အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်ရှိ ဆေးရုံများအနက် ဆေးရုံ ၁၈ ရုံကို စီမံအုပ်ချုပ်ရေးအကောင်းဆုံး ဆေးရုံဆု၊ အကောင်းဆုံးစံပြဆေးရုံဆု နှင့် အကောင်းဆုံးလူနာစိတ်ကျေ နပ်မှု ဆေးရုံဆုများအဖြစ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရက ရွေးချယ်ဂုဏ်ပြုခဲ့ သည်။
ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကာ ပထမအကြိမ် ပြုလုပ်သည့် ယင်းအစီအစဉ်တွင် ရှမ်းပြည်နယ် ၅၂ မြို့နယ်အနက် မြို့နယ်အဆင့် ဆေးရုံကိုးခု၊ တိုက် နယ်အဆင့်ဆေးရုံကိုးခုကို ကျန်းမာရေးဝန်ကြီးဒေါက်တာမြင့်ထွေး ပါဝင်သော ဆုရွေးချယ်ရေးအဖွဲ့ က တောင်ကြီးမြို့ မြို့တော်ခန်းမ တွင် မတ်လ ၂၁ ရက်က ရွေးချယ်ခဲ့သည်။
စီမံအုပ်ချုပ်မှုအကောင်းဆုံး ဆေးရုံဆုကို ရှမ်းပြည်နယ်တောင် ပိုင်းမှ ပင်းတယမြို့နယ်ဆေးရုံ၊ ကျိုင်းတောင်းတိုက်နယ်ဆေးရုံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကွမ်း လုံမြို့နယ်ဆေးရုံ၊ နမ့်စလပ်တိုက် နယ်ဆေးရုံ၊ ရှမ်းပြည်နယ်အရှေ့ ပိုင်းမှ မိုင်းခတ်မြို့နယ်ဆေးရုံ၊ တာလေတိုက်နယ်ဆေးရုံတို့က ရရှိခဲ့သည်။
အကောင်းဆုံး စံပြဆေးရုံ ဆုကို ရှမ်းပြည်နယ်တောင်ပိုင်း မှ ဖယ်ခုံမြို့နယ်ဆေးရုံ၊ တီကျစ် တိုက်နယ်ဆေးရုံ၊ ရှမ်းပြည် နယ်မြောက်ပိုင်းမှ ကွတ်ခိုင်မြို့ နယ်ဆေးရုံ၊ တာမိုးညဲတိုက်နယ် ဆေးရုံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မိုင်းတုံမြို့နယ်ဆေးရုံ၊ မိုင်းယုတိုက်နယ်ဆေးရုံတို့ ရရှိခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ်ဆေးရုံ၊ အောင်ပန်းတိုက်နယ်ဆေးရုံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိုးမိတ်မြို့နယ်ဆေးရုံ၊ နမ့်လန်တိုက်နယ်ဆေးရုံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မိုင်းဖြတ်မြို့နယ်ဆေးရုံ၊ ပုံပါကျင်တိုက်နယ်ဆေးရုံတို့သည် အကောင်းဆုံး လူနာစိတ်ကျေနပ်မှု ဆေးရုံဆုများရရှိခဲ့သည်။
လူမှုအကျိုးပြုလုပ်ငန်း ပြုလုပ်နေပြီး ပရဟိတသူရဲကောင်း အဖြစ် လူသိများသည့် ဒေါက်တာသန်းမင်းထွဋ် ဦးဆောင်သော ပင်းတယမြို့နယ်ဆေးရုံသည် စီမံ အုပ်ချုပ်မှုအကောင်းဆုံးဆေးရုံ ဆု ရရှိခဲ့သည်။ ဒေါက်တာသန်းမင်းထွဋ်သည် ၂၀၁၃ တွင် 7Day News Journal က ရွေးချယ်ပေးအပ်သည့် 7Day Hero ဆု၊ ၂၀၁၄ တွင် ပင်းတယမြို့ဒေသခံ များက ပေးသော နှလုံးလှမီးအိမ်ရှင်ဆု၊ ၂၀၁၅ တွင် ပြည်နယ်အဆင့် လူမှုထူးချွန်ဆု၊ ၂၀၁၆ တွင် ပြည်နယ်အဆင့် ကျန်းမာရေးထူးချွန်ဆု (ဒုတိယအဆင့်) နှင့် ပြည်သူ့ဂုဏ်ရည်ဆု၊ ၂၀၁၇ တွင် ပြည်နယ်အဆင့် ကျန်းမာရေးထူးချွန်ဆု (ပထမအဆင့်)တို့ကို ရရှိခဲ့သည်။ ပင်းတယမြို့သို့ စတင်ရောက်ရှိသည့် ၂၀၁၁ မှ ၂၀၁၈ အထိ ဌာနပြောင်းရွှေ့ရန် ကျန်းမာရေးဝန်ကြီးဌာနက သုံးကြိမ် ညွှန်ကြားခဲ့သော်လည်း မြို့ တွင်သာ ဆက်လက် တာဝန်ပေး အပ်ရန် ပင်းတယမြို့ခံများက လက်မှတ်ထိုးတောင်းဆိုခြင်းခံရ သူဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှ ကွမ်းလုံမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသိမ်း မြို့သည် 7Day News Journal က ပေးအပ်သည့် 7Day Hero ဆုကို ၂၀၁၅ အတွက် ရရှိခဲ့သည်။
========================
251 / End
၂၃ မတ် ၂၀၁၈ - ၁၇:၃၃
News ID: 886707
ရှမ်းပြည်နယ်ရှိ ဆေးရုံများအနက် ဆေးရုံ ၁၈ ရုံကို စီမံအုပ်ချုပ်ရေးအကောင်းဆုံး ဆေးရုံဆု၊ အကောင်းဆုံးစံပြဆေးရုံဆု နှင့် အကောင်းဆုံးလူနာစိတ်ကျေ နပ်မှု ဆေးရုံဆုများအဖြစ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရက ရွေးချယ်ဂုဏ်ပြုခဲ့ သည်။