အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံက အတည်ပြုခဲ့သည့် ရခိုင်ပြည်နယ်အရေး ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ရုရှားနိုင်ငံ စိန့်ပီတာစဘတ် မြို့၌ ယမန်နှစ်အောက်တိုဘာက ကျင်းပခဲ့သည့် နိုင်ငံတကာပါလီ မန်များအဖွဲ့ ညီလာခံတွင် အတည်ပြုခဲ့သည့် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)များအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများအဆုံးသတ်၍ မြန်မာနိုင်ငံအတွင်းရှိ မူလနေရာသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော်က ပြန်လည် ကန့်ကွက်ခြင်းဖြစ်သည်။
ညီလာခံတက်ရောက်ခဲ့ သည့် မြန်မာလွှတ်တော်ကိုယ်စား လှယ်အဖွဲ့က အဆိုပါ ပါလီမန်၏ ညီလာခံအတည်ပြုချက်ကို ပယ် ချခဲ့သည်။ ပြည်ထောင်စုလွှတ် တော်၌ ဆွေးနွေးသည့် လွှတ် တော်ကိုယ်စားလှယ် ၂၇ ဦးစလုံး က ယင်းဆုံးဖြတ်ချက်သည် တစ် ဖက်သတ်အမြင်ဖြင့် ရှုမြင်သုံးသပ်ချက်များဖြစ်၍ ကန့်ကွက်ကြောင်း ပြောသည်။
‘‘ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံ တကာပူးပေါင်းပြီး ကျွန်တော်တို့ နိုင်ငံလွှတ်တော်နဲ့ အစိုးရကို အကျပ်ရိုက်အောင် ဆောင်ရွက် တာဖြစ်ပါတယ်’’ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့် နိုင်က ပြောသည်။
ညီလာခံဆုံးဖြတ်ချက်တွင် အချက် ၂၃ ချက်ပါဝင်ပြီး ရခိုင် ပြည်နယ်၌ ဖြစ်ပွားခဲ့သော အခြေ အနေများကို မျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်းခြင်းဟု သုံး နှုန်းထားသည်။ ထို့အပြင် ရိုဟင် ဂျာ လူနည်းစုဟူ၍လည်း ဖော်ပြ ထားရာ ထိုသို့သုံးနှုန်းမှုများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲလွင်က ပြည် ထောင်စုလွှတ်တော်တွင် ပြော ကြားသည်။
နိုင်ငံတကာပါလီမန်များ ညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ညီလာခံဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ အခြေအနေမှန်ကို ရှင်းလင်းခဲ့ကြောင်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။
ညီလာခံဆုံးဖြတ်ချက်တွင် နေရပ်စွန့်ခွာလာသည့် ဘင်္ဂါလီ များအား ကူညီခဲ့သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ချီးကျူးထားသည်။ သို့သော် တပ်မတော်သား ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်မိုးအောင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အပြု သဘော ပူေးပါင်းဆောင်ရွက်မှု မရှိဟု ဝေဖန်သည်။
‘‘နိုင်ငံတော်အနေနဲ့ ပဋိပက္ခ ပြေလည်စေရေးအတွက် မည်သို့ ပင် အပြုသဘောဆောင် ပူး ပေါင်းဆောင်ရွက်စေကာမူ ဘင်္ဂ လားဒေ့ရှ် နိုင်ငံအနေဖြင့် နိုင်ငံ တကာ အကူအညီအကျိုးအမြတ် များကို မျှော်ကိုးပြီး တိမ်းရှောင် ဘင်္ဂါလီများကို ပြန်လည်စေလွှတ် လိုသည့် ဆန္ဒအမှန်တကယ်မရှိ ကြောင်း သုံးသပ်ရပါတယ်’’ဟု ၎င်းက ဝေဖန်သည်။
နိုင်ငံတကာ ပါလီမန်များ အဖွဲ့ကို ပြည်ထောင်စုအဆင့် ပါလီမန်များဖြင့် ဖွဲ့စည်းထားပြီး လက်ရှိတွင် အဖွဲ့ဝင် ၁၇၈ နိုင်ငံနှင့် မိတ်ဖက်အဖွဲ့ဝင် ၁၂ နိုင်ငံပါဝင်သည်။ နိုင်ငံတကာပါလီမန်အဖွဲ့ဆိုင်ရာ သဘောတူညီချက်များအရ ညီလာခံဆုံးဖြတ် ချက်များကို သက်ဆိုင်ရာနိုင်ငံ လွှတ်တော်နှင့် အစိုးရတို့ထံ အကြောင်းကြား၍ လုပ်ငန်းပြီး မြောက်မှုကို နိုင်ငံတကာပါလီမန် များညီလာခံ အထွေထွေအတွင်း ရေးမှူးချုပ်ရုံးသို့ ပြန်လည်တင်ပြ ရမည်ဟု ပါဝင်သည်။
နိုင်ငံတကာပါလီမန်များ အဖွဲ့၏ (၁၃၈)ကြိမ်မြောက် ညီ လာခံကို ယင်းအဖွဲ့ရုံးချုပ် အခြေ စိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့၌ ယခုလအတွင်း ထပ်မံ ကျင်းပမည်ဖြစ်ပြီး မြန်မာလွှတ် တော်ကိုယ်စားလှယ်အဖွဲ့ တက် ရောက်ရန် ရှိနေသည်။
========================
251 / End
၁၆ မတ် ၂၀၁၈ - ၁၆:၃၃
News ID: 885950
နိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံက အတည်ပြုခဲ့သည့် ရခိုင်ပြည်နယ်အရေး ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။