အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းဘုရင်မင်းမြတ်က ပေးအပ်သည့် မြင့်မြတ်သော ဆင်ဖြူတော်ဝင်သူရဲကောင်း (Most Exalted Order of the White Elephant) ပထမအဆင့် ဂုဏ်ပြု ဘွဲ့တံဆိပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူခဲ့ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။
ထိုင်းဘုရင်အနေဖြင့် ယင်း ဂုဏ်ပြုဘွဲ့တံဆိပ်ကို Knight Grand Cross ရာထူးအဆောင် အယောင်နှင့်တကွ ၂၀၁၇ ဩဂုတ်၂၁ ရက်က တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား ဂုဏ်ပြုချီးမြှင့် ရာ ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ထိုင်းဘုရင်မင်းမြတ်၏ကိုယ်စား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan က ပေးအပ်ခဲ့သည်။
မြန်မာ့တပ်မတော်နှင့် ထိုင်း ဘုရင့်တပ်မတော် နှစ်ရပ်အကြား ကောင်းမွန်သော ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံရေးတည်ဆောက် ရာတွင် အကောင်းဆုံး ပူးပေါင်း ပါဝင်စွမ်းဆောင်နိုင်မှုများကို ချီး ကျူးဂုဏ်ပြုသောအားဖြင့် ရာမ (၁၀) ထိုင်းဘုရင်မင်းမြတ် Maha Vajiralongkorn က ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant ဘွဲ့တံဆိပ်ကို မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်များအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးရရှိ ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ထုတ်ပြန် သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ရာမ (၉) ထိုင်းဘုရင် မင်းမြတ် Bhumibol Adulyadej က ချီးမြှင့်သည့် The KnightGrand Cross (First Class) of the Most Noble Order of the Crown of Thailand ဘွဲ့တံဆိပ် ကိုလည်း ၂၀၁၃ က ရရှိကြောင်းထုတ်ပြန်သည်။
========================
251 / End
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းဘုရင်က မြင့်မြတ်သော ဆင်ဖြူတော်ဝင်သူရဲကောင်း ဂုဏ်ပြုဘွဲ့တံဆိပ်ချီးမြှင့်
၁၈ ဖေဖော်ဝါရီ ၂၀၁၈ - ၁၉:၀၉
News ID: 882479
ထိုင်းဘုရင်မင်းမြတ်က ပေးအပ်သည့် မြင့်မြတ်သော ဆင်ဖြူတော်ဝင်သူရဲကောင်း (Most Exalted Order of the White Elephant) ပထမအဆင့် ဂုဏ်ပြု ဘွဲ့တံဆိပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူခဲ့ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။