အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် ၊ မတ် ၇ ။ ။ ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းထားသည့် မြောက်ဦး ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့အား နာမည်ပြောင်းလဲပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု စုံစမ်း စစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က မဇ္ဈိမသို့ ပြောသည်။
"နာမည်ပြောင်းတဲ့ကိစ္စက ဒီလွှတ်တော်ပုံမှန်အစည်းအဝေးမှာ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။စုံစမ်းမှုတွေကတော့ ဒီလွှတ်တော် ပုံမှန်အစည်းအဝေးပြီးရင် ကျွန်တော်တို့ စတင်လုပ်ဆောင်သွားမှာပါ" ဟု ဦးထွန်းသာစိန်က ဆိုသည်။
မြောက်ဦးစုံစမ်းစစ်ဆေးရေးအဖွဲ့အား မည်သည့်အတွက်ကြောင့် နာမည်ပြောင်းလဲရန်စီစဉ်နေလဲ ဆိုသည့် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေဆိုရန် ဦးထွန်းသာစိန်က ငြင်းဆိုခဲ့ပြီး နာမည်ပြောင်းလဲပြီးသည့်အချိန်မှသာ ထုတ်ပြန်ပေးမည်ဟု ဖြေဆိုခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီ လ ၁၆ ရက်နေ့က မြောက်ဦး၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်တွင် ရဲတပ်ဖွဲ့မှ လူစုဖြိုခွဲရာတွင် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းကိစ္စအား စုံစမ်းစစ်ဆေးရန် ရခိုင်ပြည်နယ် လွှတ်တော်မှ မြောက်ဦး ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့သည်။
ယင်းသို့ ဖွဲ့စည်းပေးထားသည့် အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၇ ၊ ပုဒ်မခွဲ(က) ပါ ပြဋ္ဌာန်းချက်ဖြင့် မကိုက်ညီသည့်အတွက် အစိုးရမှ ကန့်ကွက်ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၇ ၌ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသည့် ဥပဒေပြုရေး ၊ တိုင်းရင်းသားလူမျိုးများအရေးကို လေ့လာတင်ပြနိုင်စေရေးအတွက် လိုအပ်သည့်အခါ ကော်မတီ နှင့် အဖွဲ့များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်" ဟု ပြဋ္ဌာန်းထားသည်။
ယင်းအပြင် အဆိုပါ မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ရခိုင်ပြည်နယ်ရှိ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် ခြင်း မပြုရန် အစိုးရမှ ညွှန်ကြားထားသည်။
========================
251 / End
၇ မတ် ၂၀၁၈ - ၁၇:၀၃
News ID: 884816
ရန်ကုန် ၊ မတ် ၇ ။ ။ ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းထားသည့် မြောက်ဦး ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့အား နာမည်ပြောင်းလဲပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု စုံစမ်း စစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က မဇ္ဈိမသို့ ပြောသည်။