အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဦးကိုနီအား လုပ်ကြံသူများကို ထောက်ခံအားပေးသော လှုပ်ရှားမှုများတွင် တရားဥပဒေဘောင်ကျော်လွန်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြား သည်။
ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသည့် အမျိုးသားလွှတ် တော်အစည်းအဝေးတွင် မေးခွန်း လာရောက်ဖြေကြားအပြီး ပြန် လည်ထွက်ခွာလာသည့် ပြည်ထဲ ရေးဒုဝန်ကြီးအား ဦးကိုနီလုပ်ကြံ သူများကို ထောက်ခံအားပေးသူ များနှင့် ပတ်သက်၍ သတင်း ထောက်များက မေးမြန်းရာ အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ ပြဋ္ဌာန်းပြီး သားဥပဒေတွေထဲမှာ တိတိလင်း လင်း ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့်က တော့ အားလုံးမှာ Right ရှိပါ တယ်။ ဥပဒေအရ ခွင့်ပြုထားတဲ့ Right တွေ အားလုံးပေါ်မှာ တား မြစ်စရာအစီအစဉ် မရှိပါဘူး။ သို့ သော်လည်း ဥပဒေနဲ့မကိုက်ညီ တဲ့ကိစ္စတွေ၊ အများပြည်သူ အ နှောင့်အယှက်ဖြစ်တာတွေ၊ မူလလုပ်ငန်း တာဝန်တွေအပေါ်မှာ အဟန့်အတား ဖြစ်စေတယ်ဆို တာကိုတော့ ကျွန်တော်တို့က ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်အောင်စိုးကပြောသည်။
ဖေဖော်ဝါရီ ၁၀ ရက်က သာကေတမြို့နယ်၌ အမျိုးသား ရေးလှုပ်ရှားသူ မျိုးချစ်သွေးဓမ္မ ကွန်ရက်မှ တင်လင်းထိုက် နေအိမ်တွင် ၎င်း၏သား (၂)နှစ်ပြည့် မွေးနေ့အလှူ၌ ‘ထမင်းဝအောင်စားထား’ စာတန်းပါ အင်္ကျီဝတ် ဆင်ပြီး လေဆိပ်တွင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီ ကလေးချီ ထားစဉ် သေနတ်သမား ကြည် လင်းက နားထင်နောက်ကို သေနတ်ဖြင့်တေ့၍ လုပ်ကြံခဲ့သော ပုံစံအတိုင်း ပုံဖော်ထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဦးကိုနီကို လုပ်ကြံခဲ့သည့် မြင် ကွင်းအတိုင်း ပုံဖော်ခဲ့မှုကြောင့် ယင်းအလှူပြုလုပ်သော အိမ်ရှင် တင်လင်းထိုက်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ် ထားသည်။
ထို့အပြင် ‘မင်းတို့ ထမင်း ၀အောင်စားထား’ စာတန်းပါ အင်္ကျီဝတ်ဆင်၍ လူသတ်သမား ကြည်လင်းကို ထောက်ခံအားပေး ကြောင်း တရားရုံးထိလာရောက် ၀န်းရံခဲ့သူ အမျိုးသားရေးလှုပ်ရှား သူလေးဦးကိုလည်း ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဝရမ်းထုတ်ထား သော်လည်း ယနေ့အချိန်ထိ ဖမ်း ဆီးရမိခြင်း မရှိသေးပေ။
========================
251 / End
ဦးကိုနီလုပ်ကြံသူများကို ထောက်ခံသောလှုပ်ရှားမှု ဥပဒေဘောင် ကျော်လွန်ပါက အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီးပြော
၂၂ ဖေဖော်ဝါရီ ၂၀၁၈ - ၁၇:၂၆
News ID: 883064
ဦးကိုနီအား လုပ်ကြံသူများကို ထောက်ခံအားပေးသော လှုပ်ရှားမှုများတွင် တရားဥပဒေဘောင်ကျော်လွန်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြား သည်။