အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ၎င်း၏ နေအိမ်လုံခြုံ ရေးနှင့် ဝေယျာဝစ္စတို့ကို စောင့် ရှောက်သူ ကိုပု၏ နောက်ဆုံးခရီး သို့ လိုက်လံပို့ဆောင်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ သမ္မတရုံး ဒုဝန်ကြီးဦးမင်းသူ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်အများအပြားက ယမန်နေ့တွင် နေပြည်တော် ကွေ့ကြီးသုသာန်၌ ကိုပု၏ နောက်ဆုံးခရီးကို ပို့ဆောင်နှုတ်ဆက်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော လွမ်းသူ့ပန်းခြင်းတွင် ‘သား ကိုပုကောင်းရာသုဂတိလားပါစေ’ ဟု ရေးသားထားသည်ကို တွေ့ရသည်။ထို့အပြင် ဒေါ်အောင်ဆန်း
စုကြည်သည် ကျန်ရစ်ခဲ့သော ကိုပု ၏ ဇနီးကို နွေးထွေးစွာနှစ်သိမ့်ပေးရင်း နာရေးတွင် မိနစ် ၂၀ ခန့်ကြာ ရှိနေခဲ့သည်။
အသက် (၄၃)နှစ်အရွယ် ဦးထွန်းထွန်းဝင်း (ခေါ်) ကိုပုသည် ဖေဖော်ဝါရီ ၂၂ ရက်က ကွယ်လွန် ပြီး ၎င်း၏ ရက်လည်ဆွမ်းသွတ် ကို နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နေအိမ်၌ ပြုလုပ် ရန် စီစဉ်ထားသည်။ ကိုပု၏ ရက် လည်ဆွမ်းသွတ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် နံနက် ၇ နာရီမှ ၁၁ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် ပြီးနောက်ပိုင်း ကိုပုသည် ရန်ကုန် မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံ အမှတ် (၅၄)တွင် နေအိမ်လုံခြုံ ရေးနှင့် လိုအပ်သည့် အကူအညီ များ ဆောင်ရွက်ပေးခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
၂၀၁၂ တွင် ကျင်းပသော ကိုပု မင်္ဂလာဆောင်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သလို ကိုပုသား ခြောက်လပြည့်မွေးနေ့ ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နေအိမ်၌ မကြာမီက ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် မွေးနေ့ကိတ်ခွဲနေသည့် ဓာတ်ပုံများ၊ ကိုပု၏ သားကို ချီပွေ့နေ သည့် ဓာတ်ပုံများ လူမှုကွန်ရက် တွင် ပျံ့နှံ့ခဲ့သည်။
========================
251 / End
နေအိမ်လုံခြုံရေး ကိုပု၏ နောက်ဆုံးခရီးကို ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင်အချို့ လိုက်လံပို့ဆောင်
၂၅ ဖေဖော်ဝါရီ ၂၀၁၈ - ၁၉:၅၉
News ID: 883467
နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ၎င်း၏ နေအိမ်လုံခြုံ ရေးနှင့် ဝေယျာဝစ္စတို့ကို စောင့် ရှောက်သူ ကိုပု၏ နောက်ဆုံးခရီး သို့ လိုက်လံပို့ဆောင်ခဲ့သည်။