အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် Zero Line တွင် နေ ထိုင်သည့် ဘင်္ဂါလီများအရေးနှစ် နိုင်ငံခရိုင်အဆင့်အာဏာပိုင်များ ဆွေးနွေးပြီးနောက် ဘင်္ဂါလီများ သည် Zero Line မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပြောင်းရွှေ့သွား ကြောင်း မျက်မြင်တွေ့ရှိသူများ နှင့် ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။
Zero Lineတွင် နေထိုင် သော ဘင်္ဂါလီများအရေးနှစ်နိုင်ငံ ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၀ ရက်က မောင်တောဒေသတောင် ပြိုလက်ဝဲမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်း Zero Line ရှိ ဘင်္ဂါလီလူမျိုးထောင်ဂဏန်း သည် တစ်ဖက်နိုင်ငံသို့ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း ဒေသတွင်းသ တင်းရင်းမြစ်များက ဆိုသည်။
‘‘ကျွန်တော်တို့ မြင်တွေ့ရ တာကတော့ သူတို့နေတဲ့တဲတွေ ကို ဖျက်ပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ပြောင်းရွှေ့သွား လာနေတာ တွေ့ရတယ်။ နေ့ လယ်ပိုင်းထက် ညပိုင်းမှာများ တယ်။ သူတို့ဘက်ကလာတဲ့ သ တင်းတွေအရတော့ လူလေး ထောင်လောက်ပြောင်းသွားပြီလို့ သိရပါတယ်’’ ဟု တောင်ပြိုလက် ၀ဲမြို့မှ မျက်မြင်တစ်ဦးကပြော သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် Zero Line တွင် ဘင်္ဂါလီဦးရေ ၆၅၀၀ ကျော်နေထိုင်ပြီး ဖေ ဖော်ဝါရီ ၂၆ ရက်ထိ ယင်းနေရာ ၌ လူဦးရေနှစ်ထောင်ကျော်သာ ကျန်ရှိတော့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြော သည်။
Zero Line တွင် နေထိုင် သော တဲအိမ်များကို ဖြိုဖျက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြောင်းရွှေ့နေသည်ကို လှမ်းမြင်ရကြောင်း တောင်ပြိုလက်ဝဲမြို့တွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောသည်။
========================
251 / End
၂၇ ဖေဖော်ဝါရီ ၂၀၁၈ - ၁၉:၀၀
News ID: 883773