အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်သက် တမ်း ၂နှစ်ကျော်အတွင်း၌ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၁ ဦးက ကြယ်ပွင့်ပြမေးခွန်း၄၀၀ကျော် မေးမြန်းခဲ့ကြောင်း ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ပြောသည်။
ဒုတိယအကြိမ်ရှမ်းပြည်နယ် လွှတ်တော် န၀မပုံမှန်အစည်းအ ဝေး ပထမနေ့ဖြစ်သည့် မတ်လ ၂၆ရက်တွင် ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းပြော ကြားရာ၌ ယင်းသို့ပြောကြားခဲ့ သည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းက ပြည်နယ်လွှတ်တော်အတွင်း ကြယ်ပွင့်ပြမေးခွန်း ၅၇ ခုအထိမေးမြန်းသည့် မှတ်တမ်းများရှိကြောင်း ဦးစိုင်းလုံးဆိုင်က ပြောသည်။
‘‘ကိုယ်စားလှယ် တစ်ဦး တည်းက အခုလိုကြယ်ပွင့်ပြမေး ခွန်းတွေ လွှတ်တော်ကျင်းပစဉ် တိုင်းမေးမြန်းခဲ့တာမျိုးရှိသလို ယ နေ့အချိန်ထိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်း မရှိသေးတဲ့ကိုယ် စားလှယ်တွေလည်း ရှိနေပါ တယ်’’ ဟု ဦးစိုင်းလုံးဆိုင် ကဆို သည်။ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဥပဒေပြုရေး ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို ၀င် ရောက်စွက်ဖက်မှုမျိုး မဖြစ်စေ ရန် အလေးထား ဆောင်ရွက် ရမည်ဖြစ်ကြောင်း ဦးစိုင်းလုံးဆိုင် ကပြောသည်။
ဒုတိယ အကြိမ်ရှမ်းပြည်နယ် လွှတ်တော် န၀မ ပုံမှန်အစည်းအဝေးကို တောင်ကြီးမြို့ သစ် တောရပ်ကွက်ရှိ ကျပ် ငါးဘီလီယံ ခန့် အကုန်ကျခံ တည်ဆောက် ထားသည့် ရှမ်းပြည်နယ် လွှတ် တော်ရုံးသစ် အစည်းအဝေးခန်း မတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပနေသည်။
ဒုတိယအကြိမ် ရှမ်းပြည် နယ် လွှတ်တော်န၀မပုံမှန်အစည်း အဝေး ပထမနေ့တွင် အစည်း အဝေး တက်ရောက်ခွင့်ရှိသည့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ၁၄၃ ဦးရှိသည့်အနက် ၁၂၆ဦး တက်ရောက်ပြီး ၁၇ဦး က ခွင့်တိုင်ကြားခဲ့သည်။
ဒုတိယအကြိမ်ရှမ်းပြည်နယ် လွှတ်တော် န၀မပုံမှန် အစည်း အဝေး ပထမနေ့တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၄ဦး က ကြယ်ပွင့်ပြမေးခွန်း ၁၅ခုမေး မြန်းခဲ့သည်။
========================
251 / End
၂၇ မတ် ၂၀၁၈ - ၁၆:၂၆
News ID: 887154
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်သက် တမ်း ၂နှစ်ကျော်အတွင်း၌ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၁ ဦးက ကြယ်ပွင့်ပြမေးခွန်း၄၀၀ကျော် မေးမြန်းခဲ့ကြောင်း ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ပြောသည်။