းထွဋ်က ဆိုသည်။
========================
251 / End
၆ ဖေဖော်ဝါရီ ၂၀၁၈ - ၂၀:၂၉
News ID: 881010