၂၈ မတ် ၂၀၁၈ - ၁၆:၂၇
မြန်မာ့အရေးနှင့်ပတ်သက်သော ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်က မြန်မာဘက်မှ ရပ်တည်မဲပေး

မြန်မာနိုင်ငံ၌ လူ့အခွင့် အရေးအခြေအနေများနှင့်စပ် လျဉ်း၍ ကုလသမဂ္ဂဆုံးဖြတ်ချက် တစ်ခုကို ဖိလစ်ပိုင်အစိုးရက ပယ် ချခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ရပ် တည်ကာ မဲပေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံ၌ လူ့အခွင့် အရေးအခြေအနေများနှင့်စပ် လျဉ်း၍ ကုလသမဂ္ဂဆုံးဖြတ်ချက် တစ်ခုကို ဖိလစ်ပိုင်အစိုးရက ပယ် ချခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ရပ် တည်ကာ မဲပေးခဲ့သည်။

မြန်မာနိုင်ငံ၌ လူ့အခွင့်အ ရေး အခြေအနေများနှင့်ပတ်သက် ၍ အထူးအစီရင်ခံစာတင်သွင်း သူ၏ လုပ်ပိုင်ခွင့် တစ်နှစ်တိုးပေး သည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်သည် ပြီးခဲ့သော သီတင်းပတ်က ဘူရွန်ဒီ၊ တရုတ်၊ ကျူးဘား၊ ဗင်နီဇွဲလားနိုင်ငံတို့နှင့်အတူ  ပယ်ချ ခဲ့သည်။

မြန်မာနိုင်ငံ၌ အပြုသဘော ဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများ အပါအဝင် ရခိုင်ပြည်နယ်အ တွင်း ရှုပ်ထွေးသော အတွင်းရေး ကိစ္စ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ၎င်းတို့အနေဖြင့် အသိအမှတ်ပြု ထောက်ခံကြောင်း ဖိလစ်ပိုင်က ပြောကြားသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ပြည်တွင်းစုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်များက အမှီအခိုကင်း မည်မဟုတ်ဘဲ ယုံကြည်အားကိုး စရာရှိမည်မဟုတ်ဟုဆိုသော လွဲ မှားသောအမြင်ကို ဆုပ်ကိုင်ထား ခြင်းကြောင့် နိုင်ငံတကာအချက် အလက်ရှာဖွေစုဆောင်းရေး မစ် ရှင်ကို မထောက်ခံကြောင်း ဖိလစ်ပိုင်အစိုးရက ပြောသည်။

သို့သော် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအ ညီများ ဖြည့်တင်းရေး ဖိလစ်ပိုင် က ထောက်ခံကြောင်း ပြသခဲ့ပြီးမြန်မာနှင့် ၎င်း၏ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နောက်ထပ်အကူအညီပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ သည်။

ယင်းကဲ့သို့ ရပ်တည်ပေးမှု နှင့်ပတ်သက်၍ ဖိလစ်ပိုင်သမ္မတ ဒူတာတီအပေါ် ဝေဖန်သူများက မတ်လ ၂၆ ရက်တွင် ရှုတ် ချခဲ့သည်။

ဘင်္ဂါလီအရေးနှင့်ပတ်သက် ၍ ဖိလစ်ပိုင်အစိုးရသည် ရေရှည် မမြင်ဘဲ ရေတိုအမြင်သာရှိ ကြောင်း ဖိလစ်ပိုင်အောက်လွှတ် တော်အမတ် တွန်ဗီလာရင်က ပြောကြားပြီး ယင်းအရေးသည် ဒေသတွင်း ကိစ္စဖြစ်၍ ဒေသတွင်း တုံ့ပြန်မှုကို တောင်းဆိုခဲ့သည်။

‘‘ပြည်တွင်းစုံစမ်းစစ်ဆေး ရေးလုပ်ငန်းစဉ်တွေက အမှီအခို ကင်းတဲ့ အချက်အလက်ရှာဖွေ စုဆောင်းရေး မစ်ရှင်လိုပဲ အကျိုး သင့်အကြောင်းသင့် ဖြစ်ချင်တယ် ဆိုတာ ရှင်းရှင်းလင်းလင်းတွေ့ရ ပါတယ်’’ဟု ဗီလာရင်က ပြော သည်။

ဖိလစ်ပိုင်အနေဖြင့် ၂၀၁၇ က အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့စဉ် ခေတ် နောက်ကျမှုနှင့် ပြည်တွင်းရေး မစွက်ဖက်ရေး မူဝါဒကို မြဲမြံစွာ ကိုင်စွဲခြင်းဖြင့် ၎င်း၏ အခန်း ကဏ္ဍကို တာဝန်ယူရန် ပျက်ကွက်ခဲ့ကြောင်း ဗီလာရင်က ပြော သည်။

ယင်းဆုံးဖြတ်ချက်ကို ပယ် ချခြင်းက ဖိလစ်ပိုင်အနေဖြင့် အ ခြေအနေအစစ်အမှန်အပေါ် ကျိုး ကြောင်းမဆီလျော်သောအမြင်ရှိ သည်ကို ပြသခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးများ တိုးတက်မှု ဆိုင်ရာ မဟာမိတ်၏ အတွင်းရေး မှူးချုပ် ခရစ္စတီးနားပါလာဘေး က ပြောကြားခဲ့သည်။

========================
251 / End