အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတ က ခန့်အပ်တာဝန်ပေးခဲ့သည့် ရခိုင်ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီးသစ် ဦးဝင်းမြင့်သည် မတ်လ ၁၉ ရက်တွင် ကျင်းပ သည့် ပြည်နယ်လွှတ်တော်အ စည်းအဝေး၌ ကျမ်းသစ္စာကျိန် ဆိုခဲ့သည်။
တောင်ကုတ်မဲဆန္ဒနယ် အ မှတ်(၁)မှ ဒီချုပ်အမတ် ဦးဝင်းမြင့် ကို ရခိုင်စည်ပင်ဝန်ကြီးအဖြစ် မတ်လ ၁၅ ရက်တွင်နိုင်ငံတော် သမ္မတက ခန့်အပ်တာဝန်ပေး အပ်ခဲ့သည်။
ရခိုင်စည်ပင်သာယာရေးဝန် ကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့သည့် ဦးဝင်းမြင့်က ၀န်ကြီးတစ် ဦး၏ တာဝန်ဝတ္တရားများကို ကျေ ပွန်စွာထမ်းဆောင်ပြီး မြို့ရွာသန့် ရှင်းသာယာလှပရေးကို အဓိက ဦးစားပေး ဆောင်ရွက်မည်ဟု ပြောသည်။
‘‘၀န်ကြီးတစ်ပါးရဲ့ တာဝန် ၀တ္တရားကို ကျေပွန်စွာထမ်း ဆောင်သွားပါမယ်။ ကျွန်တော် တို့ရခိုင်ပြည်နယ်ဟာ ဆင်းရဲတဲ့ အခါကျတော့ သန့်ရှင်းသာယာလှပမှုက အားနည်းနေတယ်။ ဒါကြောင့်မို့ သန့်ရှင်း သာယာလှ ပတဲ့ မြို့ရွာတွေဖြစ်အောင်တော့ အစွမ်းကုန် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်’’ ဟု ဦးဝင်မြင့်က ပြောသည်။
အသက် (၄၅)နှစ် အရွယ် ဦးဝင်းမြင့်သည် တောင်ကုတ်မြို့ နယ်မအီမြို့တွင် နေထိုင်ပြီး အစိုးရ အလုပ်များ လုပ်ကိုင် ခြင်းမရှိဘဲ ပြင်ပတွင် အလွတ် ပညာသင်ကြားသည့် ဆရာတစ် ဦးအဖြစ် ရပ်တည်နေသူဖြစ်ကာ ဒီချုပ်ပါတီဝင်တစ်ဦးအဖြစ် ပါ တီတာဝန်များ ထမ်းဆောင်နေ သူဖြစ်သည်။
========================
251 / End
၂၀ မတ် ၂၀၁၈ - ၁၇:၄၂
News ID: 886382
နိုင်ငံတော်သမ္မတ က ခန့်အပ်တာဝန်ပေးခဲ့သည့် ရခိုင်ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီးသစ် ဦးဝင်းမြင့်သည် မတ်လ ၁၉ ရက်တွင် ကျင်းပ သည့် ပြည်နယ်လွှတ်တော်အ စည်းအဝေး၌ ကျမ်းသစ္စာကျိန် ဆိုခဲ့သည်။